12
Jun

HIV ရှိ​လို့ ကလေး​တ​ဦး ကျောင်းထုတ်​ခံ​ရ

တောင်ဒဂုံမြို့နယ်မှာရှိတဲ့ မူလတန်းကျောင်းက ကျောင်းစတက်နေတဲ့ သူငယ်တန်းကျောင်းသား တဦးဟာ HIV ရောဂါရှိလို့ ကျောင်းကနေ ထုတ်ပယ် ခံလိုက် ရပါတယ်။

ကလေးဟာ ကျောင်းတက်ချင်တဲ့အတွက် မနက်အစောကြီး စာထကျက်နေတဲ့အတွက် သူ့ မိသားစုမှာ စိတ်မကောင်း ဖြစ်နေရပါတယ်။ ကလေးဟာ (၃) ရက်တိတိ ကျောင်းတက်ပြီးမှ ကျောင်းအုပ်ဆရာမကြီးကို ကျောင်းသားမိဘ တချို့ က ဖိအားပေး ပြောဆိုတာကြောင့် ကလေးကို ကျောင်းက ထုတ်လိုက်တာ ဖြစ်ပါတယ်။

ကျောင်းထုတ်ခံလိုက်ရတဲ့ ကလေးဟာ ခန္ဓာကိုယ်မှာ ဘာရောဂါလက္ခဏာမှမရှိဘဲ ကျန်းကျန်းမာမာ ရှိနေတဲ့အတွက် တခြားကျောင်းသားတွေနဲ့ ရောနှော နေထိုင် ရုံနဲ့ ရောဂါမကူးစက် နိုင်ဘူးဆိုတာ သေချာတယ်လို့ HIV ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ တာဝန်ခံတဦးက ဆိုပါတယ်။

လာမယ့် တင်္နလာနေ့မှာ အဲဒီကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီးကို ပညာသင်ကြားဖို့ ကျောင်းမှာ လက်ခံဖို့အတွက် သွားရောက် ပြောဆိုမယ်လို့လဲ  သူက ပြောပါတယ်။

HIV ရောဂါရှိတဲ့ ကလေးတွေ အတွက် သီးသန့်ကျောင်းဆိုတာ အစိုးရက မဖွင့်လှစ်ထားသေး ပါဘူး။

ဒီ့အပြင် အခမဲ့ ကျောင်းတွေကို အာဏာပိုင်အဖွဲ့အစည်းက ဖိအားပေးတာတွေ HIV ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ပေးနေသူတွေကိုလဲ အာဏာပိုင် တွေက နှောင့်ယှက်တာတွေ ရှိနေတာကြောင့် ပညာသင်ကြားချင်စိတ် ကြီးနေတဲ့ ဝေဒနာသည် ကလေးတွေအတွက် အခက်တွေ့ နေရပါတယ်။

ဘီဘီစီ - HIV ရှိ​လို့ ကလေး​တ​ဦး ကျောင်းထုတ်​ခံ​ရ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top