2
May

HIV ပိုး ရှိ၊ မရှိ သေချာစေလို (အမေးအဖြေ)

မေး။    ။ ကျွန်တော် သိချင်တာ HIV ပိုး စတင် လက္ခဏာ စပြတဲ့ အချိန်က တလကျော်လောက်မှာ ဆိုတာ ဟုတ်ပါသလား။

ဖြေ။    ။ HIV ပိုးဟာ စတင်ကူးစက်တဲ့ အချိန်ကနေ ၃ လအတွင်း လက္ခဏာ မပြတတ်ပါဘူး။ ၃ လကျော်ရင်တော့ လက္ခဏာပြတတ်ပါတယ်။

မေး။    ။ ဘယ်လို လက္ခဏတွေ စပြီးတွေ့တတ် ပါသလဲ။

ဖြေ။    ။ အဲဒီ လက္ခဏာက ထူးထူးခြားခြား မရှိပဲ တုတ်ကွေး အအေးမိ သလိုပုံစံ၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်နာခြင်း၊ စတာတွေဖြစ် တတ်ပါတယ်။ ရက်လည်း သိပ်မကြာပါဘူး ၂ ရက် ၃ ရက်လောက်ပဲ ဖြစ် တာပါ။ အတော် များများသော ကူးစက် ခံရသူများက အဲဒီ လက္ခဏာတွေကို သတိ မထားမိကြပါဘူး။

မေး။    ။ နောက်ပြီးသွေးစစ်ရင် သုံးလလောက်နေမှ စစ်လို့ ရတယ်လို့ပြောပါတယ် အဲဒါ ဟုတ်ပါသလား။ သွေးစစ်မဲ့ အဲဒီ သုံးလ အတွင်းမှာ လိင်ဆက်ဆံမှု မလုပ်ရဘူး ဆိုတာ ဟုတ်ပါသလား။ ဆက်ဆံခဲ့ရင် သွေးစစ်တဲ့ အဖြေ သေချာပေါက် မှန်တဲ့လို့ သတ်မှတ်လို့ မရဘူးဆိုတာ ဟုတ်ပါသလား။

ဖြေ။    ။ HIV ပိုး ကူးစက်ခံရတာကို သိချင်လို့ သွေးစစ်ချင် တယ်ဆိုရင် အန္တရာယ်ရှိတဲ့ အပြုအမူ (ဥပမာ- အကာအကွယ်မပါဘဲ လိင်တူ/လိင်ကွဲ ဆက်ဆံခြင်း၊ ပိုးပါသော သွေးသွင်း မိခြင်း၊ ဆေးထိုးအပ် အတူတူ မျှဝေ သုံးစွဲခြင်း) တွေပြုလုပ်ပြီး ၃ လ မှ ၆ လ အတွင်းသာ ပိုးကို သွေးစစ်တဲ့ ကိရိယာက သိနိုင်ပါတယ်။ ၃ လမတိုင်ခင်မှာ HIV ပိုး အရေအတွက် နည်းလို့ သွေးစစ်ရင် မတွေ့နိုင်ပါဘူး။ ဒီတော့ ပိုးကို အသေအချာ တွေ့နိုင်တာက ၃ လ သို့မဟုတ် ၆ လနေမှ သိနိုင်ပါတယ်။

တစ်ချို့က ၃ လကျော်လို့ သွေးစစ်ပြီး မရှိဘူးဆိုရင် မကူးစက်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သေချာချင်ရင် ၆ လ အထိ စောင့်ပြီး သွေးစစ်သင့်ပါတယ်။ အဲဒီ ၃ လနဲ့ ၆ လကြားမှာ အထက်ကပြောခဲ့တဲ့ အပြုအမူတွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ ဒီကြားထဲ အဲဒီအပြုမူတွေ ထပ်လုပ်မိရင် နောက်ထပ် ၃ လနဲ့ ၆ လ ပြန်စောင့်ရဦးမှာပါ။

မေး။    ။ ကျွန်တော်အခု လိင်အင်္ဂါ မှာ အဖု နဲ့မှဲ့တွေ ပေါက်လာပါတယ်။ မှဲ့က အရင်က တခုလောက်ပဲ ရှိတာပါ။ အခု လေးငါးခုလောက်ရှိလာပါတယ်။ အဖု ဆိုတာကလဲ ကြွက်နို့ ပုံစံနဲ့ ခပ်ဆင်ဆင်ပါ။ ဒါပေမဲ့ ကြွက်နို့ မဟုတ်တာတော့ ကျွန်တော်သေချာပြောရဲပါတယ်။ (ကျွန်တော် ကြွက်နို့ သူများ ပေါက်တာမြင်ဖူး လို့ပါ) ကြွက်နို့က အဖုမှာစပျစ်သီးပုံစံ အပြွတ်လိုက် သေးသေးလေးတွေ ရှိပါတယ်..အခုက အဲ့လိုမဟုတ်ပါဘူး..ဒါပေမဲ့ ဘာလို့ပေါက်တာလဲ ကျွန်တော် သိချင်လို့ပါ။ အဖုက ၀က်ခြံလောက်ပါပဲ..ဒါပေမဲ့ ၀က်ခြံဖု မဟုတ်တာသေချာပါတယ်။ သို့ပေမဲ့ ၀က်ခြံညစ်သလို တခုညစ်လိုက် နောက်တနေရာ ပြန်ပေါ်လိုက်နဲ့ပါ။ ကျွန်တော် လက်သည်းနဲ့ ၀က်ခြံ ညစ်သလို ညစ်လိုက်ပါတယ်။ ပေါက်သွား ပါတယ်..တနေရာပျောက်ပြီး နောက်တနေရာက ပြန်ပေါက်နေတတ် ပါတယ်။ အများကြီး မဟုတ်ပါ။ သေးသေးလေး နှစ်ဖု သုံးဖုပါ။ အစက တဖုပဲ ရှိတာပါ။ ညစ်ဖေါက်ပြီး အဲ့နေရာ ပျောက်သွားပြီးနောက် တနေရာမှာ ပေါ်လာပါတယ်။ နာတာမရှိပါဘူး။ ယားလဲမယားပါဘူး။ ဒါပေမဲ့ အဲ့အဖုတွေမြင်ရင် စိတ်ဆင်းရဲရပါတယ်။ ဘာဖြစ်လို့ပေါက်တာလဲ ရာဂါရှိလို့လား ဆိုပြီး တွေးရင်း စိတ်ပူရပါတယ်။ ဖြေကြားပေးစေလိုပါတယ်။

(မှတ်ချက် - ကျွန်တော် အမျိုးသမီး တဦးနဲ့ အကာကွယ်မဲ့ ဆက်ဆံမိပါတယ်။ သို့ပေမဲ့ ထိုအမျိုးသမီးကို ဆေးစစ်ခိုင်းလိုက်တော့လဲ ပိုးမရှိဘူးလို့ အဖြေ ထွက်ပါတယ်) ဒါဆို ဘာကြောင့် အဖုနဲ့ မှဲ့တွေ ပိုထွက်တာလဲဆိုတာ ပိုပြီး သိချင်လာပါတယ်။ လက်ရှိအဲ့ဒီ အဖုနဲ့မှဲ့က နာကျင်တာ တခြား ဘာလက္ခဏမှ မပြပေမဲ့ ကြိုတင် ကာကွယ် ထားနိုင်ရင်တော့ ပိုကောင်းတယ် မဟုတ်လား။ ဆေးခန်းပြဖို့လဲ မိမိ လိင်အင်္ဂါ ထုတ်ပြကြည့်ရှု ခိုင်းဖို့လဲ ရှက်ပါတယ်။ အမျိုးသား ဆရာဝန်လဲ သိတာမရှိပါ။

ဖြေ။    ။ လိင်အင်္ဂါမှာ အဖုတွေပေါက်တာဟာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါ ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ကြွက်နို့ မဟုတ်ပေမယ့်လည်း ငါးမျက်စိ ပုံစံမျိုးတွေလည်း ရှိတတ်ပါတယ်။ အဖုတွေကို မမြင်ရတဲ့ အတွက် အကောင်းဆုံးအကြံပြုချင်တာကတော့ အရေပြားဆရာဝန်နဲ့ ပြစေချင်ပါတယ်။ အဖုတွေကို မညှစ်ပါနဲ့။ ညှစ်လို့ ပွားလာတယ်ဆိုရင်တော့ ကူးစက်တတ်တဲ့ သဘောကို ဆောင်ပါတယ်။ ကုသလို့ရတဲ့ ကာလသား ရောဂါမျိုး ဖြစ်နိုင်ပါတယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top