5
Dec

HIV ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ

British Council နဲ့ New Zero အနုပညာပြခန်းတို့ ပူးပေါင်း စီစဉ်တင်ဆက်သည့် Charity Art Fair For People Living With HIV ပညာပေး ပျော်ပွဲရွှင်ပွဲနှင့် အနုပညာပြပွဲ ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ကမ္ဘာ့ HIV နေ့ဖြစ်သော ဒီဇင်ဘာလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့တို့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် ပန်းချီပြခန်း များ၊ HIV ပညာပေး လက်ကမ်း စာစောင်ဝေငှမှုများနှင့် အနုပညာ တင်ဆက်မှုများကို ကန်တော်ကြီး တစ်ဝန်းလုံး၌ ပြုလုပ်ခဲ့ပြီး ဂီတ ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁ ရက် နေ့တွင် Rock နှင့် Pop ဂီတများ နှင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဟစ်ဟော့ပ်နှင့် ရက်ဂေး ဂီတများကို ဖျော်ဖြေခဲ့ကြသည်။

ဒီဇင်ဘာ ၁ ရက် ရော့ခ်ဖျော် ဖြေပွဲနေ့တွင် ဇော်ဝင်းထွဋ်မှ စ၍ မြန်မာပြည်ရှိ ရော့ခ် တေးသံရှင်အား လုံးနီးပါး ပါဝင်ခဲ့ကြပြီး ဒီဇင်ဘာ ၂ ရက်နေ့ ဟစ်ဟော့ပ် ပွဲနေ့တွင် ဟစ်ဟော့ပ် အဖွဲ့ပေါင်းစုံ ဖျော်ဖြေခဲ့သည်။ အဆိုပါပွဲမှ ရရှိသော ငွေများကို HIV ဂေဟာများ၊ မိဘမဲ့ ကျောင်းများသို့ သွားရောက်လှူဒါန်းကြမည် ဖြစ်ကြောင်း သိရသည်။

Popular - HIV ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top