ရောဂါဖြစ်ပွားစေသည့် HIVဗိုင်းရပ်စ်ကို တားဆီးဟန့်တားနိုင်မည့် နည်းလမ်း
သစ်တစ်မျိုးကို သိပ္ပံပညာရှင်များက စမ်းသပ်လျက်ရှိရာ အောင်မြင်မှုများ
ရရှိနေပြီဖြစ်ကြောင်း သိရသည်။
AIDSရောဂါအတွက် ကုသဆေးများ၊ ကာကွယ်ဆေးများ ထုတ်လုပ်ခဲ့မှုသည်
မအောင် မမြင်ဖြစ်ခဲ့ရသော်လည်း ယခုနည်းလမ်းသစ်အတွက်မူ ပညာရှင်များက
မျှော်လင့်လျက်ရှိကြသည်။ ထိုဆေးနည်းမှာ ဝေဒနာ ရှင်၏ ကြွက်သားများအတွင်းသို့
ခုခံအားကို တိုးပွား စေသည့် ဆေးဝါးများ ထိုးသွင်းသည့် နည်းလမ်းဖြစ်ကြောင်း သိရသည်။
ကုထုံး သစ်ကို ကြွက်များတွင်
စမ်းသပ်အောင်မြင်ခဲ့ပြီး မျောက်များ တွင်လည်း အောင်မြင်မှုများ ရရှိနေကြောင်း
ပညာရှင်များ ကဆို သည်။ သုတေသန ပညာရှင်အဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည့်
ဖီလာဒဲလ်ဖီးယား ကလေးဆေးရုံမှ ဒေါက်တာဖိလစ်ဂျွန်ဆန်က ယခု နည်းလမ်းသစ်ကို AIDSရောဂါ ကုသနည်းဟု အမည်တပ်ရန်ပင် ခက်ခဲကြောင်း ရှင်းပြခဲ့သည်။
ပုံမှန်အားဖြင့် AIDSသည် လူ့ခန္ဓာ ကိုယ်အတွင်းမှ ကိုယ်ခံစွမ်းအားများကို
ဖျက်ဆီးပစ်လေ့ရှိပြီး ထိုဆေးနည်းက ကိုယ်ခံစွမ်းအားစနစ်ကို ပုံမှန်အတိုင်း
ကောင်းမွန် နေစေရန် လုပ်ဆောင်ပေးခြင်းသာဖြစ်ကြောင်း ဒေါက်တာ ဖိလစ် ကဆိုသည်။ ထိုဆေးနည်း၏
အသေးစိတ်အချက်အလက်များကို Nature မဂ္ဂဇင်းအတွင်း ထည့်သွင်းဖော်ပြထားသည်။ ထိုစမ်းသပ်မှုများကို
ကြိုဆို ပါကြောင်း ဘာမင်ဂမ်မြို့၊ အလာဘားမားတက္ကသိုလ်ရှိ AIDSသုတေသန ဌာနမှ ဒေါက်တာဘီထရွိုက်စ်ဟန်းကဆိုသည်။
HIV ဗိုင်းရပ်စ်ကို
တားဆီးဟန့်တားနိုင်မည့် နည်းလမ်းသစ်စမ်းသပ်လျက်ရှိ




