28
May

HIV သတင်းအချက်အလက်လေး သိချင်လို့ပါ - ၂



Q- မိတ်ဆွေနဲ့ရင်းနှီးတဲ့ ဆရာဝန်ကောင်းများနဲ့ ဖြစ်နိုင်ရင် လမ်းညွှန်ပေးစေလိုပါတယ်
ကျွန်တော်က အားကစားလုပ်ရတာဝါသနာလည်းပါ ပါတယ်။ အခု အားဆေးတွေပဲ
သောက်နေပါတယ်....။ ပိုးထိန်းဆေးကိုလည်းမသောက်ချင်ပါဘူး။
ကျွန်တော့်ရဲ့ အမျိုးသမီး ကလည်း နားလည်ပေးပါတယ် ပြီးတော့ကူညီဖေးမပေးပါတယ်။
တစ်ခါတလေ အရေပြား ပေါ်မှာ အဖူးတွေတော့ပေါက်ပါတယ်။ ဘာလိမ်းရင်ကောင်းမလဲ ကြွက်နို့လဲ ဖြစ်ပါ တယ်.. အခုထိတော့ ကျန်းမာတုန်းပါပဲ။
HIV နဲ့ ပတ်သက်တဲ့ ဗဟုတုသတွေကိုလည်း ဖြစ်နိုင်ရင်
ပြောပြပေးစေ လိုပါတယ်။ အဆစ်တွေတော့ နဲနဲနာလာတယ်။ အခုတလော ကျွန်တော်က နယ်ခရီးသွားရတဲ့ အလုပ်ကို လုပ်ရပါတယ်။
ဘယ်လိုအားဆေးတွေက ကောင်းလဲ ဆိုတာကို ပြောပြပေးပါဦး မိတ်ဆွေရဲ့ အခုလို
အားပေးစကားတွေ ဖတ်ရ ကြားရတော့။ ကျွန်တော် အားရှိလာပါတယ်။

 

A- ပိုးထိန်းဆေးကို မသောက်ချင်လို့ မသောက်တာထက်စာရင်.... ကိုယ်ဟာ ပိုးထိန်းဆေးကို
သောက်ဖို့လို
မလို ဆိုတာကို သိထားရင် ပိုကောင်းပါတယ်.....
ဆိုလိုတာက ဆရာဝန်နဲ့ မကြာခဏ တိုင်ပင်သင့်ပါတယ်....အခုတော့ ကျန်းမာနေလို့ ဆရာဝန်နဲ့ မတိုင်ပင်သင့် သေးဘူးလို့ မယူဆစေချင်ပါဘူး....


အားကစား လုပ်တာကတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်.....။
ဒါပေမယ့် အရမ်း ပြင်းထန်တဲ့ လေ့ကျင့်ခန်း မျိုးတွေကိုတော့ ရှောင်သင့် ပါတယ်....


အားဆေးသောက်တာကိုတော့ ဆရာဝန်တစ်ယောက်အနေနဲ့ သိပ်သဘောမတွေ့လှပါဘူး...
အားဆေးဆိုတာ အစာကောင်းကောင်း မစားနိုင်တဲ့ သူတွေ အထူးသဖြင့် ကလေးငယ်တွေ
အသက်ကြီးရွယ်အိုတွေ နလန်ထစ လူမမာတွေ အတွက် ပိုသင့်တော်ပါတယ်....
ပါးစပ်က အရသာတွေ့ပြီး ကောင်းကောင်းစားနိုင်သရွေ့ အားဆေးဆိုတာ မလိုအပ်ပါဘူး....
ပုံမှန် စားနေရင် အားဆေး မလိုပါဘူး တစ်ခု ရှိတာကတော့ ပုံမှန်စားတဲ့
နေ့စဉ် အစာတွေမှာ အာဟာရ တန်ဖိုး ကြွယ်တဲ့ အစားစာတွေ များများပါဖို့တော့ လိုပါတယ်....


အားဆေးအမျိုးမည်ပေါင်းများစွာကို ဈေးကွက်ထဲမှာတွေ့နိုင်ပါတယ်.....။
ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေလည်း တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး.....
ဘယ်လိုဆေးမျိုးက သင့်တော်လဲ ဆိုတာတော့ ပြောရ အတော်ခက်ပါတယ်......
အားဆေးတွေကတော့ နီးစပ်ရာဆရာဝန်နဲု့ တိုင်ပင်ပြီး သောက်နိုင်ပါတယ်...
ဆေးအမည် ပြောပြီး ကြော်ငြာတာမျိုးလည်း မလုပ်ချင်
လို့ပါ....
မသင့်တော်တဲ့ ဆေးတွေကတော့ တိုင်းရင်းဆေး တွေပါ....
ဒီနေရာမှာ တိုင်းရင်းဆေးဟာ မကောင်းဘူးလို့မဆိုလိုပါဘူးအထူးသဖြင့် HIV ပိုးရှိသူတွေအတွက် မသင့်တော်ဘူး
လို့ပဲ ဆိုပါရစေ


အရေပြားမှာ အဖုတွေပေါက်တာ ကြွက်နို့ပေါက်တယ်ဆိုတာ HIV ပိုးရှိသူတွေမှာ တွေ့ရ တတ်တဲ့ အဖြစ်ပျက်တွေပါ...ဒါဟာ ပြင်ပက ရောဂါပိုးတွေ ၀င်ရောက် ဖိစီးနေတယ်ဆိုတာကို ပြတာဖြစ်ပါတယ်....
အရေးကြီးပါတယ်...အထူးသဖြင့် ကြွက်နို့ကို
အပြင်မှာ ကုလို့ မပျောက် ပါဘူး...
ဆေးမီးတိုနဲ့ကုရင် ပိုပွားတတ်ပါတယ်.....
လိမ်းဆေးလိမ်းလဲ မသက်သာ တက်ပါဘူး....အကောင်းဆုံးကတော့
ဆရာဝန်နဲ့ပြပြီး တိုင်ပင်ပါ


ဒါတွေရှိနေရင်တော့ အရေပြားဆရာဝန် သို့မဟုတ် ခုခံအားကျ အတူးကုဆရာဝန်ကြီးတွေနဲ့
ပြသင့်ပါတယ်....
ရန်ကုန်မှာဆို ရန်ကုန်ဆေးရုံကြီး ကာလသားနဲ့
ခုခံအားကျရောဂါအဖွဲ့မှာ ဆရာဝန်တွေ ထိုင်ပါတယ်....
မင်္ဂလာဒုံနဲ့
ဝေဘာဂီ (မြောက်ဥကလာ) ဆေးရုံကြီးတွေမှာလည်း ပြင်ပလူနာဌာနမှာ ပြလို့ရပါတယ်...
.။
ပြင်ပ အူးကုဆေးခန်း တွေမှာလည်း ဆရာဝန်ကြီးတွေ
ရှိပါတယ်...


NGO အဖွဲ့အနေနဲ့ကတော့ လှိုင်သာယာမှာ နယ်စီးမခြားအဖွဲ့ကနေပြီးတော့
ဖွင့်တဲ့
"သဇင် ဆေးခန်း" ဆိုတာရှိပါတယ်သာကေတမှာလဲ ရှိပါတယ် သဇင်ဆိုတဲ့
နာမည်နဲ့ပါ


ခရီးသွားရတာများရင်တော့ ကိုယ်ခံအား(ခုခံအား) ကျတက်ပါတယ်....
အအိပ် အစား ဆင်ခြင် သင့်ပါတယ်....ခရီးပန်းရင်
အအိပ်အစားမမှန်ရင် ကိုယ်ခံအားပိုကျတတ်ပါတယ်....
အဆစ်နာတာတော့
ရောဂါ အတိအကျပြောဖို့ခက်ပါတယ်...
.။


HIV/AIDS နဲ့ ပက်သက်တဲ့ ဗဟုသုတတွေကိုတော့ အပြင်မှာလဲ စာအုပ်တွေ ရှိပါတယ်.....
NGO အဖွဲ့တွေကလည်း စာစဉ်တွေ ထုတ်ပါတယ်...အလှမ်းတော့ နည်းနည်း ဝေးနေမယ် ထင်ပါတယ်.....နောက်ရက်မှာ
HIV နဲ့ ပက်သက်ပြီး ၀န်ဆောင်မှုပေးနေတဲ့ အဖွဲ့စည်းတွေကို ပြောပြပါ့မယ်.....

 

ဒီလောက်ဆိုရင်တော့ ကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်.......

 

အခုလို
မေးလာတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top