17
Oct

HIV ဗိုင်းရပ်၏ သဘာဝ ဖြစ်စဉ်များ



HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက HIV၏ သဘာဝဖြစ်စဉ်
အဆင့်ဆင့်ကို ဆေးပညာရှင်များက-

 

(က) မူလပထမ ရောဂါ ကူးစက်ခံရမှုအဆင့် (Primary
Infection)

(ခ) လက္ခဏာများ မတွေ့ရသည့်အဆင့် (Asymptomatic
Infection)

(ဂ) အနုစားဝေဒနာ လက္ခဏာများ တွေ့ရသော အဆင့်နှင့်
(Mildly Symptomatic Disease)

(ဃ) ခုခံအား ကျဆင်းမှု ကူးစက်ရောဂါအဆင့် (Acquire
Immuno Deficiency Syndrome) ဟူ၍ ခွဲခြားထားသည်။

 

မူလပထမ
ရောဂါ ကူးစက်ခံရမှု အဆင့်

 

ဤအဆင့်တွင် ရောဂါပိုးကူးစက်ခံထားရသူများ၏ ၇၀ မှ ၈၀
ရာခိုင်နှုန်းတို့တွင် ဝေဒနာ လက္ခဏာတချို့ ဖြစ်ပေါ်ခံစားရလေ့ရှိသည်။
ကိုယ်အပူချိန်တက်၍ ဖျားခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ လည်ပင်း၌
လင့်ကျိတ်များကြီးခြင်း၊ ကြွက်သားများ ကိုက်ခဲနာကျင်ခြင်း၊ အရိုးအဆစ်များကိုက်ခဲခြင်း၊
ခေါင်းကိုက်ခြင်းနှင့် မြူးကပ်လွှာ၌ အနာငယ်လေးများ ဖြစ်ခြင်း စသည့် လက္ခဏာများ
တွေ့ရတတ်ပါသည်။

 

ဦးနှောက်ဖုံးမြှေးရောင်ခြင်း၊
ဦးနှောက်ရောင်ခြင်း၊ အာရုံကြောများ ရောင်ရမ်းခြင်း၊ အာရုံကြောဖုံးလွှာ ရောင်ရမ်းခြင်း
စသည့်လက္ခဏာများကို ရှားပါးစွာတွေ့နိုင်ပါသည်။ CD4 ကလပ်စည်း အရေအတွက်မှာ ၃၀၀/ ၄၀၀
ခန့်အထိကျသွားတတ်သည်။ တချို့လူနာများတွင် ၂၀၀ အောက်ထိ ကျဆင်းသွားတတ်သည်။ ဖော်ပြပါ လက္ခဏာများသည်
ရောဂါပိုးဝင်ရောက် ကူးစက်ခံရပြီး နှစ်ပတ်မှ ခြောက်ပတ်အကြာတွင် ဖြစ်တတ်သည်။ တစ်ပတ်၊
နှစ်ပတ် အကြာတွင် ပြန်လည်သက်သာ သွားလေ့ရှိသည်။ တချို့လူနာများတွင် ၁၀ ပတ်အထိ ကြာမြင့်တတ်ပါသည်။
CD4 ကလပ်စည်း အရေအတွက်နှင့် ဆက်နွယ်ပတ်သက်မှု ရှိသည်။

 

သွေးတွင် HIV – RNA စစ်ဆေးခြင်းဖြင့်
အဖြေသိရှိနိုင်သည်။ HIV အန်တီဘော်ဒီပဋိ ပစ္စည်း မှာ ၃ ပတ်မှ ၁၂ ပတ်ကြာပြီးမှ
တွေ့ရတတ်သည်။ ပျမ်းမျှအားဖြင့် ၈ ပတ်ဖြစ်သည်။ မူလပထမ ရောဂါကူးစက်ခံရမှု အဆင့်ကို
အခြားသောရောဂါ တချို့နှင့်မှားယွင်းစွာ အဖြေထုတ်ခြင်းမျိုး လည်း ကြုံတွေ့ ရတတ်ပါသည်။

         

လက္ခဏာ
မတွေ့ရသည့် အဆင့်

ဤအဆင့်တွင် လူနာ၌ ရောဂါ၏ ဝေဒနာလက္ခဏာများ ဖြစ်ပေါ်မှု
မရှိပေ။ တချို့တွင် ပေါင်ခြံ မဟုတ်သော အခြားနေရာများ၌ လင့်ကျိတ်များ
ကြီးနေတတ်ကြသည်။ ဤအဆင့်၌ ဗိုင်းရပ်စ်ပိုးများသည် လင့်ကျိတ်များတွင်
ပွားများနေကြောင်း တွေ့ရသည်။ ဗိုင်းရပ်စ် အရေအတွက် တိုးများလာသည် နှင့်အမျှ CD4
ကလပ်စည်းအရေအတွက် ကျဆင်းလာကြောင်း တွေ့ရသည်။ CD4 ကလပ်စည်း အရေအတွက်မှာ ၅၀ မှ ၁၅၀
ကြားအထိ ကျဆင်းသွားတတ်ပါသည်။

 

အနုစားဝေဒနာ
လက္ခဏာများ တွေ့ရသော အဆင့်

လူနာများ၏ ခုခံစွမ်းအားစနစ် ကျဆင်းလာသော
အဆင့်ဖြစ်သည်။ အချိန်ကာလ အားဖြင့် ခုနစ်နှစ်မှ ဆယ်နှစ်ထိ ကြာမြင့်တတ်သည်။
တချို့လူနာများတွင် လျင်မြန်စွာ တိုးတက်ပြီး တချို့တွင် တဖြည်းဖြည်း
တိုးတက်တတ်သည်။ ၁၅ နှစ်ကျော်အထိလည်း ကြာမြင့် တတ်ပါသည်။

 

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ အဆင့် AIDS

ဤအဆင့်တွင် အခွင့်အရေးယူတတ်သော ပိုးမွှားများ၏
ကူးစက်မှုခံကြရသည်။ CD4 ကလပ်စည်း အရေအတွက်ပေါ် မူတည်၍ ပိုးမွှားကူးစက်မှုများ
ကွာခြားနိုင်ပါသည်။

 

မိသားစု
ဆရာဝန်

(October
14, 2009 Family Health Journal)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top