မေး။ ။ ကွုန်တော် ၂၀၁၃ ခုနှစ် ၁၀ လပိုင်းလောက်က အကာအကွယ်မဲ့ ဆက်ဆံမိပါသည်။ ထို့နောက် အရေပြား ယားပြီး အင်္ဂါထိပ်မှာ အနာလေးပေါက်၍ ဆေးခန်းပြသော် ဆေးစစ်ရပါသည်။ ဆေးကုသော်ပျောက်ပါသည်။ ၃ လပြည့် ၂၀၁၄ ခုနှ ၁ လပိုင်းတွင် ဆေးစစ်သော် ကာလသားပိုးတွေ့၍ ဆေးရုံကြီးတွင် ဆေးကုပါသည်။ ထို့နောက် သင်္ကြန်မတိုင်ခင် လှည်းတန်းမှ အထူးကုဆေးခန်းတစ်ခုတွင် ဆေးစစ်သော် HIV မရှိပါ။ ဆေးရုံကြီးမှလည်း ကာလသားရောဂါ အားပျော့သွားပြီဟု ပြောပါသည်။
ယခု ခြေသလုံးတွင် ယားပြီး အဖုလေးများထွက်ပါသည်။ သူ့ဘာသူပျောက်ပါသည်။ လက် ကျောဘက်တို့ ယားပြီး အဖုသေးလေး တစ်ဖုတစ်လေ ထွက်ပါသည်။ သူဘာသူပျောက်ပါသည်။ ချောင်းအနည်းငယ်ဆိုးပြီး မောသလို ခံစားရပါသည်။ ကွုန်တော် သင်္ကြန်မတိုင်ခင် စစ်တုန်းက ၆ လပြည့်တာပါ။ အခုထပ်စစ်ချင်ပေမယ့် အရမ်းကြောက်နေလို့ပါ။ အားပေး အကြံညဏ်ပေးပါအုံး ဆရာ။
ဖြေ။ ။ အခု လက်ရှိဖြစ်နေတာ ချောင်းဆိုးပြီး မောသလို ဖြစ်နေတာလို့ ယူဆမိပါတယ်။ ဒါက HIV ပိုးရဲ့လက္ခဏာလို့ ပြောလို့မရပါဘူး။ စိတ်ပင်ပန်းလို့ သို့မဟုတ် အလုပ်ပင်ပန်းတာ၊ အိပ်ရေးပျက်တာမျိုးမှာ ဖြစ်တတ်ပါတယ်။
အရေပြား ယားနာကတော့ HIV နဲ့ မဆိုင်ပါဘူး။ ရေမသန့်ရင်၊ ပတ်ဝန်းကျင်မှာ ဖုန်တွေထူရင်၊ ချွေးထွက် များရင်၊ နေပူထဲ ထွက်တာများရင် ဖြစ်လိုက် ပြန်ပျောက်လိုက် ဖြစ်နေမှာပါ။
ကာလသားရောဂါ အတွက် ဆေးကို ဘယ်လိုသောက်ခဲ့သလဲ သိချင်ပါတယ်၊ ဘာရောဂါလို့ ပြောပါသလဲ။ ကာလသားရောဂါက ဆေးစနစ်တကျကုရင် ပျောက်ပါတယ်။ လိင်ဆက်ဆံတိုင်း သတိရှိဖို့လိုပါတယ်။ အကာအကွယ် (ကွန်ဒုံး) သုံးရပါမယ်။ လိင်ဆက်ဆံ ဖော်ရှိရင် သူ့ကိုပါ ဆေးကုဖို့လိုပါတယ်။ Oral sex လုပ်တာမျိုး ရှောင်ရပါမယ်။ ကွန်ဒုံးသုံးပေမယ့် Oral sex လုပ်ရင် ကာလသားရောဂါတွေ ပြန်ကူးနိုင်ပါတယ်။
HIV စစ်ဖို့ကတော့ ပထမအဖြေကို ဘယ်မှာ စစ်ခဲ့တာလဲ။ စိတ်ချရတဲ့ နေ၇ာဆိုရင် ထပ်စစ်ဖို့ မလိုပါဘူး။
မေး။ ။ ကာလသားရောဂါက ဂနိုလို့ပြောပါတယ်။ ဆေးခန်းပြတုန်းက ဆေးတစ်သောက်ပြီး ထပ်စစ်တော့ အားနည်းသွားပြီဆိုပြီး ဆေးဆက်မသောက်ရတော့တာ ခုထိပါ။ အိမ်ထောင်ပြု ကလေးယူလို့ အဆင်ပြေနိုင်ပါသလား။
ဖြေ။ ။ ဂနိုရ ကုလို့ပျောက်ပါတယ်။ တစ်ပတ်လောက် ဆေးမှန်မှန်သောက်တာနဲ့ ပျောက်ပါတယ် မိန်းကလေးမှာရော ဂနိုရှိ/မရှိ စစ်ဖူးလား။ ဒီရောဂါ ရှိမှန်းမသိခင် မိန်းကလေးနဲ့ အတူတူနေဖူးရင် သူ့မှာ ရောဂါရှိနိုင်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေမှာ ဂနိုက ရောဂါလက္ခဏာပြတာ နည်းပါတယ်။ များသောအားဖြင့် အဖြူဆင်းတယ်၊ မိန်းမကိုယ်ယားယံတယ်၊ မိန်းမကိုယ် အနံ့နံတယ်ဆိုတာမျိုး လောက်ပဲ လက္ခဏာပြတတ်ပါတယ်။ ဒါကို မကုပဲ ပေါ့ဆနေရင်
ကလေးမ၇တဲ့ အထိ ဖြစ်တတ်ပါတယ်။
များသောအားဖြင့် ကာလသားရောဂါက ချစ်သူနှစ်ဦးစလုံးမှာ စစ်ပြီး ပြိုင်တူ ကုသမှု ခံယူသင့်ပါတယ်။ စနစ်တကျကုရင် ပျောက်တဲ့ ရောဂါဖြစ်တဲ့အတွက် ကလေးမယူခင် ဒီရောဂါကို ဇနီးမောင်နှံနှစ်ဦးလုံး စစ်စေချင်ပါတယ်။
လမင်းကို




