မေး(၁)။ ။ ကျွန်နော် တစ်ခုလောက်မေးချင်လို့ပါ။ HIV ပိုးရှိမရှိကို ဆေးခန်းတွေမှာ သွားပြီး စစ်ဆေးနိုင်ပါသလား။ အဖြေကကော အမှန်ဖြစ်နိုင်ပါသလား။ တကယ်လို့ HIV ကူးစက်ခံနေရပြီဆိုလည်း ပုံမှန်အတိုင်းနေထိုင်သွားဖို့ ဘယ်ဆေးတွေကို သောက်သုံး သင့်ပါသလဲ။ အဲလိုမျိုး ဆေးတွေရောရှိပါသလား ။ ရှိတယ်ဆိုလည်း အဲမျိုး ဆေးတွေကို သောက်သုံးနေရင် ဘယ်နှစ်နှစ်ထိ အများဆုံး အသက်ရှင်နိုင်ပါမလဲ။ ပုံမှန် လူတစ်ယောက်လိုပဲ အလုပ်လုပ်နိုင်ပါ့မလား သိချင်လို့ပါ။
ဖြေ။ ။ HIV ပိုးရှိ/မရှိကို ဆေးခန်းကြီးတွေမှာ စစ်လို့ရပါတယ်။ အဖြေမှန်လည်း ရပါတယ်။ ကူးစက်ခံနေရပြီဆိုရင် ပြုမူရမယ့် အချက်တွေ ၃ ခုရှိပါတယ်။
၁) အနေအထိုင် အစားအသောက် ဆင်ခြင်ခြင်း
၂) ပြင်ပမှ ၀င်လာသောရောဂါများကို ကုသခြင်း
၃) ART ဆေးသောက်ခြင်း တို့ဖြစ်ပါတယ်။
လူနာရဲ့ ခုခံအားပေါ်မူတည်ပြီး ART ဆေးက သောက်ရပါတယ်။ ပိုးရှိတိုင်းသောက်စရာမလိုပါဘူး။
အသက် ဘယ်လောက်ရှည်သလဲဆိုတာက လူနာရဲ့ ခုခံအားပေါ်မူတည်ပါတယ်။ တစ်ချို့ဆို အသက် ၃၀ ကျော် နေနိုင်တာတွေ့ရတယ်။ ပိုးရှိလည်း ပုံမှန်လူတစ်ယောက်လိုပဲ အလုပ်လုပ်နိုင်ပါတယ်။ လက်တွေ့မှာ
အလုပ်လုပ်နိုင်သူတွေ အများကြီးရှိပါတယ်။
မေး(၂)။ ။ ကျွန်တော် လိင်တူဆက်ဆံဘူးပါတယ်။ ကွန်ဒုံးမသုံးခဲ့တဲ့ အကြိမ်လည်း ရှိခဲ့တယ်။ အဲ့ဒါလေ လွန်ခဲ့တဲ့ တစ်လလောက် ကျွန်တော်ဆီးသွားရင် ဆီးလမ်းကြောင်းက အရမ်းနာပါတယ်ပြီးတော့ ဆီးလမ်းကြောင်းကနေပြီးတော့လည်း ပြည်လိုလို သုတ်လိုလိုတွေကြပါတယ်။ ဒါပေမယ့် ကျွန်တော်က ဆီးကျောက်တည် တယ်ထင်ပြီး ဆေးသောက်ခဲ့ပါတယ်။ အဲ့ဒါလေ တစ်ပတ်လောက်ကြာတော့ ဆီးသွားလည်းမနာတော့ဘူး။ ပြည်လိုလိုဟာတွေလည်းမကြတော့ဘူး ကျွန်တော်ဆရာဝန်တော့ မပြခဲ့မိဘူး။ ခုတော့တစ်ခါတလေ မနက်ပိုင်းဆီးသွားရင် ဆီးက ဝါနေပါတယ်။ ကျန်တာတော့ ဘာမှမဖြစ်တော့ဘူး။
ဖြေ။ ။ ပြောပြပုံအရ ကာသလားရောဂါဖြစ်နိုင်ပါတယ် ကလိုက်မီးယား သို့မဟုတ် ဂနိုဖြစ်ဖို့များတယ်။ ကာလသားရောရဂါ ရှိ/မရှိကို သွေးစစ်စေချင်ပါတယ်၊ ဂနိုက ဖြစ်ပြီးရင် ငုံ့သွားတယ်၊ ပြန်ဖြစ်နိုင်တယ်။ တကယ်တမ်းဆေးကုရင် ၁ ပတ်နဲ့ပျောက်ပါတယ်။
မေး(၃)။ ။ ဆက်ဆံပြီး ၅ လ အကြာမှာစစ်ရင်ရော မှန်နိုင်ပါသလား။ အခု ခြေထောက်မှာ ယားနာဖုလေးတွေပေါက်လာလို့ပါ အရည်ကြည်ဖူးခေးတွေပါ။ တော်တော်လည်းယားပါတယ်။ HIV လက္ခဏာများလားလို့ စိုးရိမ်မိပါတယ်။ဆက်ဆံတုန်းက ကွမ်ဒုံးပေါက်သွားခဲ့တာကို မသိပဲ ဆက်ဆံမိခဲ့ပါတယ်။ သွေးအဖြေကတော့ Non-Reactive ပြပါတယ်။ ဒါပေမယ့် ၅ လမှာစစ်တဲ့ အတွက်မသေချာမှာ စိုးရိမ်မိပါတယ်။ စစ်တာကတော့ သွေးသလိပ်သီးသန့် စစ်တဲ့ အပြင်ဓါတ်ခွဲခန်းမှာပါ။ ကျေးဇူးပြုပြီးဖြေကြားပေးပါ။ စိတ်ဖိစီးမှုလည်း အရမ်းများနေပါတယ်။
ဖြေ။ ။ ၅ လအကြာမှာ စစ်ရင် HIV ပိုးအတွက် အဖြေမှန်ရနိုင်ပါတယ်။ ခြေထောက်က အဖုတွေက HIV နဲ့ သိပ်မဆိုင်ပါဘူး။ သာမန် အရေပြားရောဂါ လည်း ဖြစ်နိုင်ပါတယ်။ ပထမ တစ်ခါ Non-reactive လို့ အဖြေထွက်ထားတဲ့ အတွက် စိတ်မပူပါနဲ့ များသောအားဖြင့် ကာလသားကို သွေးစစ်ဖို့ မေ့တတ်တဲ့ အတွက် HIV သွေးစစ်ရင် တွဲပြီး စစ်ပါ။
လမင်းကို




