29
Aug

HIV ရှိရင် ကြွက်နို့ ပေါက်တယ်လို့ ဖတ်ရတယ်



မေး။
ကျွန်တော့်မှာ ကျားအင်္ဂါထိပ် အကြားစပ် အခြေပေါ်လေးမှာ ကိုင်ကြည့်ရင် မသိပေမယ့် သေချာကြည့်ရင်
မိတ်လို အနီစက်လေးတွေ မြင်နေရတယ်။ ရှိနေတာ တစ်နှစ်နီးပါး ရှိပါပြီ၊ မယားပါဘူး။ မနာပါဘူး။
HIV လက္ခဏာတွေ ကြည့်လိုက်တော့ HIV ရှိရင် ကြွက်နို့ ပေါက်တယ်လို့ ဖတ်ရတယ်။ ကျွန်တော့မှာလဲ
ကြွက်နို့ ပေါက်နေတယ်။ ခြေညှို့မှာ ပေါက်နေတယ်ဆရာ။

ဖြေ။
ကြွက်နို့က လိင်အင်္ဂါမှာ ပေါက်နေမှ လိင်ကတဆင့် ကူးစက်ရောဂါ အမျိုးအစားမှာ ပါတယ်။ ကြွက်နို့
တိုင်းက HIV နဲ့ မဆိုင်ပါ။ ပြောတဲ့ အနီစက်က ဖတ်ရတာကို မှန်းရင် ရောဂါ ဟုတ်ပုံ မရပါ
ဆက်ဆံတာ လုပ်ရင် အကာအကွယ် သုံးပါ။ လိုသေးရင် ပြောပါအုံး။ ကြွက်နို့က ဗိုင်းရပ်စ်ကနေ
ဖြစ်တယ်။ ဆရာ့ ဆိုဒ်မှာ ကြွက်နို့အကြောင်း ရေးထားတာ ရှိပါတယ်။ အနီစက်လေးတွေ ဆိုတာ ရောဂါ
ဟုတ်ပုံမရပါ။ တော်တော့ဆေး သွားမလိမ်းနဲ့။ နူးညံ့တဲ့နေရာဖြစ်လို့။

ဒေါက်တာတင့်ဆွေ

August
28, 2010

ဆေးပညာစာများ
(Medical Writings) -
HIV ရှိရင် ကြွက်နို့ ပေါက်တယ်လို့ ဖတ်ရတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top