3
Jun

HIV ရပ်တန့််ဆေးရရှိသည့် ဝေဒနာရှင် (၃) သန်းခန့် ရှိပြီ







ခေတ်ပြိုင်သတင်း
UNICEF/ ၃ ဇွန် ၂၀၀၈

 

ဝင်ငွေနည်းပါးသော တိုင်းပြည်များနှင့် အလယ်အလတ် ၀င်ငွေရရှိသည့်
တိုင်းပြည်များတွင် HIV ပြန့်ပွားမှု ထိန်းချုပ်သည့် ကုသမှု (ART) ကို စုစုပေါင်းလူနာ
(၃) သန်းခန့် ကုသမှုခံယူနိုင်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ အေဂျင်စီများ ပူးတွဲထုတ်ဝေသည့်
အစီရင်ခံစာတွင် ဖော်ပြသည်။ အဆိုပါအေဂျင်စီများမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ
HIV/AIDSပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (UNAIDS)နှင့် ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်
ရန်ပုံငွေအဖွဲ့ (UNICEF) တို့ဖြစ်သည်။

 



၂၀၀၇
ခုနှစ်ကုန်ပိုင်းတွင် ARTကုသမှုခံယူသည့် နောက်တိုးလူနာ (၁)သန်းနီးပါးရှိလာပြီး
ကုသမှုခံယူသူစုစုပေါင်း(၃)သန်း နီးပါးအထိရှိလာသည်။ ဝေဒနာရှင်(၃)သန်းကို ကုသလာနိုင်ခြင်းမှာ၂၀၀၅
ခုတွင်ဝင်ငွေ နည်းပါးသော တိုင်းပြည်များနှင့် အလယ်အလတ်ဝင်ငွေရရှိသော
တိုင်းပြည်များမှ HIV ဝေဒနာရှင်ပေါင်း (၃) သန်း ကိုဆေးကုသပေးရန် ရည်မှန်းထားသည့်
အစီအစဉ်အတိုင်း အကောင်အထည် ဖော်နိုင် ခြင်း ဖြစ်သည်။

 

ဆေးဝါးဈေးနှုန်းလျှော့ချမှုကြောင့် ဆေးဝါးဝယ်ယူသူ ပိုမိုများပြားခြင်း၊
ART ကုသပေးမှုစနစ် ကောင်းမွန်လာ၍ နိုင်ငံအလိုက် ပိုမိုလက်ခံ ကျင့်သုံးလာခြင်း၊ HIV ဝေဒနာရှင်များက
ART ကုသမှုကို ပိုမိုတောင်းဆိုလာခြင်း စသည့်အချက်များကြောင့် ART ကုသမှု ခံယူသည့် အရေ
အတွက် များပြားလာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ART ကုသမှုလိုအပ်နေသည့် ခန့်မှန်းဦးရေ
(၉.၇)သန်းအနက် (၃၁) ရာခိုင်နှုန်းသည် ၂၀၀၇ ခု နှစ် ကုန်ပိုင်းတွင် ကုသမှုခံယူနိုင်ခဲ့ပြီး
(၆.၇) သန်းမှာ အသက်ကယ် ဆေးဝါးများ ရရှိရန်လိုနေ သေးသည်။

 

နိုင်ငံအတော်များများတွင် ကန့်သတ်ချုပ်ချယ်မှုများ ရှိနေသော်လည်း
အောင်မြင်မှုများ ရရှိနေကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာHIV ကာကွယ်ရေး၊ ကုသမှုပြုရေးနှင့် အထောက်ကူပြုရေးဆီသို့
အမှန်တကယ်ခြေလှမ်း လှမ်းနေပြီ ဖြစ်ကြောင်း HIV ကာကွယ်ရေးနှင့်ကုသမှု အားစိုက်ထုတ် ရန်အတွက်
နိုင်ငံတကာအသိုင်းအ၀န်းက လက်တွဲ ကူညီ လုပ်ဆောင်သင့်ကြောင်း UNAIDS အမှုဆောင်ဒါရိုက်တာ
ပီတာပီရော့က ပြောသည်။


ခေတ်ပြိုင်သတင်း-၃ ဇွန် ၂၀၀၈- HIV ရပ်တန့််ဆေးရရှိသည့် ဝေဒနာရှင် (၃) သန်းခန့် ရှိပြီ


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top