မေး။ ။ နားနဲ့မနာ ဖ၀ါးနဲ့ နာပါခင်ဗျာ။ ကျွန်တော်ရဲ့ လိင်တံထိပ်ဖူး Glan လို့ခေါ်မယ် ထင်ပါတယ်။ အဲဒီနေရာမှာ အသားဖြူတဲ့ လူကို ခြင်ကိုက်ရင် ဖြစ်တတ်တဲ့ အနီစက်လို အစက် ၃၊ ၄၊ ၅ စက်လောက် ဖြစ်နေပါတယ်။ အနီစက်လေးတွေက အရမ်းလည်း မဖောင်းပါဘူး။ မှဲ့လိုပါပဲ ဆရာ။ အဲတာက ယားလည်း မယားပါဘူး။ ပြည်လည်း မရှိပါဘူး။ နာလည်း မနာပါဘူး။
အဲအနီစက်လေးတွေက ဆေးလိမ်းလိုက်ရင် တစ်ရက် ၂ ရက်ဆို ပြန်ပျောက်သွားပါတယ်။ ဆေးနာမည်က MetronidazoleCream ပါ။ ဘယ်လိုကြောင့် ဖြစ်ရတယ်ဆိုတာ တော့မသိပါဘူး။ ဒါပေမဲ့ ယခုလို အခြေအနေ ကျရင် အနီစက်တွေ ဖြစ်လာတတ်ပါတယ်။
နားနဲ့မနာ ဖ၀ါးနဲ့ နာပါ။ ကျွန်တော် တစ်ခုခုကြောင့် စိတ်ပါလာပြီး လိင်တံထောင်မတ်လာရင် အရည်ကြည်လေးတွေက အစပျိုးပြီး ထွက်လာပါတယ်။ အဲဒီလို အချိန်မှာ မည်သည့် အာသာဖြေမှုမှ မလုပ်ဘဲ ဒီတိုင်း လိင်တံကို မသန့်စင်ဘဲ ထားလိုက်ရင် ၅ နာရီ ၆ နာရီလောက်ကြာရင် အနီစက်လေးတွေ တွေ့ရတာပါပဲ။ တိုက်ဆိုင်တာလားတော့ မသိပါဘူး။ အဲလို လိင်တံထောင်မတ်ပြီးတိုင်း အနီစက်လေးတွေ ပေါ်ပေါ် လာတာကတော့ အချိန်ကိုက်ပါပဲ။ ကြာတော့ စိတ်ပါပြီး လိင်အင်္ဂါထောင်မတ်လာမှာတောင် ကြောက်မိပါတယ်။
ဒါက STD လားဆရာ။ ကာလသားရောဂါတွေ ဘာတွေဖြစ်မှာကြောက်လို့ပါ။ ကျွန်တော် နေ့စဉ် အသုံးပြုနေရတဲ့ အိမ်သာက လည်းအများသုံး ဘိုထိုင် အိမ်သာပါ။ အဲတာကို အသုံးပြုလို့ပဲ ကူးစက်ရောဂါ ဖြစ်တာပဲ လားတော့ သေချာမသိပါဘူး။ ဆေးလည်း စစ်ပါတယ်။ ဆေးစစ်တယ်ဆိုတာက HIV ရယ်ဘီပိုး စီပိုး ရယ်ပါ။ ၃ လခြားတစ်ခါ စစ်တာ ၃ ခါ တိတိ စစ်ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံး တစ်ခါစစ်တာက အဲလို အနီစက်လေးတွေ ပေါ်လာတော့ သွားစစ်လိုက်တာပါ။ HIV ရယ်ဘီပိုး စီပိုး ရယ်ပဲစစ်မိတာပါ။ တခြား ကာလသားရောဂါတော့ မစစ်ဖူးပါဘူး။ မကောင်းတဲ့ မိန်းမတွေနဲ့လည်း ညမအိပ်ပါဘူး။
အဲဒီ အနီစက်လေးတွေက ဘာဖြစ်တာလဲ။ ဘယ်လိုဆက်လုပ်သင့်လဲ ဆိုတာ အမြန်ဖြေပေးပါနော်။ ဆရာဝန်ဆီ သွားသင့်ပြီး ဆေးတွေ ဘာတွေသောက်ရမှာလား။ ဒီလိုဖြစ်နေတာ ၄ လ နီးပါးလောက်ရှိပါပြီ။ ၃ လ အတွင်းမှာ အနီစက်လေးတွေပေါ်တာ ၈ ခါလောက် ရှိပါတယ်။ ဒီလိုဘဲ ဆေးလိမ်းရင် ပြန်ပျောက်သွားပါတယ်။ မကြာခင် မိန်းမယူတော့မှာမို့ပါ။
ဖြေ။ ။ အခုလို အဖုလေးတွေပေါက်တာက HIV မဟုတ်ပါဘူး။ ကာလသားရောဂါလည်း ဖြစ်ဟန်မတူပါဘူး။ ပထမ ဆုံးပြောချင်တာက စိတ်ပူပင်သောကတွေကို လျော့စေချင်ပါတယ်။ မင်္ဂလာဆောင်ခါနီးဆိုတော့ ပိုစိတ်ပူနေမှာပဲ။
အနီစက်တွေရဲ့ ဖြစ်နိုင်ခြေက allergic လို့ခေါ်တဲ့ ဓာတ်မတည့်တာ၊ သွေးနဲ့ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ- မိတ်ဆွေက ပုစွန်နဲ့ ဓာတ်မတည့်ပဲ ပုဇွန်စားမိရင် ဒါမျိုး ဖြစ်တတ်ပါတယ်။ မိတ်ဆွေသုံးနေတဲ့ အ၀တ်အထည်တွေနဲ့ ဓာတ်မတည့်ရင်လည်း ဖြစ်တတ်ပါတယ်။ မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ ဓာတ်မတည့်တဲ့ ဓာတုပစ္စည်း (ဥပမာ-ခဲ၊ နီကယ်) စတာတွေနဲ့ ထိတွေ့နေရင်လည်း ဖြစ်တတ်ပါတယ်။
Metronidazole cream က ပိုးသတ်ဆေးပါ။ ဒါကိုတော့ မလိုအပ်ဘဲ စွဲပြီး မလိမ်းစေချင်ပါဘူး။
အကြံပြုချင်တာကတော့ -
၁) လိင်တံကို သန့်ရှင်းရေး ဂရုပြုပါ၊ ရေချိုးတိုင်း သန့်ရှင်းရေးလုပ်ပါ။ Masturbation လုပ်ပြီးတိုင်း သန့်ရှင်းရေးလုပ်ပါ။
၂) အနီစက်တွေကို လက်နဲ့ ညှစ်တာ၊ ကုတ်တာတွေ မလုပ်ပါနဲ့။
၃) ကျနော်တို့က အနီစက်တွေကို မမြင်ရတဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ အရေပြား ဆရာဝန်နဲ့ ပြစေချင်ပါတယ်ခင်ဗျာ။
လမင်းကို




