10
Sep

HIV (သို့မဟုတ်) HPV ကူးစက်ခံနေရပြီလား (အမေးအဖြေ) နောက်ဆက်တွဲ

မေး။    ။ လောလောဆယ် နောက်လထဲမှာ စာမေးပွဲရှိလို့ သွေးသွားစစ်ဖို့ အဆင်မပြေသေးလို့ပါ။ ပြီးတာနဲ့ ချက်ချင်း သွားစစ်လိုက်ပါ့မယ်။ ကျနော် သိချင်တာလေး ရှိလို့ပါ။ HIV ပိုး ရှိတဲ့ လူနာ တွေမှာ အရေပြား ပြဿနာတွေ ဖြစ်တယ်လို့ ကြားဖူးပါတယ်။ ဘယ်လို အရေပြား ပြဿနာတွေလည်းဆိုတာ ဗဟုသုတ အနေနဲ့ ရှင်းပြပေးပါလား။ နောက်ပြီး ကျနော်က ဆေးလိပ် သောက်တတ်ပါတယ်။ အရင်က မမောတတ်ပါဘူး၊ အခုနဲနဲလေး လှုပ်ရှားတာနဲ့ မောသလို ဖြစ်ပါတယ်။ ကိုယ်အလေးကလည်း တတ်လာတယ်ဆိုတော့ သို့လောသို့လော အတွေးမျိုးစုံနဲ့ပါ။

နောက် လွန်ခဲ့တဲ့ ၉ လ တုံးကတော့ မဖျားဖူးပါဘူး။ နောက် အရင်က နှာ သိပ်မချေ ပေမယ့် နောက်ပိုင်းမှာ နှာခဏခဏ ချေပါတယ်။ ထူးထူးခြားခြားတော့ မရှိပါဘူး။ အရင်က အသိ ဆရာဝန် တစ်ယောက်က alerday သောက်ကြည့်ခိုင်းလို့ သောက်ဖူးပါတယ်၊ allergy ဖြစ်တာ တစ်ပါတ်လောက် သက်သာ သွားပါတယ်၊ နောက်တော့ ဖြစ်မြဲပါပဲ။ လွန်ခဲ့တဲ့ ၉ လ အရင်ကတော့ vitamin E 400 သောက်ဆေးသောက်ဖူးပါတယ်။ အသားအရေ လှတယ်ဆိုလို့ပါ၊ ၁ လ လောက်သောက်ဖူး ပါတယ်။ ကျေး ဇူးပြု၍ ဖြေကြားပေးပါ။ စာမေးပွဲပြီးရင်တော့ သွေးစစ်ဖြစ်အောင်စစ်ပါ့မယ်။ allergic ကိုလဲ လောလောဆယ် သောက်လို့ ရမယ့် ဆေးများ ရှိရင် ပြောပြပေးပါ။

ဖြေ။    ။ ဟုတ်ကဲ့ စာမေးပွဲ ရှိတယ်ဆိုရင်တော့ အချိန်ရမှ သွေးစစ်ပါ။

HIV ပိုးရှိသူတွေမှာ အဖြစ်များတဲ့ အရေပြား ပြဿနာတွေကတော့

- ၀ဲကဲ့သို့ ယားနာ ဖုးကလေးများပေါက်ခြင်း
- ရေခြောက်၊ ရေယုံပေါက်ခြင်း
- လက်သည်း ခြေသည်း မှိုစွဲခြင်း
- ပေါင်ကြား၊ ဂျိုင်းကြား နေရာများတွင် အကြိတ်များပေါက်ခြင်း
- လိင်အင်္ဂါ၊ ပေါင်းခြား၊ ဂျိုင်းကြား၊ ခြေထောက်၊ လက် စသည်တို့တွင် ကြွက်နို့ပေါက်ခြင်း

အထက်ပါ ပြဿနာတွေက ပိုးရှိသူတိုင်းမှာ မဖြစ်ပါဘူး။ ကိုယ်ခံအား ကျတဲ့ အချိန်တွေမှာ ဖြစ်တာများပါတယ်။ အထူးသဖြင့် အာဟာရချို့တဲ့ပြီး ကိုယ်ခံအားနည်းနေရင် အရေပြား ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဆေး လိပ်သောက်ရင် မောတတ်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်သူတွေမှာ အဆုတ်က လေပြွန်ငယ်လေးတွေ ပျက်စီးတော့ မောတတ်ပါတယ်။

ကိုယ်အလေးချိန် ၀လာတာလည်း မောဖို့ ဖြစ်စေတာပဲ။ ကိုယ်အလေးချိန် တက်လာရင် အဆီပိုတွေ လည်ချောင်းမှာ ရှိမယ်၊ ကိုယ်ထဲ သွေးထဲ အဆီတွေများရင် မောတတ်ပါတယ်။ ကိုယ်အလေးချိန် တက်တာ၊ ဆေး လိပ်သောက်တာက လေပြွန်လမ်းကြောင်း (အထူးသဖြင့် လည်ချောင်း နှင့် အဆုတ်) ကို အားနည်းစေလို့ နှာစေးချောင်းဆိုး ဖြစ်တာ မဆန်းပါဘူး။ ဆေးလိပ်ဖြတ်လိုက်ရင် အဲဒါတွေ သက်သာသွားမှာပါ။

Allergic အတွက် ဆေးမျိုးစုံသောက်လို့ ရပါတယ်။ စားမေးပွဲအချိန်မှာ သတိပြုရမှာကတော့ allergic ဆေးအများစုက အိပ်ငိုက်စေပါတယ်။ စာမေးပွဲ ရက်မှာဆို အိပ်မငိုက်စေတဲ့ ဆေးတွေကို ရွေးသောက်ပါ။ ဥပမာ-
Loratidine  or Das-Loratidine ကို တစ်နေ့ ၂ ခါသောက်ပါ ။

ဗိုက်တာမင် E ကို အမျိုးသားတွေ မသောက်သင့် ပါဘူး။ မသောက်ပါနဲ့လို့ ဆိုပါရစေ။ ကိုယ်အလေးချိန် တတ်တာ ဒီလို ဗိုက်တာမင် E တွေ သောက်တာနဲ့လည်း စပ်ဆက်ပါတယ်။ အသားရေ တစ်ကယ်လှချင်ရင် အရည်ရွမ်းတဲ့ အသီးအရွက်၊ အရောင်စုံတဲ့ အသီးအရွက်တွေကို စားပါ။ ဆေးသောက်ပြီး အသားရေ ထိန်းသိမ်းတာကို အားမပေးပါဘူး။

ဒီလောက်ဆို ကျေနပ်လိမ့်မယ်လို့ မျှောင်လင့်ပါတယ်

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top