9
Dec

HIV အကျိုးဆက်ကြောင့် ရောဂါ ဖြစ်ပွားမှုနှုန်း နှစ်အလိုက် ကျဆင်းလာ

မြန်မာနိုင်ငံသည် HIV ပိုးကူးစက်ပြန့်ပွားမှု ကြောင့် ရရှိမည့် အကျိုးဆက်များနှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှု နှုန်း နှစ်အလိုက်ကျဆင်းလာ သည်ဟု ဒီဇင်ဘာ ၁ ရက် နေပြည်တော်တွင်ပြုလုပ်သည့် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက် ဖျက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားတွင် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောသည်။

အဆိုပါရောဂါ ဖြစ်ပွားမှုနှုန်း နှစ်အလိုက်ကျ ဆင်းလာသည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂတို့ အစီအစဉ် များမှပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည့် ခန့်မှန်းတွက်ချက်ခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲ ရလဒ်များမှ သိရခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်အတွင်းပြုလုပ်ခဲ့သည့် ခန့်မှန်းတွက်ချက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲရလဒ်များအရ တစ်နှစ်အတွင်း HIV ရောဂါပိုး ကူးစက်ခံရသူလူနာများ ၁၇,၁၀၀၊ သေဆုံးသူ ၁၇,၅၆၀၊ ART ဆေးဖြင့်ကုသရန် လိုအပ်သူ ၇၄,၀၀၀ နှင့် မိခင်မှသန္ဓေသားသို့ HIV ရောဂါ ကူးစက်မှုတားဆီးမည့်ဆေးဝါးတိုက်ကျွေး ရန်လိုအပ်သူ ကိုယ်ဝန်ဆောင်မိခင်ပေါင်း ၄,၃၀၀ ရှိသည်ဟု သိရသည်။

3 Diseases Fund, Global Fund များ ၏ကူညီ ပံ့ပိုးမှုကြောင့် လာမည့် နှစ်များတွင် ရောဂါ ကာကွယ်ရေး နှင့်ကုသရေးပြုစု စောင့်ရှောက်ရေး လုပ်ငန်း များကို ဆက်လက် ဆောင်ရွက် သွားနိုင်မည် ဖြစ်သည်ဟု လည်း ၎င်းကဆက်ပြောသည်။

၁၉၈၁ ခုနှစ်က စတင် တွေ့ရှိခဲ့သည့် HIV ရော ဂါပိုးသည် နှစ်ပေါင်း ၃၀ ခန့်အတွင်း တစ်ကမ္ဘာ လုံးပျံ့နှံ့ခဲ့ပြီး လူပေါင်း ၃၄ သန်းခန့် HIV / AIDS ရောဂါကူးစက်မှုခံစားနေရကြောင်း၊ ကမ္ဘာပေါ် တွင် ၁၅ နှစ်မှ ၄၉ နှစ်ကြား အရွယ်သေဆုံးကြသူ များထဲ၌ AIDS ရောဂါကြောင့်သေဆုံးရခြင်းမှာ အများဆုံးဖြစ်သည်။

လူမင်းသောင်းထွန်း

မြန်မာပို့စ် - HIV အကျိုးဆက်ကြောင့် ရောဂါ ဖြစ်ပွားမှုနှုန်း နှစ်အလိုက် ကျဆင်းလာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top