9
Jul

HIV ပိုးကို လွယ်ကူစွာ ချက်ခြင်းသိနိုင်မည့် ကိရိယာ ရောင်းချမည်

အမေရိကန် ပြည်ထောင် စု၌ အေအိုင် ဒီအက်စ်ရောဂါ ရှိသူ ၁ ဒသမ ၁ သန်းခန့် ရှိသော်လည်း ယင်းတို့ အနက် ၂၀ ရာခိုင်နှုန်းခန့်ကသာ ရောဂါရှိမှန်းသိကြသည်။

ယခုအခါ အေအိုင်ဒီအက်စ်ရောဂါကို လွယ်ကူစွာဖြင့် ချက်ချင်းစစ်ဆေးပြီး ချက်ချင်းအဖြေထွက်သည့် စစ်ဆေးရေးကိရိယာကို တီထွင်နိုင် ခဲ့ကြောင်း DM သတင်းဌာနက ဇွန်လ ၂၆ ရက်က ဖော်ပြသည်။ အဆိုပါ ကိရိယာ ပေါ်ပေါက်ရန်အတွက် သုတေသန ပြုလုပ်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း အကုန်အကျ ခံခဲ့ရသည်။

ယင်းကို အမေရိကန်ပြည်ထောင်စု၏ ဒေသပေါင်း ၂၄ ခု၌ စမ်းသပ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိ ရသည်။ အဆိုပါကိရိယာသည် တံတွေးကိုယူ၍ စစ်ဆေးပြီး HIV ပိုး ရှိ၊မရှိ မိနစ် ၂၀ အတွင်း သိရှိရကာ ၉၉ ရာခိုင်နှုန်း တိကျမှုရှိသည်ဟုဆိုသည်။ အဆိုပါ ကိရိယာကို OraSure Technologies ကုမ္ပဏီက တီထွင်ခဲ့ပြီး တစ်ခုလျှင် အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၅ ဖြင့် ဆေးဆိုင်များတွင် စမ်းသပ်ရောင်း ချပေးမည်ဟုဆိုသည်။

ရိုးရာလေး - HIV ပိုးကို လွယ်ကူစွာ ချက်ခြင်းသိနိုင်မည့် ကိရိယာ ရောင်းချမည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top