14
Feb

HIV ပိုး ရှိမရှိ သေချာစေလို နှင့် HIV ပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးဟာ သက်တမ်းစေ့ မနေရဘူးလား (အမေးအဖြေ)

မေး။    ။ ကျွန်​​တော် လိင်​အကာအကွယ်​မဲ့ ​၆ ပတ်​​နေပြီး သွေးစစ်​တာ ​negative ပဲ။ စစ်​ပြီး ၄ ရက်​​လောက်​ကြာ​တော့ တကိုယ်​လုံးယား​နေတယ်​။ တချို့​နေရာက တစ်​ခါတစ်​ခါ ဆူးသလိုဖြစ်​​နေတယ်​။ ကိုယ်​ယားတာ တပတ်​​လောက်​ရှိပြီ မ​ပျောက်​ဘူး။ အနီဖု​လေး​တွေလည်း ထွက်​တယ်။ လည်း​ချောင်းက တခါတခါနာတယ်​။ တခါတခါ မနာဘူး။ အသား​တွေလည်းနီတယ်။ ကုတ်​လိုက်​ရင် အနီဆင်းဖြစ်​​နေတယ်​။ ညဆို​ချွေးပြန်​တယ်​။ ကျွန်​​တော်​က အရက်​လည်း တအား​သောက်​တယ်​။ အဲ့ဒါ HIV လား၊ အရက်​​ကြောင့်လား။

ဖြေ။    ။ လိင်အကာအကွယ်မဲ့ ဆက်ဆံပြီး ၆ ပတ်နေလို့ စစ်ရင် အဖြေမှန် မရတတ်ပါဘူး။ တကယ်တော့ ၃ လ - မှ ၆ လ ကြာမှ စစ်သင့်တာပါ။ အခု စစ်ထားတဲ့ Negative ဆိုတာကို အတည်ယူလို့ မရသေးပါဘူး ခင်ဗျာ။

အခု ပြောပြတဲ့ အရေပြားယားယံတာ၊ အနီဖုတွေထတာ၊ လည်ချောင်းနာတာတွေက အရက်သောက်တာ များရင် ဖြစ်တတ်ပါတယ်။ ရာသီဥတုကြောင့်လည်း allergic reaction ပုံစံမျိုး ဖြစ်နိုင်ပါတယ်။ HIV ရဲ့ ကူးစက်တဲ့ လက္ခဏာ မဟုတ်ပါဘူး ခင်ဗျာ။

အကြံပြုချင်တာကတော့ နောက် ၃ လ သို့မဟုတ် ၆ လနေရင် သွေးပြန်စစ်စေချင်ပါတယ်။ ကွန်ဒုံးနဲ့ အကာအကွယ်သုံးပြီး လိင်ဆက်ဆံတာ HIV သာမက အခြား လိင်ကတဆင့် ကူးစက်တတ်တဲ့ အသည်းရောင်အသားဝါ၊ လိင်အင်္ဂါ ကြွက်နို့၊ ရေယုံ၊ ဂနို၊ ဆစ်ဖလစ် စတဲ့ ပိုးတွေကိုပါ အကာအကွယ်ဖြစ်စေပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ ခင်ဗျာ။

မေး။    ။ HIV ရှိတဲ့ ကိုယ်ဝန်ဆောင်သည်မှ မွေးဖွားလာတဲ့ ကလေးတယောက်ရဲ့ အသက်ရှင်ရာခိုင်နူန်း ဘယ်လောက်ရှိပါသလဲ။ ကလေးဆီသို့ ရောဂါမကူးအောင် ကာကွယ်လို့ရတယ်ဆိုပြီး ကလေးမွေးပြီး ၂ နှစ်လောက်ဆို ကလေးသေဆုံးတာ တွေ့ဖူးပါတယ်။ ဒါဆို ကလေးကမွေးလာလည်း လူ့သက်တမ်းစေ့ မနေရဘူးလား။

ဖြေ။    ။ HIV ပိုးရှိတဲ့ မိခင်ကနေ ကလေးကို HIV ပိုး ကူးစက်နိုင်ခြေက ၂၅-၃၀% ရှိပါတယ်။ ဘယ်အချိန်တွေမှာ ကူးနိုင်လဲဆိုတော့ -
၁) ကိုယ်ဝန်ဆောင်ချိန်- အချင်းမှ တဆင့်ကူး
၂) မွေးဖွားချိန်- သွေး၊ မွေးလမ်းကြောင်းမှ တဆင့်ကူး
၃) နို့တိုက်ချိန်- နို့ရည်မှ တဆင့်ကူး

ဒီအချိန် ၃ ခုလုံးမှာ ကလေးကို မကူးသွားအောင် စနစ်တကျ ကာကွယ်ရင် ကလေးဆီ လုံးဝ မကူးစက်အောင် တားဆီးနိုင်ပါတယ်။

စနစ်တကျဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းကျန်းမာအောင် ဂရုစိုက်တာ မွေးဖွားရင် သာမန်မမွေးဘဲ ဗိုက်ခွဲမွေးတာ၊ မမွေးမီ ART ဆေးသောက်တာ မိခင်နို့ စနစ်တကျတိုက်တာ တတ်ကျွမ်းတဲ့ ဆရာဝန်/ဆရာမတွေနဲ့ ပြသတာ.. အားလုံး ပါဝင်ပါတယ်။

စနစ်တကျ မကာကွယ်နိုင်ရင်တော့ ကလေးဆီ HIV ပိုး ကူးစက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စနစ်တကျ ကာကွယ်နိုင်တာ မြို့နေရာတွေမှာပဲ ရှိပါတယ်။ နယ်တွေ ကျေးရွာတွေမှာ စနစ်တကျ မကာကွယ်နိုင်သေးပါဘူး။

မွေးလာတဲ့ ကလေးမှာ HIV ပိုးကူးစက်ခံရရင် အသက်ရှင်သန်မှုက ကလေးကို ပြုစုတဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်ပါတယ်။ HIV ပိုးရှိပြီး အသက် ၁၄ နှစ်အထိ အသက်ရှင်တဲ့ ကလေးမျိုးကို တွေ့ဖူးသလို၊ မွေးပြီး ၆ လလောက်နဲ့ ဆုံးပါးသွားတဲ့ ကလေးမျိုးကိုလည်း တွေ့ဖူးပါတယ်။ ကလေးရဲ့ ပတ်ဝန်းကျင်ဆိုတာက မိဘတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အခြေအနေတွေ အားလုံး ပါဝင်ပါတယ်။

ဒီလောက်နဲ့ကျေနပ်မယ်ထင်ပါတယ်

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top