15
Dec

HIV ပိုးကို အသုံးပြု၍ သွေးကင်ဆာရောဂါ အောင်မြင်စွာ ကုသနိုင်ခဲ့

အမေရိကန် ပြည်ထောင်စုမှ ဆရာဝန်များသည် အိတ်ခ်ျအိုင်ဗွီ (HIV) ပိုးကို အသုံးပြု၍ သွေးကင်ဆာ ရောဂါ ခံစားနေရသော ခုနစ်နှစ်အရွယ် မိန်းကလေး တစ်ဦးအား အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သိရသည်။

အမ်မာဝိုက်ဟက်ဒ် အမည်ရှိ အဆိုပါ မိန်းကလေးငယ်သည် သွေးကင်ဆာ ရောဂါကို ဓာတုကုထုံး များဖြင့် နှစ်နှစ်နီးပါး ကြာကုသပြီးနောက် ဖေဖော်ဝါရီလ အတွင်း၌ ဖီလာဒဲလ်ဖီးယား ကလေး ဆေးရုံမှ ဆရာဝန်များက HIV ပိုးကို အသုံးပြု၍ ကုသမှု တစ်ရပ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆေးရုံမှ ဆရာဝန် တစ်ဦးဖြစ်သူ စတီဖင်ဂရပ်က ပြောကြားခဲ့သည်။

မိမိတို့ အနေဖြင့် သွေးကင်ဆာ ရောဂါ ခံစားနေရသော လူနာများကို အောင်မြင်စွာ ကုသနိုင်သည့် ကုသမှုတစ်ရပ်ကို ရရှိခဲ့ပြီဖြစ်ကြောင်း၊ T-cells များကို အမှန်တကယ် ဖန်တီးနိုင်ပြီဖြစ်သည့် အပြင် ယင်း T-cells များသည် လူနာ၏ ခန္ဓာကိုယ်အတွက် ဆက်လက်ရှင် သန်ကြီးထွားပြီး ကင်ဆာ ဆဲလ်များကို တိုက်ဖျက်နိုင်သည့် ခုခံအားစနစ်ကို ထုတ်လုပ်ပေးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

CTLO19 အမည်ရှိ အဆိုပါကုထုံးကို ပင်ဆယ်ပေးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် အဆိုပါ ကုထုံးကို အစားအစာနှင့် ဆေးဝါး စီမံခန့်ခွဲမှု ဌာနက ထောက်ခံခဲ့ပြီး အခြားဆေးရုံများတွင်လည်း ကုသနိုင် ပြီဖြစ်ကြောင်း ဒေါက်တာဂရပ်ကပြော ကြားခဲ့သည်။

မြဝတီ

Royal Hero Media - HIV ပိုးကို အသုံးပြု၍ သွေးကင်ဆာရောဂါ အောင်မြင်စွာ ကုသနိုင်ခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top