19
Jan

HIV ပိုးရှိသူများ AIDS အဆင့်မရောက်ရန် တာဆီးနိုင်မည့် Anitbody နှစ်မျိုးတွေ့ရှိ



(၁၅)နှစ်လုံးလုံး ခုခံအားကျဆင်းမှု AIDSရောဂါအား ကာကွယ်ကုသနိုင်မည့် အစွမ်းထက်ဆေးဝါးကို ရှာဖွေသုတေသန
ပြုနေကြသည့် ပညာရှင်များအတွက် မျှော်လင့်ချက်ရောင်ခြည် ယှက်သန်းလာပြီ ဖြစ်သည်။ ယခုအခါ
သုတေသီများသည်
HIVရောဂါပိုးကို
AIDSရောဂါ ဖြစ်မသွားစေရန် ဟန့်တားပေးသည့် Antibody
အချို့အား ဖော်ထုတ်တွေ့ရှိလာပြီဖြစ်ကြောင်း ကြေညာခဲ့ကြသည်။

လောလောဆယ်တွင် AIDSကာကွယ်ဆေး မထုတ်လုပ်နိုင်သေးသော်လည်း Antibody
များ၏ ဂုဏ်သတ္တိကို ဆက်လက်လေ့လာပြီးလျင် ထိုကိစ္စမှာ အနှေးနှင့်အမြန်
ဖြစ်လာနိုင်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လာဂျိုလာရှိ
Scrippsသုတေသန ပညာရေးဌာနက စက်တင်ဘာလ (၄)ရက်နေ့ထုတ် သိပ္ပံဂျာနယ်တွင်
၎င်းတို့သည် မတူညီသော
Antibodyနှစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့သည် HIVပိုးမှ AIDSရောဂါ ဖြစ်လာစေသည့် အခြေအနေအား ပျက်ပြယ်သွားအောင် စွမ်းဆောင်နိုင်ကြောင်း
ရေးသား ဖော်ပြခဲ့သည်။

သုတေသနအဖွဲ့သည် AIDSတိုက်ဖျက်ရေး ဆေးဝါးတစ်မျိုးကို တီထွင်ရန် ကြိုးစားရင်း ယခု
Antibody
များကို တွေ့ရှိလာခြင်းဖြစ်သည်။ သို့သော်လည်း တွေ့ရှိချက်ကို
ပိုမိုခိုင်မာအောင် သုတေသန ပြုပြီးချိန်တွင် မူလရည်မှန်းချက် အကောင်အထည်ပေါ်လာရေးမှာ
နီးစပ်သည်ထက် နီးစပ်လာတော့မည်ဟု တက္ကသိုလ်မှ သုတေသီများက ကြေညာခဲ့သည်။
သိပ္ပံပညာ၊ ဆေးပညာ ကဏ္ဍမှာတော့ နယ်ပယ်သစ်တစ်ခု ဖွင့်လှစ်လိုက်တာပါပဲဟု ဒေါက်တာဆက်သ် ဘာကလီ ကဆိုသည်။

၎င်းသည် နိုင်ငံတကာ AIDS တိုက်ဖျက်ရေး ဆေးဝါးထုတ်လုပ်မှု စမ်းသပ်ရေးအဖွဲ့၏ ဥက္ကဌနှင့် CEO
လည်းဖြစ်သည်။ ယခင်က AIDSကာကွယ်ဆေး (၂)မျိုးအား တွင်တွင်ကျယ်ကျယ် စမ်းသပ်ခဲ့သော်လည်း
မအောင်မြင်ခဲ့ပေ။

ထို့ကြောင့်လည်း (၂၀၀၇)ခုနှစ် စမ်းသပ်မှုအပြီး AIDS
ကာကွယ်ဆေး ဖော်ထုတ်မှု သုတေသန လုပ်ငန်းများသည် အတန်ငယ် အရှိန်လျော့လာခဲ့သည်။
ယခုသုတေသန အဖွဲ့ကမူ ထိုင်း၊ ဩစတြေးလျနှင့် အာဖရိက နိုင်ငံများမှ
HIVပိုး ကူးစက်ခံထားရသူ (၁၈၀၀)ကို လေ့လာမှုများ ပြုလုပ်ကာ ရလဒ်ကောင်းများ
ဖော်ဆောင်လာနိုင်ခြင်းဖြစ်သည်။

PG9နှင့် PG16ဟု အမည်ပေးထားသော Antibody နှစ်မျိုးကို အာဖရိကမှ လူနာတစ်ဦးထံတွင် တွေ့ရှိခဲ့ပြီးနောက်
ယင်းတို့တွင်
HIV မှ
AIDS
ဖြစ်လာမှုကို ဓာတ်ပြယ်သွားစေသော စွမ်းအင်ထူး တည်ရှိနေသည်ကို အမှတ်မထင်
တွေ့ရှိခဲ့သည်။

ပါမောက္ခ ဒင်းနစ်ဘာတန်နှင့် လုပ်ဖော်ကိုင်ဖက်များသည် ထိုAntibodyများမှာ HIVဗိုင်းရပ်စ်၏ gp120နှင့် gp41ဟု အမည်ပေးထားသော ဆဲလ်များသို့ ကျူးကျော်ဝင်ရောက်အောင် လှုံ့ဆော်သည့်
အပိုင်းများကို လုပ်ဆောင်မှု ရပ်ဆိုင်းသွားစေသည်။ ထို့ကြောင့်လည်း
HIVပိုးသည် ခန္ဓာကိုယ်အတွင်း ပျံ့နှံ့မှု ရပ်ဆိုင်းသွားပြီး AIDSရောဂါ ဖြစ်နိုင်သည်အထိ အားမကောင်းလာတော့ပေ။

ဒေါက်တာဘာတန်က ယခုအခါ ၎င်းတို့အဖွဲ့သည် Antibodyများ အမြောက်အမြား မွေးမြူဖော်ထုတ်နိုင်ပြီး ကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်ရန်
မျှော်လင့်ချက်ထားရှိနေကြောင်း ပြောကြားသွားသည်။ သို့သော်လည်း အဆုံးသတ် ရည်မှန်းချက်သို့
ရောက်ရှိရေးမှာ အချိန်ယူရဦးမည်ထင်ကြောင်း ပညာရှင်များကဆိုသည်။

အခြေခံအားဖြင့် ထိုးသွင်းလိုက်သော ဆေးဝါးသည် ခန္ဓာကိုယ် မော်လီကျူးများအတွင်း
Antibody များ ပေါက်ဖွားလာအောင် လှုံ့ဆော်ပေးရန် ရည်ရွယ်ထားကြောင်း ဒေါက်တာဘာတန်က
ပြောဆိုသွားသည်။

Planet - HIV ပိုးရှိသူများ AIDS အဆင့်မရောက်ရန် တာဆီးနိုင်မည့် Anitbody
နှစ်မျိုးတွေ့ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top