8
Jan

HIV ရှိသူတွေ ဖန်တီးတဲ့ လက်မှုပစ္စည်းတွေ ဈေးကွက်ဝင်ဖို့ ခြေလှမ်းပြင်နေတယ်

အိတ်ခ်ျအိုင်ဗီရောဂါပိုးနဲ့ နေထိုင်ကြသူတွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ ပညာပေးဖို့နဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေသင်ပေးနေတဲ့ Action for Public အဖွဲ့ဟာ အခုတော့ လူမှုတာဝန်သိတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုအတွက် ခြေလှမ်း စတင်နေပါပြီ။ ဒီအဖွဲ့က ရောဂါပိုးရှိသူတွေအတွက် ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးမှာလဲ။

၂ဝဝ၈ ကနေ ၂ဝ၁၂ အထိ စက်ချုပ်သင်တန်း၊ စွမ်းဆောင်ရည်မြင့်သင်တန်းတွေ ပေးခဲ့တဲ့ Action for Public အဖွဲ့ဟာ အမှီအခိုကင်းကင်း ရပ်တည်နိုင်ရေးအတွက် စူပါမားကတ်တွေ၊ ဆိုင်တွေမှာ လက်မှုပစ္စည်း အရုပ်တွေကို တင်ရောင်းနိုင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာတော့ Pomelo ဆိုင်မှာ ရောဂါပိုးရှိသူတွေ ကိုယ်တိုင်လက်နဲ့ ဖန်တီးထားတဲ့ လက်မှုထည်တွေကို ရောင်းချခဲ့တယ်လို့ ထူထောင်သူ မကြည်ပြာချစ်စောက ပြောပါတယ်။

မြန်မာနိုင်ငံမှာ Social Business က မထွန်းကားသေးတဲ့အကြောင်း၊ အရင်က အိတ်ခ်ျအိုင်ဗီရောဂါပိုးရှိသူတွေ ဖန်တီးတဲ့ ပစ္စည်းတွေ၊ လက်မှုထည်တွေကို အလှူအဖြစ်ပဲ သုံးသုံး မသုံးသုံး ရောင်းချနေရာက မြန်မာ့ရိုးရာ ချည်စစ်စစ်နဲ့ မြန်မာဆန်ဆန် ဒီဇိုင်းတွေနဲ့ ပြုလုပ်ထားတဲ့ အရုပ်တွေကို တကယ့်ဈေးကွက်ထဲ လိုအပ်တဲ့၊ သုံးမယ့်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချမယ့်ဘက်ကို ဦးတည်သွားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းက မြန်မာပြည်သူတွေကြား စိတ်ဝင်စားမှုနည်းပေမယ့် ကမ္ဘာလှည့်ခရီးသည်တွေကြိုက်တဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းတွေဖြစ်တာကြောင့် ပြည်တွင်းဈေးကွက်မှာ လူကြိုက်များလာဖို့ လူအင်အား လိုနေတဲ့အပေါ် ကြိုးစားနေဆဲပါလို့ ဆိုပါတယ်။

သဇင်ဆေးခန်းမှာ စေတနာ့ဝန်ထမ်းလုပ်ခဲ့ရာက Action for Public နဲ့ ပူးပေါင်းခဲ့သူ မဌေးဌေးလွင်က သင်တန်းတွေတက်ခဲ့ပြီး အလုပ်အကိုင်ရှိလာခဲ့တာကြောင့် စီးပွားရေးလည်း ပြေလည်လာခဲ့တယ်လို့ ပြောပြပါတယ်။ စိတ်ဓာတ်ခွန်းအားလည်း ရှိလာပြီး မိသားစု ချို့ချို့တဲ့တဲ့ မရှိတော့ဘဲ ကိုယ်တိုင် ရောဂါပိုးရှိပေမယ့် နားလည်လာအောင် ရှင်းပြတယ်လို့ ဆိုပါတယ်။

ကမာရွတ် - HIV ရှိသူတွေ ဖန်တီးတဲ့ လက်မှုပစ္စည်းတွေ ဈေးကွက်ဝင်ဖို့ ခြေလှမ်းပြင်နေတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top