မိမိတွင်
HIV ပိုး ရှိနေမှန်း သိလျက်နှင့် အမျိုးသားများအား အသိမပေးဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့သည့်
ဂျာမန်အဆိုတော် အမျိုးသမီးမှာ ထောင်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိသွားပြီဖြစ်သည်။
အသက်
၂၈ နှစ်အရွယ် pop အဆိုတော် နက်ဂျာဘန်နယ်ဆာသည် တစ်စုံတစ်ဦးအား ရောဂါပိုး ကူးစက်အောင်
ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ကြောင်း ပြစ်မှု ထင်ရှားသော်လည်း အများဆုံး ထောင်ဒဏ် ၁၀
နှစ်ထိ ကျခံရနိုင်ခြင်းကို ရှောင်လွှဲကာ ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်နှင့် ပြည်သူအကျိုးပြု
လုပ်ငန်းများ နာရီ ၃၀၀ ဆောင်ရွက်ရန်သာ ပြစ်ဒဏ်ချမှတ် ခံရသည်။ ဂျာမနီနိုင်ငံ၊ ဒါရမ်စတက်မြို့
တရားရုံးမှ အစိုးရရှေ့နေ မီတာလီဆန်ဖီးက နက်ဂျာသည် သူမတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သလို
သူမ၏ အမှားကိုလည်း သိမြင်နားလည်ခဲ့ကြောင်း ပြောကြားသွားသည်။
No
Angel အဖွဲ့မှ အဆိုတော်သည် အနည်းဆုံး အမျိုးသား ၃ ဦးအား သူမတွင် HIV ပိုးရှိမှန်း
သိလျက်နှင့် လိင်ဆက်ဆံခဲ့ပြီး တစ်ဦးကို ရောဂါပိုး ကူးစက်စေမှု အတွက် စွဲချက်တင် ခံရခြင်း
ဖြစ်သည်။ ထိုသူသည် ၂၀၀၄ ခုနှစ်က ၃ လတာ ကာလအတွင်း နက်ဂျာနှင့် ၇ ကြိမ် အတူအိပ်ခဲ့ဖူးပြီး
ယခုအခါ အသက် ၃၄ နှစ် ရှိနေပြီဖြစ်သည်။ ယင်းအမျိုးသားက နက်ဂျာကြောင့် ၎င်းတွင် ရောဂါပိုး
ကူးစက်မှန်း သိလာသည့်အခါ နက်ဂျာက ငွေပေးပြီး နှုတ်ပိတ်နေရန် တောင်းဆိုခဲ့ကြောင့် ပြောကြားသွားသည်။
Ref
: လူထုအသံ
BBC - HIV positive German popstar Nadja Benaissa sentenced
Mymcnews
- HIV ရှိမှန်းသိလျက်နှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံသည့် အမျိုးသမီးထောင်ဒဏ်မှ ကင်းလွတ်




