Q- ကျနော် စပြီးမှားခဲ့တာ အခု ၂ နှစ် ဝန်းကျင်လောက် ရှိပြီ။
အိတ်ခ်ျအိုင်ဗွီ သံသယရှိလို့ ဆေးစစ်ခဲ့တာ ဘာရောဂါမှ မတွေ့ခဲ့ဘူး။ ဒါပေမယ့် အခု အဲဒီရောဂါ
လက္ခဏာနဲ့ တူတဲ့ ပုံစံမျိုးနေတွေ ဖြစ်နေသလားလို့ ခံစားရတယ်။ သံသယဖြစ်နေတယ်။ အဲဒါကို
ဘယ်လို လုပ်ရမလဲ ပြောပြပေးပါ။
A- မှားထားတဲ့
သံသယအတွက် စိတ်သောက ရောက်တတ်တာ သဘာဝပါ။ သေချာအောင်
သွေးပြန်စစ်တာ ပိုကောင်းပါတယ်။
အရင်က စစ်ခဲ့တယ်ဆိုတာက ဘယ်နေရာမှာ ဘယ်သူ့ရဲ့
ညွှန်ပြမှုကြောင့် စစ်ခဲ့တာလဲ ဆိုတာ သိရင်ပိုကောင်းပါတယ်။
မိမိသဘောနဲ့ စစ်ခဲ့တာဆိုရင်တော့ ထားလိုက်ပါ။
စိတ်ထဲက သံသယတွေ ရှင်းသွားအောင် ပြန်စစ်တာ ပိုကောင်းပါတယ်။ စစ်လို့ရတဲ့ နေရာတွေကို ၀က်ဆိုက်မှာ ပြထားပါတယ်။
ဥပမာ ကြည့်မြင်တိုင်က QC center မှာလည်း စစ်လို့ရပါတယ်။
====
အခု လင့် ကို နှိပ်ပြီး ရန်ကုန်မြို့ရှိ ဝန်ဆောင်မှုများ လိပ်စာဖိုင်ကို
ရယူနိုင်ပါသည်။
====
HIV ပိုးအတွက် သွေးစစ်တယ် ဆိုရာမှာ တခြား ကိစ္စတွေ
ရောဂါတွေမှာ စစ်သလိုမျိုး အခု စစ် အခု အဖြေယူ ဆိုတဲ့ ပုံစံမျိုး မလုပ်သင့်ပါဘူး။
ဘာလို့လဲဆိုတော့ စစ်လို့ အဖြေက positive ပြနေရင် ပြဿနာက စပါတော့တယ်။
လူမှုရေးပြဿနာ
စိတ်ဓာတ်ရေးရာပြဿနာ
အလုပ်အကိုင် အခွင့်အလမ်းပြဿနာ
ဆေးကုရမယ့်ပြဿနာ
နောက်ရေးအတွက်...
အို... အမျိုးစုံသော
ပြဿနာတွေကို ရင်ဆိုင်မှာပါ။
ဒါကြောင့်
၁) သွေးမစစ်ခင် နားလည်တတ်ကျွမ်းတဲ့သူတွေ (Counsellor)
နဲ့ ကြိုတင်ပြီး ဆွေးနွေးမှု
လုပ်သင့်ပါတယ်။
၂) ပြီးမှ
သွေးစစ်သင့်ပါတယ်။
၃) သွေးစစ်ပြီး
ရင်လဲ ရလာတဲ့ အဖြေပေါ် မူတည်ပြီး နောက်ထပ် ဆွေးနွေးမှု ပြုလုပ်သင့်ပါတယ်။
သေွးစစ်ပြီးရင်တော့ အဖြေက negative သို့မဟုတ် positive
(၂) မျိုးပဲ ထွက်မှာ ဖြစ်ပါတယ်။ (တစ်ခါတစ်ရံ
အဖြေ မသေချာတာတွေလည်း တွေ့ရတက်ပါတယ်။) Negative ဖြစ်တယ် ဆိုပါစို့...... ငါကွ ဆိုပြီး လက်မ မထောင်လိုက်ပါနဲ့ ...အခု လက်ရှိမှာ
မရှိဘူးလို့သာ ပြောတာပါ။ ဆက်ကဲနေမယ်.... (အန္တရာယ်ရှိတဲ့ အပြုမူတွေကို ဆက်လုပ်နေမယ်) ဆိုရင်
နောက်ထပ် HIV ကူးဖို့ အခွင့်လမ်းရှိနေပါသေးတယ်။
ဆိုလိုတာက တစ်ခါစစ်ပြီးလို့ negative ဖြစ်တာက တစ်သက်လုံး အတွက် မဟုတ်ပါဘူး။
postive အဖြေထွက်ရင်တော့ စောစောက ပြောခဲ့တဲ့ ပြဿနာတွေကို ဘယ်လို ရင်ဆိုင်မလည်း ဆိုတာကို Counsellor နဲ့ ဆွေးနွေးသင့်ပါတယ်။
အထက်ကပြောခဲ့တဲ့ QC
center လို နေရာမျိုးတွေမှာ ဆွေးနွေးပြီး သွေးစစ်တာမျိုး လုပ်ပေးပါတယ်။
ရန်ကုန်က ဓာတ်ခွဲခန်း အတော်များများကတော့ ဒီလို ဆွေးနွေးမှု လုပ်တာ မရှိပါဘူး (တကယ်တော့ လုပ်သင့်ပါတယ်။)
ဒီလောက်ဆို ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
လေးစားလျက်
လမင်းကို




