10
May

HIV ပိုးတွေ့ရှိသူများ၏ ၅၀ ရာခိုင်နှုန်းခန့် မှာ၂၄နှစ်အောက် လူငယ်များဟုဆို



HIV
ပိုး ကူးစက်မှုများတွင် လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံး ဖြစ်ပေါ်နေပြီး ပိုးတွေ့ရှိသူများ၏
၅၀ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်များတွင် အများဆုံးတွေ့ရှိရကြောင်း
ကျန်းမာရေးဆိုင်ရာ ပညာရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါပိုးသည်
ပိုးရှိသူနှင့် အကာအကွယ်ပစ္စည်း (ကွန်ဒုံး) မသုံးဘဲ လိင်တူ/လိင်ကွဲဆက်ဆံခြင်း၊ ပိုးရှိသူအသုံးပြုပြီးသော
ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို သုံးစွဲမိခြင်း၊ ပိုးပါသော သွေးသွင်းမိခြင်းနှင့်
ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်းတို့ကြောင့် ကူးစက်နိုင်ကြောင်း
သိရသည်။

''ကာလသားရောဂါနဲ့
HIV ပိုး  က လူငယ်လူရွယ်တွေမှာ အဖြစ်များတာ
တွေ့ရပါတယ်။ လိင်က တစ်ဆင့် ကူးစက်တာများတယ်။ အိမ်ထောင်ရှိ အမျိုးသမီးတွေမှာ အဖြစ်များတာ
တွေ့ရပါတယ်။ ဘာကြောင့်လည်းဆိုရင် သူတို့ရဲ့အမျိုးသားကတစ် ဆင့်ကူးစက်တာကြောင့်ဖြစ်တယ်။
ဥပမာ -အခြေအနေမသိသူတစ်ဦးနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖက်အများအပြားနဲ့ အကာအကွယ်မဲ့
လိင်ဆက်ဆံတာ၊ မသန့်ရှင်းတဲ့ဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေနဲ့ မူးယစ်ဆေး ထိုးသွင်းတာတွေကြောင့်
ရောဂါပိုးကူးစက်တာ ဖြစ်ပါတယ်''ဟု အဆိုပါ ပညာရှင်က ရှင်းပြပါသည်။

လူငယ်အများစုသည်
စူးစမ်း လေ့လာလိုစိတ်များခြင်း၊ HIV ပိုး ကူးစက်ခံရနိုင်မှု အန္တရာယ်မရှိဟု ယူဆခြင်းနှင့်
ခုခံအားကျဆင်းမှုကူး စက်ရောဂါဆိုင်ရာ မှန်ကန်သော ဗဟုသုတကျွမ်းကျင်မှု နည်းပါးသည့်အတွက်
အဆိုပါပိုးအား လူငယ်များ တွင် အဓိက ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

''ရောဂါပိုးရှိတယ်၊
မရှိဘူးဆိုတာ ရုပ်ရည်နဲ့ ရောဂါလက္ခဏာကို ကြည့်ပြီး ပြောလို့မရဘူးး။ အထူးသဖြင့် အိတ်ခ်ျအိုင်ဗွီပိုး
ရှိ၊ မရှိကို ပိုမသိနိုင်ပါဘူး။ ဒါကြောင့် ယုံကြည်စိတ်ချမှုရှိတဲ့ ကျန်းမာရေး ဓာတ်ခွဲဌာနတွေ
မှာ သွေးစစ်ဆေးမှုခံယူသင့်ပါတယ်။ သွေးမစစ်ဆေးခင်မှာလည်း သွေး စစ်ဆေးတာနဲ့ ပတ်သက်တဲ့အကြောင်း
အရာတွေကို ဆရာဝန်တွေနဲ့ တိုင်ပင် ထားသင့်တယ်။ လက်မထပ်ရသေးတဲ့စုံတွဲတွေ အနေနဲ့လည်း ကိုယ်ယူမယ့်အိမ်ထောင်ဖက်ကို
သွေးစစ်ဆေး မှုပြုလုပ်ဖို့ စည်ရုံးသင့်ပါတယ်။ သွေးစစ်လို့ ချက်ချင်းထွက်လာတဲ့ အဖြေဟာ
စိတ်ချရမှုမရှိသေးပါဘူး။ အချိန်ခြောက်လပြည့်ပြီး ထပ်စစ်တော့ ထွက်လာတဲ့အဖြေမှသာ မှန်ကန်မှာဖြစ်ပါတယ်။
ခြောက်လအတွင်းမှာက ရောဂါပိုး ရှိ၊ မရှိဆိုတာ စိတ်ချလို့ မရသေးတဲ့အတွက် အဲဒီ အချိန်မှာ
လက်ထပ်လို့မရသေးပါဘူး''ဟု ကျန်းမာရေးဆိုင်ရာပညာရှင်က ဆက်လက်ပြောကြားခဲ့ပါ သည်။

First
11 - HIV ပိုးတွေ့ရှိသူများ၏ ၅၀ ရာခိုင်နှုန်းခန့် မှာ၂၄နှစ်အောက် လူငယ်များဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top