15
Jul

HIV ပိုး ရှိနေသူတွေကို ဆေးကုသပေးဖို့ မျှော်မှန်းချက်ပြည့်မီ

ကနေ့ သတင်းဖြစ်ပါတယ်။ ၂ဝ၁၅ အကုန်မှာ လူပေါင်း ၁၅ သန်းကို ကုသပေးဖို့ မျှော်မှန်းထားချက်ကို မတ်လကတည်းက ပြည့်မီတယ်လို့ UNAIDS ကဆိုပါတယ်။ ပထမအကြိမ် အဖြစ် ၂ဝဝဝ ခုနှစ်တုံးက လူ ၇ သိန်းလောက်ကို ကုသပေးဖို့ သတ်မှတ်ခဲ့ပါတယ်။

ရည်မှန်းထားချက် ပြည့်မီတဲ့ အတွက် HIV လူနာသစ် သန်း ၃ဝ ကို ကယ်ဆယ်နိုင်ခဲ့တယ်။ ၈ သန်းလောက်လည်း သေဆုံးရမှုကနေ လွတ်ကင်းခဲ့တယ်။ အခုဆိုရင် လူနာပေါင်း ၂ ဒဿမ ၆ သန်း ကနေ ၁ ဒဿမ ၈ သန်းအထိ ကျဆင်းလာပြီး၊ သေဆုံးမှုလည်း ၁ ဒဿမ ၆ သန်းကနေ ၁ ဒဿမ ၂ သန်းထိ ကျဆင်းလာပါတယ်။ HIV အတွက် ရင်းနှီးမြှုပ်နှံမှုက ၄ ဒဿမ ၈ ဘီလီယန်ကနေ ၂ဝ ဘီလီယန် အထိ တိုးလာခဲ့ပါတယ်။

ဆေးကို လက်လှမ်းမီရေးက လိုအပ်ချက်ဖြစ်နေတဲ့ ကလေးတွေက ပိုဆိုးတယ်။ အခုတော့ တိုးတက်လာပါတယ်။ ၂ဝဝဝ ကနေ ၂ဝ၁၄ ယှဉ်ကြည့်ရင် HIV ပိုးရှိကလေးတွေ ART ဆေးရရှိမှုဟာ ၁၄% ကနေ ၂၃% အထိ တိုးလာပါတယ်။

လက်ရှိ ကိန်းဂဏန်းတွေက လက်ခံနိုင်ဖွယ်တော့ မရှိသေးပါ။ ဆာဟာရအောက်ပိုင်းဒေသတွေမှာ လူနာသစ် အားလုံးရဲ့ ၆၆% ရှိနေသေးပါတယ်။ အဲဒီမှာ လူနာပေါင်း ၂၅ ဒဿမ ၈ သန်းရှိတယ်။ တကမ္ဘာလုံးမှာ ၃၆ ဒဿမ ၉ သန်းရှိတယ်။ သည်အတိုင်းသာဆိုရင် HIV က ၂ဝ၃ဝ ဆိုရင် ကပ်ရောဂါလို့ ဖြစ်တော့မှာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ (၁၄-၇-၂ဝ၁၅)

ဒေါက်တာတင့်ဆွေ  - HIV ပိုး ရှိနေသူတွေကို ဆေးကုသပေးဖို့ မျှော်မှန်းချက်ပြည့်မီ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top