2
Jan

HIV ဗိုင်းရပ်ပိုးကူးစက်ခံ ကလေးများ ပြုစုစောင့်ရှောက်ပေးသော ဂေဟာ



Weekly Eleven
Journal- No12, Vol-3,(2/1/2008)

HIV ဗိုင်းရပ်ပိုးကြောင့် ရောဂါဝေဒနာခံစားနေရသော
ကလေးငယ်များနှင့်
HIV ဗိုင်းရပ်ပိုး၏
ဆိုးကျိုးသက်ရောက်မှုကို ခံစားနေရသောကလေး ငယ်များ
(HIV infected & affected
children)
များအား
မိသားစုသဖွယ်ပြုစု စောင့်ရှောက်ပေးနိုင်ရန် သီးသန့် ဂေဟာတစ်ခုအဖြစ် ဖွင့်လှစ်ထား
သည့် သုခရိပ်မြုံသည် လူမှုရေး ပရဟိတ ဂေဟာအများအပြားရှိသည့်အနက်
တမူထူးခြားသောကြောင့် ၂၀၀၇ ခုနှစ်၏ ထင်ရှားကျော်ကြား ကဏ္ဍတွင်
ထည့်သွင်းဖေါ်ပြအပ်ပါသည်။

မိဘနှစ်ဦးလုံး AIDS ရောဂါ ဖြင့်ဆုံးပါးးသွားသူများ၊
မိဘတစ်ဦးဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါဝေဒနာခံစားရသဖြင့် ကလေးအား ပြုစု
စောင့်ရှောက်နိုင်ခြင်း မရှိသူများ အခြေအနေအရပ်ရပ်ကြောင့်
သိမ်ငယ်စွာခံစားနေထိုင်ကြရသူများနှင့် စောင့်ရှောက့်မည့်သူ မရှိသည့်
HIV ဗိုင်းရပ် ကူးစက်ခံ ကလေးငယ်များအား မိသားစုအခွင့်
အရေးများကို တတ်နိုင်သမျှ အပြည့်အ၀ခံစားနိုင်ရန် ၂၀၀၄ ခုနှစ်ဝန်းကျင်လောက်မှ စတင်၍
လက်ခံပြုစု စောင့်ရှောက်ပေးထားလျက်ရှိသည်။ သုခရိပ်မြုံသည် ယခုလက်ရှိ၌ အသက် ၂
နှစ်မှ ၁၂ နှစ်အတွင်း င်္ယျောလေး ၇ ဦးနှင့် မိန်းကလေး ၆ ဦးတို့ ကို
လက်ခံ ပြုစု စောင့်ရှောက်ပေးထားလျက် ရှိကြောင်းကြားသိရသည်။

သုခရိပ်မြုံအား ဒေါက်တာတင်တင်ဝင်း (စာရေးဆရာမ
ဂျူး)၊ ဒေါက်တာထားထား(စာရေးဆရာမစုထား)၊ ဒေါက်တာခင်မေစု(ဆေးရုံအုပ် ရွှေဗဟို
အထူးကုဆေးရုံ)တို ကဦးဆောင်ဖွင့်လှစ်ထားပြီး အဆိုပါရိပ်မြုံ၏
အုပ်ချုပ်ရေးမှူးအဖြစ် အငြိမ်းစားသူနာပြု ဆရာမကြီးတစ်ဦးကို ခန့် အပ်ထား ရှိသည်။
ကလေးငယ်များ၏ ပညာရေးကိုလည်း
Volunteer
ဆရာ၊ဆရာမများက ကျောင်းနေအရွယ်ရောက်ရှိသော ကလေးငယ်များကိုနေ့ စဉ်အလှည့်ကျ လာရောက် သင်ကြားပေးပြီး
စာမေးပွဲဖြေသည့် အချိန်တွင် ၀ိသာခါသီလရှင်သင် ပညာရေးကျောင်းတွင် စာမေးပွဲဖြေစေကြောင်း
ကျောင်းနေအရွယ် မရောက်သေးသော ကလေးငယ်များကိုမူ မူကြိုဆရာမများက လာရောက် သင်ကြားပေးကြကြောင်းသိရှိ
ရပါသည်။

 

Weekly Eleven
Journal- No12, Vol-3,(2/1/2008)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top