အာဖရိကတိုက် (ရဝမ်ဒါ) မှာ Lab on a chip လို့ ခေါ်တဲ့ စမ်းသပ်နည်းသစ်နဲ့HIV နဲ့ (ဆစ်ဖလစ်) ရှိ-မရှိ အမြန်နဲ့ အတိအကျ သိရှိနိုင်တာ တွေ့ရတယ်။
(ခရက်ဒစ်-ကဒ်) လို ကရိယာထဲကို သွေးနမူနာတွေ ထိုးသွင်းပေးမယ်။ မိနစ် ၂ဝ မှာ အဖြေဖတ်လို့ ရတယ်။ မြန်လဲမြန်၊ မှန်လဲမှန်၊ လွယ်လဲလွယ်ပြီး ဈေးနှုန်းပါ ချိုသာတာမို့ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ သုံးဘို့ ကောင်းမယ် လို့ Online by Nature Medicine မှာ ပါရှိတယ်။
(မြောက်-ကယ်ရိုလိုင်းနား)၊ RTI International ရဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်သူ Doris Rouse ပြောတာက “ခြေလှမ်း အကြီးကြီး” ဖြစ်တယ်တဲ့။ သူမဟာ တကမ္ဘာလုံး ဆေးပညာ-နည်းသစ်တွေကို အထူးပြုနေသူ ဖြစ်ပြီး ပြောခဲ့တဲ့ သုတေသနမှ မပါခဲ့ပါ။
နာရီဝက်နဲ့ အဖြေသိနိုင်ပြီး ဈေးချိုတဲ့ HIV tests တွေ ပေါ်နေတာ နဲနဲကြာပါပြီ။ ဒီနည်းက Lateral flow ဘေးတိုက်-စီးကြောင်း ခေါ်တဲ့ နည်းဟောင်း ဖြစ်တယ်။ ကိုယ်ဝန် ရှိ-မရှိ စမ်းရတာမျိုးလို စမ်းသပ်ချောင်းလေး ပေါ်မှာ သွေးဖြစ်ဖြစ်၊ ခန္ဓာကိုယ် အရည်ဖြစ်ဖြစ် တင်ပြီး စမ်းနည်း ဖြစ်ပါတယ်။ အရောင်ပေါ်တာ ကြည့်ပြီး အဖြေဖတ်နည်းပါ။ ဒီနည်းကလဲ အားကိုးစရာ ဖြစ်တယ်။ တချို့ မချမ်းသာတဲ့ နိုင်ငံတွေမှာ လူအတော်များများကဈေးကြီးပြီး အချိန်လဲယူတဲ့ နည်းကို သုံးနေကြတယ်။
အခု စမ်းသပ်မှု လုပ်သူတွေထဲက တယောက်ဖြစ်တဲ့ London School of Hygiene and Tropical Medicine က ရောဂါ ရှာဖွေရေး သုတေသီ Rosanna Peeling ကတေ "အခု နည်းသစ်နဲ့ ဓါတ်ခွဲခန်း မလိုဘဲ လုပ်နိုင်မှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
(ချစ်ပ်-ဓါတ်ခွဲခန်း) နည်းကနေ ၁ဝဝ% စမ်းသပ် တွေ့ရှိတယ်။ လူ ၇ဝ ထဲမှာ အမှန်ဟုတ်ဘဲ အပေါင်းပြသူ တယောက်ဘဲ ပါတယ်။ HIV နဲ့အတူ (ဆစ်ဖလစ်) ကိုပါ တွဲစမ်းတော့လဲ Syphilis ရှိတာကို ၉၄% စမ်းလို့ တွေ့တယ်။ ၆၇ ယောက်မှာ ၄ ယောက်သူ မမှန်တဲ့ အပေါင်းပြတာဟာ များတာ မဟုတ်ပါ။
နောက် သုတေသီ တယောက် ဖြစ်တဲ့ Columbia University က (ဘိုင်အို-ခင်မီကယ်လ်) အင်ဂျင်နီယာ Samuel Sia ပြောတာက "ဒီနည်းဟာ ခက်ခဲတဲ့ နေရာဒေသတွေမှာ ပြည့်စုံမှု သိပ်မရှိလဲ အောင်မြင်မဲ့နည်း
ဖြစ်ပါတယ်။"
WHO အဆိုအရ လူဦးရေ စုစုပေါင်းရဲ့ ၃% မှာ HIV ကူးစက်နေသူတွေ နေထိုင်ရာ (ရဝမ်ဒါ) မှာ ဒီစမ်းသပ်နည်း လုပ်ခဲ့တာပါ။
Sia ရဲ့ အဆိုအရ ဒီ Chip နဲ့ hepatitis B အသဲရောင် ဘီပိုး၊ C စီပိုး၊ herpes ရေယုံ၊ Gonorrhea ဂနိုးရီးယား နဲ့ Chlamydia (ကလာမိုင်းဒီးယား) ဆိုတဲ့ ရောဂါတွေကို စမ်းသပ်ကောင်း စမ်းသပ်နိုင်မယ် ထင်ပါတယ်။ ဒီလိင်ကတဆင့် ကူးစက် ရောဂါတွေက HIV နဲ့ တွဲနေတတ်တယ်။ ဒါတွေကို စမ်းဘို့ရာ မြန်ဆန်တာ ဈေးချိုတာ မရှိသေးပါ။ ဒါ ဖြစ်လာရင်တော့ တထိုင်ထဲ၊ သွေးတခါ ထုတ်တာထဲနဲ့ တပါထဲ စမ်းသပ်နိုင်ပါလိမ့်မယ်။
အဲဒီ mChip ဆိုတာကို ၂ ဒေါ်လာ၊ ၃ ဒေါ်လာလောက်နဲ့ ရောင်းနိုင်စရာရှိတယ်။ ရှိပြီးသား နည်းတွေက ၄ ဒေါ်လာ ပေးရပြီး၊ HIV တမျိုးထဲ ကိုသာ စမ်းလို့ ရတယ်။ လက်ရှိနည်းက ရှိ-မရှိ ဆိုတာ ဖတ်ရသေးတာ။ အခုနည်းမှာ ATM ပိုက်ဆံထုတ်စက် သဘောမျိုး ထည့်ပေးထားတော့ တခါထဲ တန်းပြီး အပေါင်း-အနုတ်ပြမယ်။
WHO HIV/AIDS ဌာနက ဒါရိုက်တာ Gottfried Hirnschall ကနေ (အီးမေးလ်) နဲ့ ပြန်ရေးပြီး မှတ်ချက်ပေးတယ်။ "တိုးတက်မှုကို ကြိုဆိုပါတယ်။ အသုံးကြမှာ အမှန်ပါ။ ဒီနည်းနဲ့ HIV နဲ့ syphilis ရှိနေသူ မိခင် လောင်းကနေ မွေးလာမဲ့ ကလေးတွေကို ကူးစက်မှာကို ပပျောက်စေအောင် နဲ့ စောစောစီးစီး ကုသမှု ရကြစေအောင် လုပ်ပေးနိုင်ပါလိမ့်မယ်။"
အိန္ဒိယ၊ ဘယ်လ်ဂူယမ် မှာရှိတဲ့ Jawaharlal Nehru Medical College က Shiva Goudar ပြောတာက "ဆေးရုံ-ဆေးခန်း နဲ့ ၂ နာရီ ၃ နာရီ ခရီးအကွာမှာ နေတဲ့ ကိုယ်ဝန်ဆောင်တွေဟာ သွေးစစ်အဖြကို ၂ ရက်စောင့်နေရတာ ဖြစ်တယ်။" "အခု နည်းသစ်ကို ဒေသခံ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူတွေ လက်ထဲ ထည့်ပေးထားရင် အချိန်ရော သယ်ယူ ပို့ဆောင်နေရတဲ့ ဒုက္ခရောပါ သက်သာပြီး အများကြီး အကျိုးများစေပါလိမ့်မယ်။"
USAID က ကမကထ လုပ်ပြီး Gates Foundation နဲ့ တခြား အဖွဲ့အစည်းတွေကနေ “Saving Lives at Birth” မွေးကတည်းက အသက်တွေ ကယ်ရေး အတွက် ပြိုင်ပွဲလုပ်တော့ အဖွဲ့ပေါင်း ၁၈ ဖွဲ့ နာမည်စာရင်း ထွက်ထာထဲမှာ အခုဟာလဲ တခု အပါအဝင် ဖြစ်ပါတယ်။ ဒါကို ပြီးခဲ့တဲ့ အပါတ်က ဝါရှင်တန်မှာ လုပ်တဲ့ မိခင်-ကလေး-ကျန်းမာရေး ပြိုင်ပွဲမယ် ဝင်ပြိုင်ခဲ့တာ ဖြစ်တယ်။ ဆုရတဲ့အဖွဲ့ဟာ ၂ဝ၁၁ အတွက် ဒေါ်လာ ၁၄ သန်း အကူအညီ ရပါလိမ့်မယ်။
“ငွေကြေး အထောက်အပံ့က ဆက်လုပ်စရာတွေအတွက် အလွန် အရေးပါတယ်။ ကုမ္ပဏီတွေက စိတ်မဝင်စားကြရင် တကယ့် ကွင်းပြင်ကို ရောက်ဘို့ ၂ နှစ် ၃ နှစ် ကြာသွားနိုင်တယ်။”
Sia ခန့်မှန်းတာက "ကမ္ဘာ့ ကျန်းမာရေး အသိုင်းအဝိုင်းက စိတ်ဓါတ် တက်ကြွနေပေမဲ့ ပညာပိုင်းကနေ လက်တွေ့ပိုင်းကို ဘယ်လို သွားမလဲ ဆိုတာ မေးခွန်း ဖြစ်ပါတယ်။"
ဒေါက်တာတင့်ဆွေ (၁-၈-၂ဝ၁၁)




