မေး (၁)။ ။ ဆီနဲ့နှိပ်တဲ့ spa တစ်ခုကို သွားမိပါသည်။ ထိုဆိုင်မှ အမျိုးသမီးမှ oral လုပ်ပေးပါသည်။ သူမ၏ မိန်းမကိုယ်အတွင်းကိုလည်း လက်ဖြင့်နှိုက်ခဲ့ မိပါသည်။ ထိုဆိုင်မှာ မှိုဆော်များနံပြီး ရေကလည်းမသန့်သည်ကို သတိထားမိပါသည်။ နောက်တစ်နေ့တွင် ကျွန်တော်တွင် အင်ပြင်ကဲ့သို့  ယားယံပူလောင်သော rash များဖြစ်လာပါသည်။ တတောင်ဆစ် ဒူးခေါင်း ခါးနဲ့ နောက်ကျောတို့တွင် ပေါ်လာပါသည်။ ပြီးတော့ပျောက်သွား ကြသည်။ဒူးနှင့် တံတောင်ဆစ်တွင်တော့ ယားလာလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်နေပါသည်။ အရေပြားဆရာဝန်နဲ့ပြတော့ သွေးယားတာဖြစ်နိုင်သည်ဟု ပြောပါသည်။ ဆေး ၅ ရက်သောက်ခိုင်းပါသည်။ သက်သာပေမယ့် အရှင်း မပျောက်သေးပါ။ နောက်ထပ် ၁၀ ရက်ဆက်သောက်ခိုင်းပါသည်။ HIV ကူးဆက်ခံရလျှင် signs များ ချက်ချင်းပြပါသလား။ အချိန်ဘယ်လောက်မှ ပြပါသလဲ။ ကျွန်တော့် အဖြစ်ဟာ HIV ကူးစက်တာကြောင့်လား သိချင်ပါသည်။အလွန်ကြောက်နေရလို့ အမြန်ဖြေကြားပေးပါ။
ဖြေ။ ။ Spa သွားခဲ့တာ ဘယ်လောက်ကြာပြီလဲ သိချင်ပါတယ်။ မိတ်ဆွေရဲ့ လက်မှာ အနာတို့ ထိခိုက်ရှနာတို့ ရှိနေပါသလား သိချင်ပါတယ်။ HIV ကတော့ ကူးစက်ခါစမှာ ဒီလိုမျိုး လက္ခဏာ မပြပါဘူး။ အမျိုးသမီးက Oral လုပ်ပေးတယ်။ မိန်းမကိုယ်ထဲ လက်ထည့်ပြီး လိင်အင်္ဂါရည်နဲ့ ထိတွေ့ခဲ့တယ်ဆိုရင် ဖြစ်နိုင်ချေက ကာလသားရောဂါ ဖြစ်နိုင်ပါတယ်။ ဒါက ဖြစ်နိုင်ချေပါ။ ဆရာဝန်ပြောသလို အရေပြား ယားယံတာလည်း ဖြစ်နိုင်ပါတယ်။
ကာလသားရောဂါဆိုရင်တော့ စိတ်ချရတဲ့ ဓာတ်ခွဲခန်းမှာ သွေးစစ်လို့ရပါတယ်။ ကာလသားရောဂါ အတော်များများက စနစ်တကျကုရင် ပျောက်တာများပါတယ်။
လောလောဆယ်တော့ စိတ်မပူပါနဲ့ဦး။ အရေပြားဆေးကို ရက်ပြည့်အောင် သောက်ကြည့်ပါဦး။ နောက်ပိုင်း အခြေအနေမသက်သာရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ပြပြီး ကာလသားရောဂါပိုးအတွက် သွေးစစ်စေချင်ပါတယ်။
မေး (၂)။ ။ ဆရာ ကျွန်တော် လွန်ခဲ့တဲ့ 30.6.2014 နေ့ က ကောင်မလေးတယောက်နဲ့ ဆက်ဆံခဲ့ပါတယ်။ သူက ဟိုဟာလုပ်စားတဲ့ သူပါ။ ကျွန်တော်သူနဲ့လုပ်တော့ ကွန်ဒုံး သုံးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့က သူရာသီလာနေပါတယ်။ ကျွန်တော် မသိခဲ့ပါဘူး။ နောက်မှ အင်ကျီမှာသွေးပေနေလို့ သိခဲ့တာပါ။ ကျွန်တော် အဲဒီတုန်းက မပြီးခဲ့ပါဘူး။ ဒါပေမဲ့ သူက စနိုးတာဝါနဲ့ သူ အင်္ဂါသုတ်ထားတဲ့ တာဝါနဲ့ ကျွန်တော်အင်္ဂါကို သုတ်ပေးပါတယ်။ ကျွန်တော်အင်္ဂါမှာ အနာတော့ မရှိပါဘူး။ ဒါပေမဲ့ ကြောက်နေမိတယ်။ အဲဒါကြောင့် 17.9.14 မှာ သွေးစစ်ပါတယ် Reactive ပြပါတယ်။ သေခြာအောင် မန္တလေးကို18.9.14 မှာ ထပ်စစ်တော့ non recative ပါ။ 0.257 cobas 6000 လို့ ပါပါတယ်။ ကျွန်တော်ကို ဘာလုပ်ရမလဲ စာပြန်ပေးပါ ဆရာ ကူညီပါ။
ဖြေ။ ။ ပထမ သွေးစစ်တာ ဘယ်နေရာမှာ စစ်ခဲ့တာလဲ၊ ဘယ်နည်းနဲ့ စစ်တာလဲ သိချင်ပါတယ်။ (ဥပမာ- အပြင်ဓာတ်ခွဲခန်းလား၊ အန်ဂျီအိုဆေးခန်းလား၊ အစိုးရဆေးရုံလား)။ ဒုတိယ အကြိမ်ရော ဘယ်နေရာမှာ စစ်ခဲ့တာလဲ ပြောပြပေးပါ။
များသောအားဖြင့် သွေးစစ်တဲ့ အခါမှာ Reactive လို့ပြောရင် နောက်ထပ် သေချာအောင် confirmation test တစ်ခု ထပ်စစ်ရပါတယ်။ ဒုတိယအကြိမ် စစ်တာ non-reactive လို့ပြတဲ့အတွက် စိတ်သိပ်မပူပါနဲ့ ပိုပြီး စိတ်ချရတဲ့ အနေအထားရဖို့အတွက် စိတ်ချရတဲ့ ဓာတ်ခွဲခန်းမှာ သွေးထပ်စစ်စေချင်ပါတယ်။ မန်းတလေးမှာဆို၇င် UNION လို အဖွဲ့အစည်းမျိုးမှာ စစ်လို့ရသလို၊ နန်းတော်လို ဆေးခန်းတွေမှာလည်း စစ်လို့ရမယ် ထင်ပါတယ်။
လမင်းကို




