HIV ဗိုင်းရပ်စ်ပိုးနဲ့ မူးယစ်ဆေးဝါး အသုံးပြုမှုတို့နဲ့ ပတ်သက်ပြီး သုတေသန လုပ်ဖို့အတွက် ပညာရှင် ငါးဦးကို အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသင်းက ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပါတယ်။
သြစတြေးလျ၊ ဗြိတိန်၊ အိန္ဒိယ၊ ဇင်ဘာဘွေနဲ့ အီရန်နိုင်ငံက သုတေသီ လူငယ် ငါးဦးကို အမေရိကန် ဒေါ်လာ ၇၅၀၀၀ စီ ဆုချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။
တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲမှုဟာ တစ်ကမ္ဘာလုံး အတွက် ပြဿနာကြီး တစ်ခုဖြစ်နေပြီး မူးယစ်ဆေးဝါး သုံးစွဲမှုကနေ HIV ပိုး ပြန့်နှံ့မှုကိုပါ ဖြစ်စေနိုင် တဲ့အတွက် ဒီကဏ္ဍမှာ သုတေသနတွေ ပြုလုပ်ဖို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
အဲဒီ ပညာရှင် လူငယ် ငါးဦးကတော့ စိတ်ကြွဆေးပြား အသုံးပြုမှုနဲ့ HIV ဆက်စပ်ပုံ၊ ဘိန်းဖြူနဲ့ HIV ဆက်စပ်ပုံ၊ အရက်သေစာနဲ့ HIV ဆက်စပ်ပုံ အစရှိတဲ့ စာတမ်းတွေပြုစုပြီး သုတေသန ပြုလုပ်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
Radio Australia - HIV ဗိုင်းရပ်စ်ပိုးနဲ့ မူးယစ်ဆေး အသုံးပြုမှု သုတေသန အတွက် ထောက်ပံ့ကြေး ပေးအပ်




