21
May

HIV ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ခုခံကာကွယ်နိုင်မယ့် မော်လီကျူအသစ် ရှာဖွေတွေ့ရှိ

AIDS ရောဂါဆိုးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ခုခံကာကွယ်ပေးနိုင်တဲ့ မော်လီကျုအသစ်တစ်ခုကို သိပ္ပံ ပညာရှင်တွေ ကြိုးစားရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီရှာဖွေမှုဟာ လူနာတွေအတွက်သာမက ကာကွယ်ဆေးအတွက်လည်း အလားအလာကောင်းတဲ့ ကုသထုံး အသစ်တစ်ခုဖြစ်ပါတယ်။

AIDS ရောဂါဆိုးဖြစ်စေတဲ့ လူ့ကိုယ် ခံအားကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ချေမှုန်းရာမှာ ထိရောက်တဲ့ ကာကွယ်ဆေး တစ်လက် ဖြစ်မြောက်လာဖို့ သုတေသနပညာရှင်တွေဟာ နှစ်ပေါင်း ၃၀ ကြာ ကြိုးစားခဲ့ကြ ပါတယ်။ ရောဂါကူးစက်ခံနေရတဲ့ လူ့ခန္ဓာမှ HIV ရောဂါပိုးအားမောင်းထုတ် ကုသရန် အတွက်လည်း နည်းလမ်း ရှာနေကြပါတယ်။ ဒါပေမဲ့ အခုထိတော့ ထာဝရဖြစ်တည် ပွားများလာတဲ့ ဗိုင်းရပ်စ်ပိုး လွတ်မြောက်နေဆဲပါ။ အခုတော့ မျိုးရိုးဗီဇကုသထုံးနဲ့ ဆင်တဲ့ သို့မဟုတ် ပြောင်းလဲထားတဲ့ လုပ်နည်းကိုင်နည်းကို အသုံးပြုပြီး HIV ကူးစက်မှုကို တားဆီးဖို့နည်းလမ်းတစ်ခုကို ဖော်ထုတ် လိုက်ပြီဟု Scripps သုတေသန တက္ကသိုလ်နဲ့ အခြားတက္ကသိုလ်တွေအဖွဲ့ မှ ပြောကြားလိုက်ပါတယ်။

ပုံမှန် အားဖြင့် HIV ဟာ ကလပ်စည်းများနဲ့ ဖွဲ့စည်းထားတဲ့ အာရုံကြောနှစ်ခုမှ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင် ရောက် လာပါတယ်။ သိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ အသစ်အသားဓါတ်ဟာ ဗိုင်းရပ်စ်ပိုးဝင်ရောက်ရှင်သန် နေ ထိုင်တဲ့ အာရုံကြောနှစ်ခု အပေါက်တွေကို ၀င်ပေါက်မရှိအောင် တားဆီးပိတ်ပင်ပေးပါတယ်။ အာရုံကြော နှစ်ခုမှာဗိုင်းရပ်စ် တွယ်ကပ်နေတဲ့အတွက် eCD4-IG လို့ခေါ်တဲ့ အသားဓါတ်ဟာ ဗိုင်းရပ်စ်ပိုးကို နှိမ်နှင်းနိုင်တဲ့ အခြားအစွမ်းရှိ ပဋိပစ္စည်းတွေကနေ စွမ်းဆောင်ပေးတာထက်ကို HIV အန္တရာယ်ကို တားဆီးကာကွယ်ပေးပါတယ်လို့ သုတေသနပြုသူတွေက ပြောကြားခဲ့ပါတယ်။

သုတေသနပြုလုပ်မှုကို သဘာဝဂျာနယ်မှ ဗုဒ္ဓဟူးနေ့က အင်တာနက်မှာ အများသိစေဖို့ ထုတ်လွင့်ခဲ့ပါတယ်။ အဲဒီအသားဓါတ်ဟာ ရာနှုန်းပြည့်ထိ ရောက်မှုရှိ ပါတယ်လို့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဂျူပီတာမြို့ရှိ Scripps သုတေသန တက္ကသိုလ မှ ကူးစက်ရောဂါပါမောက္ခနဲ့ စမ်းသပ်မှုကို ဦးဆောင်ဦးရွက်ပြုလုပ်သူ Michael Farzan ကပြောကြားခဲ့ပါ တယ်။ အခုထိ ၀င်ရောက်လာတဲ့ ရောဂါပိုးကို အထိရောက်ဆုံး တားဆီးပေးတဲ့ ဆေးတစ်လက် ဆိုတာမေးစရာ မလိုတော့ပါဘူး။

Ref:foxnews

Trend Myanmar - HIV ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ခုခံကာကွယ်နိုင်မယ့် မော်လီကျူအသစ် ရှာဖွေတွေ့ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top