7
Aug

HIV လူနာများ၌ ၀မ်းဗိုက်အဆီ လျော့ကျစေသည့် ဆေးဖြင့် အသည်းအဆီ လျှော့ချနိုင်မည်

HIV ပိုးကူးစက်ခံထားရပြီး ဗိုင်း ရပ်စ်သတ်ဆေး ကုသမှုခံယူနေသူ များ၌ ၀မ်းဗိုက်အဆီ လျှော့ချပေးမည့် ဆေးသစ်တစ်မျိုးသည် အသည်း အဆီ ဖုံးခြင်းကိုပါ လျှော့ချပေးမည် ဖြစ်ကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။ အရက်မသောက်ဘဲ အသည်း အဆီဖုံးသူများတွင် ပြဿနာကြီးကြီး မားမား မရှိသော်လည်း ရောဂါတစ် ခုခုကြောင့် အသည်းအဆီဖုံးသူများ၌ အသည်းရောင်ခြင်း၊ အသည်းပျက် စီးခြင်းနှင့် အသည်းကြပ်ခြင်းတို့မှ အသည်း ကင်ဆာအထိ ဖြစ်တတ်သည်။

HIV ကူးစက်ခံထားရသူ (၃၀) ရာခိုင်နှုန်းမှ (၄၀) ရာခိုင်နှုန်းအကြား တွင် အသည်းအဆီဖုံးလေ့ရှိပြီး ဗိုင်း ရပ်စ်သတ်ဆေး သောက်သုံးနေသူ (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင် နှုန်းတွင်ဝမ်းဗိုက်အဆီများပါ ဖုံးလွှမ်းလာလေ့ရှိသည်။ ၀မ်းဗိုက်အဆီများသူများအတွင် Tesamorelin အမည် ရှိဆေးကို ပေးသွင်းလိုက်ပါက အဆီ များလျော့ကျစေနိုင်သည်။

HIV ဗိုင်းရပ်စ်သတ်ဆေးများ သောက်သုံးနေပြီး ၀မ်းဗိုက်အဆီ ဖုံးလွှမ်းနေသူ (၄၈) ဦးကိုစုဆောင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ တစ်ဖွဲ့ကို Tesamorelin ဆေးနေ့စဉ်ထိုးစေပြီး တစ်ဖွဲ့ကို အာနိသင်မဲ့ဆေး နေ့စဉ်ထိုးစေသည်။ သုတေသနပြီးဆုံးသောအခါ Tesamorelin ဆေးထိုးသူများ၌ ၀မ်းဗိုက် အဆီများပါ လျော့ကျသည့်အပြင် အသည်းအဆီများပါ သိသိသာသာ လျော့ကျလာသည်ကို တွေ့ရသည်။ အာနိသင်မဲ့ဆေး ထိုးနေသူများတွင်မူ ၀မ်းဗိုက်အဆီနှင့် အသည်းအဆီများ ပုံမှန်နှုန်းအတိုင်း မြင့်တက်နေဆဲ ဖြစ်သည်ကိုတွေ့ရသည်။

“ဝမ်းဗိုက်အဆီဖုံးနေတဲ့ HIV ကူးစက်ခံလူနာတွေမှာ အင်ဆူလင် ဟော်မုန်း ယဉ်ပါးနေတတ်သေးတာကြောင့် Tesamorelin လိုမျိုး အင်ဆူလင် အာနိသင်ကျစေတဲ့ ဆေး တွေထိုးတဲ့ အခါမှာရေရှည်ကောင်း ကျိုး၊ ဆိုးကျိုးတွေကို ကြည့်ရပါသေး တယ်။ ဒါပေမယ့် Tesamorelin ဆေးရဲ့ အင်ဆူ လင် အာနိသင်ကျစေ တဲ့ဆိုးကျိုးဟာ ယာယီပါပဲ Tesamorelin ထိုးနေတာကြောင့် အသည်း ရောင်တဲ့အခါ မြင့်တက်လာတဲ့ သွေး တွင်း AST ဓါတ်ပမာဏပါ ကျဆင်း လာပါတယ်” ဟု ဟားဗတ်ဆေး တက္က သိုလ်မှ ဆေးပညာပါမောက္ခ Steven Grinspoon ကဆိုသည်။

ဇော်ကို
Ref;MDI

Health Updates Journal - HIV လူနာများ၌ ၀မ်းဗိုက်အဆီ လျော့ကျစေသည့် ဆေးဖြင့် အသည်းအဆီ လျှော့ချနိုင်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top