ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က ပြင်သစ်ရှိ သိပ္ပံပညာရှင်များက HIV ကူးစက်ခံထားရသည့် ဝေဒနာရှင်နှစ်ဦးတွင် အလိုအလျောက်ရောဂါပျောက် ကင်းသွားခြင်း၏ နောက်ခံဗီဇပြောင်း လဲမှုအားတွေ့ရှိပြီဟု ကြေငြာခဲ့သည်။ ယင်းတွေ့ရှိမှုအား HIV ကူးစက်ခံ ထားရပြီး AIDS ရောဂါလက္ခဏာ လုံးဝမပြသော ဝေဒနာရှင်နှစ်ဦးအား အခြေခံ၍ လေ့လာခဲ့ကြခြင်းဖြစ်သည်။
ယင်းဝေဒနာရှင်များတွင် ဗိုင်းရပ်စ်က ၎င်းင်းတို့၏ ခုခံအားစနစ်များ အတွင်း ဗီဇစနစ်ပြောင်းလဲခြင်းခံရ၍ လုံးဝလှုပ်ရှားမှု မရှိတော့သောကြောင့် AIDS ရောဂါလက္ခဏာများ မခံစား ရခြင်းဖြစ်လေသည်။ ယင်းကဲ့သို့ ဗီဇ ပြောင်းလဲနိုင်စွမ်းမှာ အတွေ့များသော အင်ဇိုင်းတစ်ခုဖြစ်သည့် AP-OBEC အင်ဇိုင်းကြောင့်ဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ယင်းကဲ့သို့ တွေ့ရှိခဲ့ သဖြင့် ရောဂါအားကုသရာတွင် ယင်း APOBEC အင်ဇိုင်းအား လှုံ့ဆော် ပေးခြင်းဖြင့် ရောဂါအားကုသပေးနိုင် ရန် အလားအလာရှိကြောင်း တွေ့ခဲ့ ရသည်။
HIV ဗိုင်းရပ်စ်မှာ လူ၏ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်သွားပြီး လျှင် CD4 ခုခံအားစနစ်ဆဲလ်များ အတွင်း နေထိုင်ပြီး CD4 ဆဲလ်များ အား ပြုပြင်ပြောင်းလဲပြီး ဗိုင်းရပ်စ် ထုတ်ပေးသောစက်ရုံအဖြစ် ပြောင်းလဲ ပစ်လိုက်လေသည်။ ယင်းကဲ့သို့ HIV ကူးစက်ခံထားရသူများထဲတွင် ၁% ထက်နည်းသောသူများသည် ဗိုင်းရပ်စ်ပြန့်ပွားမှုအား ထိန်းချုပ်ကာ သွေးထဲ၌ ဗိုင်းရပ်စ်အားမတွေ့နိုင် လောက်သည်အထိ ထိန်းထားနိုင် လေသည်။ ယင်း ၁% အောက်သူများ အား ထူးခြားသောထိန်းချုပ်သူများ elite controller များဟုခေါ်ပြီး၊ ၎င်းင်း တို့၏ ခုခံအားစနစ်လုပ်ဆောင်ပုံမှာ လည်း ဒဏ္ဍာရီတစ်ခု ဖြစ်ခဲ့လေသည်။
လေ့လာမှုတွင် ပါဝင်ခဲ့သူနှစ်ဦးတွင် တစ်ဦးမှာ ၁၉၈၅ မှစ၍ HIV ပိုးရှိသူဟု သိထားသူ အသက် ၅၇ နှစ်အရွယ် လူကြီးတစ်ဦးဖြစ်ပြီး၊ ဒုတိယတစ်ဦးမှာ ၂၀၁၁ မှစ၍ HIV ပိုးရှိသည်ဟု သိထားသော ၂၃ နှစ်အရွယ် ကောင်လေး ဖြစ်ပေသည်။ ယင်းနှစ်ဦးလုံးမှာ ဗီဇပြောင်းလဲမှုဖြစ်ပြီး၊ ခုခံအားစနစ် ဆဲလ်တွေ HIV ပိုးပွားနိုင်မှု မရှိကြောင်းသိရသည်။
ဖိုးသောကြာ
Ref:Medindia
Health Updates journal- No;(144) - HIV ဗိုင်းရပ်စ်အား အလိုအလျောက် ပျောက်ကင်းခဲ့သူများ၏ ဇီဝဖြစ်စဉ်ကို တွေ့ရှိခဲ့




