13
Jan

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၈)

မေး။    ။ ကျွန်​​တော်​ အခုဝမ်း​လျော​နေပါတယ်​။ ၄ ရက်​​လောက်​ရှိပြီး ပိန်​လည်းသွားတယ်။ ကျွန်​​တော်​ လိင်​ဆပ်​ဆံပြီး ၄ ရက်​​နေ​တော့ ဖျားတယ်​။ ၁၂ ရက် ​ကြာ​တော့ ​ပျောက်​သွားတယ်​။ ကျွန်​​တော်​ ဖျား​နေတုန်းက ​rapid test စစ်​တာလည်း negative ပါ။ အဖျား​ပျောက်​​တော့ rapid test ပြန်​စစ်​တာလည်း negative ပဲ။ အခုချိန်​ထိ​ ချောင်းဆိုးတာ မ​ပျောက်​​သေးဘူး။ ကျွန်​​တော်​ သိချင်​တာက အဖျား​ပျောက်​ပြီး ပြန်​စစ်​တာ negative ဆို​တော့ ဖျားတာက HIV နဲ့ ဆိုင်​လားမသိဘူး။ ဒီ​နေ့နဲ့ဆို​ နောက်​ဆုံး repid test စစ်​ပြီးတာ ၅ ရက်​ပဲရှိ သေးတယ်​။ အကျိတ်​လည်း မ​ပေါက်​ဘူး ခေါင်းလည်းမကိုက်​ဘူးဆ။ ပေါင်​ကြားမှာ နည်းနည်း​လေး နာသလိုရှိတယ်​။ အကျိတ်​​တော့ မရှိဘူး။ ကျွန်​တော့်​ သူငယ်​ချင်းက TB ရောဂါရှိ​တော့ အခု ကျွန်​​တော်​စစ်​ထားတုန်းပဲ။ HIV sign နဲ့ TB sign က တူတယ်​ဆိုတာ ဟုတ်​လား။

ဖြေ။    ။ Rapid test နဲ့ စစ်တယ်ဆိုတာ ဓာတ်ခွဲခန်းမှာ စစ်တာလား၊ ကိုယ်တိုင်စစ်တာလား သိချင်ပါတယ်။ ဘယ်လို Rapid test မျိုးကို သုံးလဲ သိချင်ပါတယ်။

ပုံမှန်အားဖြင့် Rapid Test က အကာကွယ်မဲ့ လိင်ကိစ္စပြုလုပ်ပြီး ရက်ပိုင်းအတွင်း စစ်နိုင်ရင်၊ Test ကို စနစ်တကျ လုပ်ရင် အဖြေမှန်ရပါတယ်။ အကြံပြုချင်တာကတော့ Rapid Test ရဲ့ Quality ကို တစ်ခါတစ်လေ စိတ်မချရတဲ့ အတွက် မိတ်ဆွေအနေနဲ့ ၃ လ သို့မဟုတ် ၆ လနေရင် သွေးပြန်စစ်ရင် သံသယတွေကို ရှင်းသွားစေနိုင်ပါတယ်။

နောက်ပြီး-၀မ်းလျှောတာက HIV ပိုး ကူးစက်ခါစ လက္ခဏာ မဟုတ်ပါဘူး။ လူအတော်များများဟာ HIV ပိုး ကူးစက်ခါစမှာ ဘာမှ မသိလိုက်ပါဘူး။ ဖြစ်တတ်တဲ့ လက္ခဏာအများစုက လည်ချောင်းနာတာ၊ အာသီးရောင်တာ၊ အကြိတ်တွေရောင်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ တငွေ့ငွေ့ဖျားတာမျိုး တစ်ရက် နှစ်ရက်လောက် ဖြစ်သွားတာမျိုးပါ။

နောက်ဆုံးမေးခွန်းဖြစ်တဲ့ TB နဲ့ HIV ရောဂါလက္ခဏာ တူလားဆိုတာကို ဖြေရင် မတူပါဘူးလို့ ပြောရပါမယ်။ တကယ်တော့ HIV က ရောဂါမဟုတ်ပါဘူး။ HIV က ပိုးပါ။ ဒီပိုးက လူကိုကူးစက်ပြီး ခုခံအားတွေ ကျသွားအောင် လုပ်ပါတယ်။ ခုခံအားတွေကျလာရင် ခုခံအားကျ ရောဂါဖြစ်ပါတယ်။ ဒါကို AIDS လို့ အများက ခေါ်ကြပါတယ်။

ခုခံအားကျလာရင် ပြင်ပက ရောဂါအစုံ လူထဲဝင်လာပါတယ်။ အဲဒီအထဲမှာ တီဘီပိုးလဲ ၀င်ပါတယ်။ ဒီတော့ ပိုးရှိသူမှာ တီဘီရောဂါနဲ့ တွဲနေတတ်ပါတယ်။ လူအတော်များများက ပိုးရှိတာကို မသိနေတော့ တီဘီရောဂါလို့ ထင်ပြီး တီဘီဆေးသောက်ရင်း မသင်္ကာလို့ သွေးစစ်ကြည့်မှ HIV ပိုးရှိနေမှန်း သိကြရပါတယ်။

ဆိုလိုတာက တီဘီနဲ့ အေအိုင်ဒီအက် ရောဂါနှစ်ခုက ဒွန်တွဲနေတတ်ပါတယ်။ လက္ခဏာအားဖြင့် သိပ်မတူညီကြပါဘူး။ ချောင်းဆိုးတာ၊ ပိန်တာကတော့ နှစ်ခုစလုံးမှာ ရှိတတ်ပါတယ်။

မေး။    ။ ကွန်ဒုံး ပေါက်လို့ ချက်ချင်းရပ်လိုက်တာနဲ့ HIV ပိုး ကူးနိုင်ပါသလား။ ကူးခံရရင် လအတွင်း သိနိုင်ပါသလား၊ နှစ်အတွင်း သိနိုင်ပါသလား။

ဖြေ။    ။ မေးခွန်းအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မေးခွန်း ၂ ခုကို တစ်ခုချင်း ဖြေပေးပါမယ်။

(၁) ကွန်ဒုံးပေါက်တာနဲ့ HIV ကူးသလား ဆိုတာကို ဖြေဖို့ အဖြေက YES လို့ ပြောနိုင်သလို NO လို့လည်း ပြောနိုင်ပါတယ်။ အောက်ပါအခြေအနေတွေကို မူတည်ပြီး ကူးနိုင်သလား/မကူးနိုင်ဘူးလားဆိုတာကို ချိန်ဆနိုင်ပါတယ်။
- ကွန်ဒုံးပေါက်ပြဲတဲ့ အရွယ်အစား - သေးသေးလေးပေါက်တာလား၊ ကွန်ဒုံးရဲ့ ထိပ်ပိုင်းတစ်ခုလုံး ပြဲသွားတာလား။
- ပေါက်သွားပြီး ဘယ်လောက်ကြာကြာ လိင်ဆက်ဆံနေခဲ့မိလဲ။
- လိင်ဆက်ဆံပုံ နည်းလမ်း - ဥပမာ - မိန်းကလေးအင်္ဂါနဲ့ ဆက်ဆံတာလား၊ စအိုနဲ့ ဆက်ဆံတာလား။
- လိင်စိတ်နိုးထခါစ အချိန်မှာ ပေါက်တာလား၊ လိင်စိတ် အထွတ်အထိတ်ရောက်နေချိန်မှာ ပေါက်တာလား။
- ကွန်ဒုံးပေါက်ပြီး အချိန်ဘယ်လောက်အတွင်းမှာ လိင်အင်္ဂါကို ချွတ်ခဲ့သလဲ။
- ကွန်ဒုံးပေါက်ပြီး ရေနဲ့ဆေးတာလား၊ အ၀တ်နဲ့သုတ်တာလား။
- ကွန်ဒုံးပေါက်ပြီး ကွန်ဒုံး အသစ်လဲကာ လိင်ဆက်ဆံခဲ့သေးလား၊ မလဲဘဲ စခန်းဆက်သွားနေလား။
- လိင်ဆက်ဆံနေစဉ် အရက်၊မူးယစ်ဆေး သုံးစွဲခဲ့လား... စတဲ့အချက်တွေက YES or NO အဖြေကို ပေးပါတယ်။

အများအားဖြင့် ကွန်ဒုံးပေါက်တာ အပေါက်ကသေးမယ်။ ပေါက်တာ သိသိချင်း လိင်ဆက်ဆံတာရပ်ပြီး လိင်အင်္ရါကို ရေနဲ့ သေသေချာချာ ဆေးမယ်၊ လိင်ဆက်ဆံတာလည်း ဆက်မလုပ်တော့ ဘူးဆိုရင် ကူးစက်နိုင်မှု ပမာဏ နည်းပါတယ်။

(၂) ပိုးကူးစက်ပြီဆို ဘယ်လောက်ကြာရင် သိနိုင်မလဲ ဆိုတဲ့ မေးခွန်းကို ဖြေပါ့မယ်။ HIV ပိုးက လူကို စတင်ကူးစက်ပြီး ၃ လ သို့မဟုတ် ၆ လအတွင်းမှာ သွေးစစ်ရင် သိနိုင်ပါတယ်။ ၃ လမတိုင်ခင်မှာ စစ်ရင် အဖြေမှန် မရ တတ်ပါဘူး။ စစ်တဲ့ အခါမှာလည်း တတ်ကျွမ်းနားလည်တဲ့ သူတွေနဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီးမှ စစ်သင့်ပါတယ်။ ကွန်ဒုံးပေါက်ရင် HIV ပိုးသာမက ကာလသားရောဂါပိုးတွေ၊ အသည်းရောင် အသားဝါ ပိုးတွေပါ စစ်ဆေး သင့်ပါတယ်ခင်ဗျာ။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top