3
Dec

HIV ပိုးဖြင့် အသက်ရှင် နေထိုင်သော အမျိုးသမီးများ ကွန်ရက် လားရှိုးတွင် ဖွဲ့စည်း

၂ဝ၁၂ ခုနှစ် ကမ္ဘာ့ AIDS တိုက်ဖျက် ရေးနေ့ HIV ပိုးဖြင့် အသက်ရှင်နေ ထိုင်သော အမျိုးသမီးများ ကွန်ရက် Myanmar Positive Woman Network (MPWN) ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဖွဲ့စည်း ခြင်းနှင့် အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီက မြို့တော် ခန်းမ၌ ကျင်းပရာ အခမ်း အနားသို့ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ ဝင်များ၊ ပြည်သူ့ ဆေးရုံကြီးမှ ခုခံကျ/ ကာလသားရောဂါ ဆရာဝန်ကြီး ဒေါက်တာမြင့်ကျော်၊ ဒေါက်တာ နန်းရီလှိုင်ဦး၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာ အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ် ခုခံကျ/ကာလသား ရောဂါဆရာဝန်ကြီး ဒေါက်တာ ထွန်းသန်းဦးက အဖွင့်အမှာ စကားပြော ကြားပြီး ခရိုင် အမျိုးသမီးရေးရာ အဖွဲ့မှ ဒေါက်တာ နန်းကိန်ဖုန်းတင့်နှင့် စာရေးဆရာမ မကံကော် (ဒေါ်စုစုလှိုင်) တို့က အမှာစကား အသီးသီးပြောကြား ကြသည်။

ဆက်လက်၍ HIV ရောဂါပိုးဖြင့် အသက်ရှင် နေထိုင်သော အမျိုးသမီးများ ကွန်ရက်သို့ စေတနာ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ (MPWN) ဥက္ကဋ္ဌ ဒေါ်နော်ရှဲဝါးနှင့် လားရှိုးဒေသခံ  ဒေါ်ခင်သူဆွေ တို့က လက်ခံရယူ ကြသည်။ ထို့နောက် မူကြိုကလေးငယ်များမှ အကများဖြင့် ဖျော်ဖြေ တင်ဆက်ပြီးနောက် လားရှိုးဒေသခံ အဆိုတော်များက သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သည်။

အဆိုပါ (MPWN) သည် ရှမ်းပြည်နယ် လားရှိုးဒေသရှိ HIV ပိုးရှိ အမျိုးသမီးနှင့် ကလေးငယ်များကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများတွင် မိမိတို့ တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

Myanmar online News - HIV ပိုးဖြင့် အသက်ရှင် နေထိုင်သော အမျိုးသမီးများကွန်ရက် လားရှိုးတွင် ဖွဲ့စည်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top