25
Feb

HIV ဗိုင်းရပ်စ်ပိုးဖြန့်ဝေမူဖြင့် ဂျာမန်ပေါ့ပ်အဖွဲ့မှ အဆိုတော် နက်ဂျာဘီနက်ဆာ တရားစွဲခံရ



မိမိတွင်  HIV ဗိုင်းရပ်စ်ပိုး စွဲကပ်နေကြောင်း အတူနေခဲ့သော
အမျိုးသားသုံးဦးကို အသိမပေးဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့သည့် ဂျာမန်အမျိုးသမီး တေးဂီတအဖွဲ့No
Angels မှ အဆိုတော် နက်ဂျာဘီနက်ဆာအား အစိုးရရှေ့နေများက တရားစွဲဆိုလိုက်ကြောင်း သိရသည်။

အသက်
၂၇ နှစ်အရွယ်ရှိ ဘီနက်ဆာသည် ၁၉၉၉ ခုနှစ်က သူမတွင် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရမှန်း
စစ်ဆေးသိရှိခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း အမျိုးသားသုံးဦးနှင့်
လက်တွဲခဲ့ပြီး ၄င်းတို့အား သူမတွင် HIV ဗိုင်းရပ်စ်ပိုးရှိကြောင်း ထုတ်ဖော်ပြောဆို
ခဲ့ခြင်းမရှိဟု အစိုးရရှေ့နေများက ပြောဆိုခဲ့သည်။ ယခု အခါတွင် အဆိုပါအမျိုးသား သုံးဦးစလုံးတွင်
HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု အဆိုပါရှေ့နေများက
ဆက်လက်ပြောကြားခဲ့သည်။

No
Angels အဖွဲ့ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အချိန်တိုအတွင်းမှာပင် အောင်မြင်ခဲ့ကာ
ဂျာမနီပြည်တွင်း၌ သာမက ဥရောပအထိပင် ကျော်ကြားခဲ့သည်။ ဥရောပသမဂ္ဂ၏ အထိမ်းအမှတ် သီချင်းပြိုင်ပွဲ
Eurovision တွင် အဆင့် ၂၃ ရရှိခဲ့သည်။

ဘီနက်ဆာမှာ
၂၀၀၉ ခုနှစ်က သူမ၏တစ်ကိုယ်တော် ဖျော်ဖြေပွဲ မတိုင်မီတွင် ဖမ်းဆီးခံခဲ့ရပြီး အစိုးရရှေ့နေများက
သူမသည် ရောဂါပိုး ရှိနေခြင်းကို အသိမပေးဘဲ ရည်ရွယ်ချက်ရှိစွာဖြင့် ရောဂါပိုးဖြန့်ဝေခဲ့သည်ဟု
စွပ်စွဲကာ အရေးယူပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။



FIRST 11 - အမျိုးသားသုံးဦးကို
HIV ဗိုင်းရပ်စ်ပိုးဖြန့်ဝေမူဖြင့် ဂျာမန်ပေါ့ပ်အဖွဲ့ No Angels မှ အဆိုတော် နက်ဂျာဘီနက်ဆာ
တရားစွဲခံရ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top