26
Nov

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၅)

မေး။    ။ ကျွန်တော် သိချင်တာတွေ များနေလို့ပါ။ HIV/ AIDS နဲ့ ပတ်သက်လို့ သိချင်လို့ပါ။ HIV/ AIDS ရောဂါကို စစ်ဆေးရင် ဘယ်လို သိနိုင်ပါသလဲ။ တချို့ ဓါတ်ခွဲခန်းတွေမှာ စစ်ရင်ရော အဖြေက တိတိကျကျ သိရပါ့မလား။ ကျွန်တော်တို့ မြို့မှာက အပြင် ဓါတ်ခွဲခန်းတွေပဲ ရှိနေလို့ပါ။ ဘယ်လိုစစ်ရင် တိတိကျကျ သိနိုင်ပါသလဲ။ ကျွန်တော်က ရောဂါဖြစ်ခဲ့တဲ့ သူငယ်ချင်းနဲ့ အတူ တခန်းတည်း နေခဲ့မိလို့ စိုးရိမ်နေလို့ပါ။ အတူနေတိုင်းလဲ မကူးနိုင်ဘူးဆိုပေမယ့် ကိုယ့်ကိုကိုယ် မင်္သကာဖြစ်နေလို့ ကျွန်တော် သွေးစစ်ကြည့်ပါတယ်။

ပထမ စစ်တော့ Negative ပါ။ နောက် ၃ လကြာတော့ ပြန်စစ်ကြည့်တယ် Negative ပါပဲ။ ခြောက်လကြာတော့ ပြန်စစ်ပါတယ် အဲဒါလည်း Negative ပါပဲ။ ဒါပေမယ့် ရောဂါဝင်ပေမယ့် မပြတာလား။ သူ့ လက္ခဏာ က ခြေသည်း လက်သည်းတွေ အရောင်ပြောင်း တတ်တယ်ဆိုလို့ပါ။ အခု ကျွန်တော် ခြေသည်း  လက်သည်းက အရင် ပန်းရောင် သန်းနေရာကနေ နည်းနည်း အရောင်ဖျော့နေတယ်လို့ ထင်နေလို့ပါ။ ပြီးတော့ အစင်းလေးတွေလည်း ဖြစ်နေလို့ပါ။ ဖြစ်နိုင်ရင် တဆင့်ပြီးတဆင့် ဘယ်လို ဝေဒနာတွေ ဖြစ်တယ်ဆိုတာလေးကို အသေးစိပ် (ပုံနှင့်တကွ (ဖြစ်နိုင်ရင်)) ဖြေကြားစေလိုပါတယ်။

ဖြေ။    ။ မိတ်ဆွေရဲ့ မေးခွန်းတွေကို တစ်ပိုင်းချင်းဖြေပါ့မယ်။

HIV ပိုးကို ဘယ်လိုစစ်သလဲ?

HIV ပိုး ကူးစက်စေတဲ့ အပြုအမူတွေ ပြုလုပ်ပြီး ၃ လမှ ၆ လအတွင်း စစ်ဆေးလို့ရပါတယ်။ (အနောက်နိုင်ငံတွေမှာတော့ ၁ လအတွင်း စစ်နိုင်တဲ့ နည်းတွေရှိပါတယ်)။ HIV ပိုးကို စစ်ဆေးတာ ပုံစံ ၂ မျိုးရှိပါတယ်။

တစ်မျိုးက အမြန်စစ်တဲ့ ကိရိယာ (rapid test) နဲ့ စစ်ဆေးခြင်း၊ ဒါက နာရီဝက်အတွင်းမှာ ပိုးရှိ/မရှိကို အဖြေပေးနိုင်ပါတယ်။ ၉၄-၉၉ ၇ာခိုင်နှုန်း စိတ်ချရပါတယ်။ ဒီ စစ်ဆေးခြင်းက နယ်တွေမှာလည်း လုပ်လို့ရပါတယ်။ ဒီမှာ စစ်လို့ Positive/Reactive ဆိုတဲ့ အဖြေရမှ (ဒီအခြေအနေအထိ စစ်တဲ့ လူမှာ ပိုးရှိ/မရှိကို မပြောနိုင်သေးပါဘူး။ ဒါကြောင့်) သေချာအောင် အခြား စစ်ဆေးခြင်းတစ်မျိုး (ELISA/Westernblock) နဲ့ ထပ်စစ်ရပါတယ်။ ဒီလို ELISA နဲ့စစ်လို့ Positive/Reactive လို့ အဖြေထွက်မှာ အဲဒီလူမှာ HIV ပိုးရှိတယ်လို့ ပြောလို့ရပါတယ်။ အခု မိတ်ဆွေက သွေးစစ်တာ ၃ ခါတောင်ရှိပြီဆိုတော့ HIV ပိုးမရှိဘူးလို့ စိတ်ချလက်ချ ပြောနိုင်ပါတယ်။

HIV ပိုးရှိတဲ့ သူနဲ့ တစ်ခန်းတည်း အတူနေထိုင်ရင် ကူးသလား?

အဖြေက သာမန် အတူတူနေထိုင်ရုံနဲ့ HIV ပိုး မကူးပါဘူး။ သို့သော် ရောဂါသည်ရဲ့ သွေး၊ ပြည်၊ သားငံရည် စတာတွေနဲ့ မိမိလက်မှာ ပွန်းပဲ့ဒဏ်ရာရှိလို့ သွားပြီးထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။ ဒါကလည်း အလွန်ရှားပါတယ်။

HIV ပိုးရှိတဲ့လူရဲ့ လက်သည်း ခြေသည်းတွေ အရောင်ပြောင်းသလား?

ခြေသည်း လက်သည်းတွေ အရောင်ပြောင်းလို့ HIV ပိုးရှိတဲ့သူလို့ ပြောလို့ မရပါဘူး။ ခြေသည်းလက်သည်း အရောင်ပြောင်းတာက သာမန် အရေပြားရောဂါပါ။ မှိုစွဲတာ၊ အာဟာရချို့တဲ့တာ၊ သွေးအားနည်းရောဂါတွေ ရှိရင်လည်း ဖြစ်တတ်ပါတယ်။ ဒီအတွက်တော့ နီးစပ်ရာ ဆရာဝန် သို့မဟုတ် အရေပြား ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top