5
Sep

HIV မပြန့်ပွားအောင် နယ်စပ်ဒေသများကို ကာကွယ်မည်



အထူးသဖြင့်
မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် လူမှု စီးပွားရေးရှုပ်ထွေးမှု တွန်းအားများနှင့်
ဆက်နွယ်၍ HIV ဖြစ်ပွားမှု နှုန်းသည် အနဿတရာယ်အရှိဆုံး အခြေအနေသို့ ရောက်ရှိနေပြီး
ရွေ့လျားသွားလာနေထိုင်သည့် အနဿတရာယ်ရှိသော အုပ်စုများအတွင်း ကူးစက်မှု
ကာကွယ်ရေးကို တိုးမြှင့် အကောင်အထည်ဖှော ဆောင်ရွက်သွားမှာဖြစ်ကြောင်း MANA/UNFPA
Project မှသိရသည်။

မြန်မာနိုင်ငံ နယ်စပ်ဖြတ်ကျှော လမ်းကြောင်းဖြစ်သည့်
တာချီလိတ်မြို့အနေဖြင့်လည်း အမျိုးသမီးများသည် ဖျှောဖြေရေးလုပ်ငန်းများ၊
အနှိပ်ခန်းများ၊ လိင်မှုဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံသို့သွားရန်
တာချီလိတ် ၊မယ်ဆိုင် လမ်းကြောင်းသည် အလွန်ထင်ရှားလျက်ရှိပြီး ထိုင်းနိုင်ငံ ပတ်ဝန်းကျင်ဒေသများသို့
အမျိုးသမီးနှင့် ကလေးများအား လူကုန်ကူးမှုနှင့် မူးယစ်ဆေး ရောင်းဝယ်မှုများတွင်
အဓိက လမ်းကြောင်း ဖြစ်လျက်ရှိသည်။

 

ထို့အပြင် မူဆယ်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်၍
မူဆယ်မှတဆင့် တရုတ်ပြည်သူ့သမဿမတ နိုင်ငံသို့သွားရန် မူဆယ် - ရွှေလီလမ်းကြောင်းသည်
ထင်ရှားပြီး ထိုလမ်းကြောင်းမှတဆင့် တရုတ်ပြည်ဘက်သို့ အမျိုးသမီးနှင့် ကလေးများအား
လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု များ လုပ်ကိုင်ရာ အဓိက
လမ်းကြောင်းဖြစ်လျက်ရှိသည်။

         

MANA/UNFPA Project အနေဖြင့် ၂၀၀၉
ခုနှစ်အတွက် နယ်စပ်ဒေသများမှ ရွေ့လျားနေထိုင်သူ အုပ်စုအတွင်း အထူးသဖြင့်
အမျိုးသမီးများ၊ လူငယ်များ(ဥပမာ - မူးယစ်ဆေး သုံးစွဲသူများနှင့် ဆက်နွယ်နေသော
ဖျှောဖြေရေးမယ်များ၊ ဒေသခံလူငယ်များ) အတွင်းမှ တာချီလိတ်မြို့တွင် လူဦးရေ ၂၀၀၀
နှင့် မူဆယ်မြို့တွင် လူဦးရေ ၁၀၀၀ အတွက် HIV ပိုးကူးစက်မှု ကာကွယ်ရေးလုပ်ငန်းကို
တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

 (၂/၉/၂၀၀၉ ထုတ် စောင့်ကြည့်သတင်းဂျာနယ် တွင်ဖှောပြသည်။)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top