အိပ်ခ်ျအိုင်ဗွီပိုး ရှိသူများကို စောင့်ရှောက်မှု ပေးနေသော အေးမြ ကရုဏာ ဖောင်ဒေးရှင်းတွင် အလှူရှင်များ လိုအပ်နေကြောင်း ယင်းဖောင်ဒေး ရှင်းမှ သိရသည်။
အဆိုပါ ဖောင်ဒေးရှင်းတွင် အိပ်ခ်ျအိုင်ဗွီပိုး ရှိသူ ၆ဝ ကျော်ကို တည်းခိုရေးနှင့် အာဟာရ အတွက် အဓိက ထောက်ပံ့ပေးလျက် ရှိကြောင်း အေးမြ ကရုဏာဖောင်ဒေးရှင်းမှ နာယက ဆရာတော် ဦးကုဏ္ဍလက မိန့်သည်။ လက်ရှိတွင် ၄င်းတို့၏ အာဟာရ အတွက် ဖောင်ဒေးရှင်း၏ စိုက်ပျိုး သီးနှံများ အပေါ်တွင် အဓိကမှီခိုနေရကြောင်း ၄င်းက ပြောသည်။
ဖောင်ဒေးရှင်း၌ လက်ခံထား သောလူများတွင် လူလတ်ပိုင်း အများဆုံး ဖြစ်ပြီး တစ်နေ့လျှင် အာဟာရ သုံးကြိမ် ကျွေးရပြီး ရေရှည်တွင် အာဟာရ အတွက်ပင် အခက်အခဲများ ရှိနေကြောင်း ၄င်းကပြောသည်။ အေးမြ ကရုဏာ ဖောင်ဒေးရှင်းကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ မှစတင် ဖွဲ့စည်းခဲ့ပြီး (ဈ) ရပ်ကွက်၊ မေဓာဝီလမ်း၊ ဝေဘာဂီ အထူး ကုဆေးရုံရှေ့၊မြောက်ဥက္ကလာတွင် ဖွင့်လှစ်ထားသည်။
လှူဒါန်းလိုပါက (ဝ၉၄၂၁ ၁၃၂၉၂၁၊ ဝ၉-၄၃၁၁၂၁၁၉၊ ဝ၉-၇၃၄၉၄၂ဝ၇) သို့ ဆက်သွယ်နိုင် ကြောင်းသိရသည်။
မြတ်စုငြိမ်း (ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁)
Popular Myanmar - HIV လူနာ စောင့်ရှောက်ပေးနေသော အေးမြကရုဏာ ဖောင်ဒေးရှင်း အလှူရှင် လိုအပ်နေ




