12
Aug

HIV အတွက် တနေ့တခါ သောက်ရမဲ့ ဆေးသစ် Complera ကို FDA ကနေ အတည်ပြုပေးလိုက်ပြီ

HIV-1 infection ပိုးရှိနေပြီး ဆေးတခါမှ မသောက်ရသေးသူတွေအတွက် ကုသပေးမဲ့ ဒီဆေးမှာ ဆေး ၃ မျိုးတွဲ (Emtricitabine/Rilpivirine/Tenofovir disoproxil fumarate) ပါတယ်။

Truvada ဆေးကို ၂ဝဝ၄ ကတည်းက အတည်ပြုထားပြီး၊ Gilead ကထုတ်တဲ့ Emtriva နဲ့ Viread ဆေး ၂ မျိုးတွဲ ဖြစ်တယ်။ Sustiva ဆေးနဲ့ပါ တွဲစမ်းသပ်နေခဲ့တာ ဖြစ်တယ်။

Tibotec ကနေ Phase III စမ်းသပ်မှု တတိယဆင့်အတွက် ၂ နေရာမှာ လုပ်ခဲ့ပြီး အချက်အလက်တွေကို ရယူခဲ့တာပါ။ ECHO နဲ့ THRIVE စမ်းသပ်မှုတွေကို လေ့လာဆန်းစစ်တော့ HIV-1 ပိုးရှိသူ လူကြီးတွေမှာ Rilpivirine ဆေးနဲ့ Efavirenz ဆေးတွေရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလူတွေကို အရင်က ဘာဆေးမှ မပေးသေးပါ။

Gilead Sciences ရဲ့ ဥက္ကဋ္ဌ-အမှုဆောင်အရာရှိ John C. Martin ကပြောတာက “Complera ဆေးဟာ Gilead ကနေထုတ်တဲ့ ဒုတိယမြောက် Single-tablet regimen တလုံးတည်းဆေးမျိုး ဖြစ်ပါတယ်။ HIV ကုသရေးအတွက် ရိုးရှင်းစေဘို့ရာ အမြော်အမြင် ရှိကြတဲ့ အဖွဲ့အစည်းကြီး နှစ်ခုရဲ့ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ပါတယ်။ အံ့မခန်း တိုးတက်တာတွေ ရှိပေမဲ့ လုပ်စရာတွေလဲ အများကြီး ရှိနေပါသေးတယ်။”

ဒီအရင် ပေါ်ခဲ့တာက Atripla (Efavirenz 600 mg/Emtricitabine 200 mg/Tenofovir disoproxil fumarate 300 mg ဆေးအတွဲ ဖြစ်ပါတယ်။ Bristol-Myers Squibb နဲ့ Gilead တို့ကနေ ဆေးဈေးကွက်ထဲ ရောင်းခဲ့တာပါ။

ဒီနှစ် ဇန္နဝါရီလတုံးက အချက်အလက် မပြည့်စုံသေးလို့ ငြင်းထားရာကနေ အခုမှ အသိအမှတ်ပြုလိုက်တာ ဖြစ်တယ်။ Phase 3 randomized studies အဆင့် ၃ လေ့လာမှုပြုပြီး ဆေး တမျိုးချင်းကို ပေးလို့ ထိရောက်တာနဲ့ Triple-drug tablet ၃ မျိုးတွဲပေးပြီး ထိရောက်တာချင်း Bioequivalence study မှာ လာတူတယ်။

၁ဝ-၈-၁ဝ၁၁ အမေရိကန် ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ Food and Drug Administration (FDA) ရဲ့ အသိအမှတ်ပြု ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာကတော့ -
• Rilpivirine ဆေးပေးတော့ ဆေးမပေးခင်က HIV-1 RNA ၁ မီလီမီတာမှာ ၁ သိန်းကျော်နေသူ လူနာတွေမှာ သူ့ထက် နည်းသူတွေကိုပေး သလောက် မထိရောက်ဘူး။
• Rilpivirine ဆေးပေးသူတွေဟာ Efavirenz နဲ့ယှဉ်ရင် NNRTI အမျိုးအစားဆေးကို ပိုပြီး ဆေးကိုခံနိုင်နေတာ တွေ့ရတယ်။
• Rilpivirine ဆေးပေးနေသူတွေမှာ Lamivudine/Emtricitabine ဆေးပေးရင် Efavirenz ပေးနေသူတွေထက် ပိုပြီး ဆေးကို ခံနိုင်နေတာ တွေ့ရတယ်။

Complera ဆေးထဲမှာ -
(၁) Rilpivirine ဆိုတဲ့ Janssen Pharmaceuticals ကနေ ထုတ်တဲ့ Non-nucleoside reverse transcriptase inhibitor (NNRTI) အမျိုးအစား Edurant ဆေး
(၂) Tenofovir (Viread, Gilead Sciences) ကနေ ထုတ်တဲ့ Nucleoside reverse transcriptase inhibitors (NRTIs) အမျိုးအစားဆေး နဲ့
(၃) Emtricitabine (Emtriva, Gilead Sciences) ကနေ ထုတ်တဲ့ Nucleoside reverse transcriptase inhibitors (NRTIs) အမျိုးအစားဆေးတွေ ပါတယ်။

Complera ရဲ့ Recommended dose ဆေးပေးအညွှန်းကတော့ 1 tablet (Emtricitabine 200 mg, Rilpivirine 25 mg, and Tenofovir 300 mg) တခါသောက် ၁ ပြား၊ တနေ့ ၁ ကြိမ်၊ အစာနဲ့ နီးနီးသောက်ရမယ်။

Emtricitabine/Rilpivirine/Tenofovir DF အခုဆေး ၃ မျိုးတွဲဆေးကို -
၁။ Anticonvulsants အတက် သက်သာဆေးတွေ ဖြစ်တဲ့ Carbamazepine, Oxcarbazepine, Phenobarbital, and Phenytoin ဆေးတွေနဲ့ တွဲမပေးရပါ။
၂။ Antimycobacterials (မိုင်ကို-ဗက်တီးယား) အတွက်ပေးတဲ့ ဆေးတွေ ဖြစ်တဲ့ Rifabutin, Rifampin, and Rifapentine ဆေးတွေနဲ့ တွဲမပေးရပါ။
၃။ Proton pump inhibitors (ပရိုတွန်-ပန့်မ်-အင်ဟဘစ်တာ) ဆေးတွေဖြစ်တဲ့ Esomeprazole, Lansoprazole, Omeprazole, Pantoprazole, Rabeprazole ဆေးတွေနဲ့ တွဲမပေးရပါ။
၎။ Systemic dexamethasone (ဒက်ဆာမီစဇုန်း) ဆေး ပါးစပ်ကနေပေးတာနဲ့ တွဲမပေးရပါ။
၅။ St. John's wort ရောဂါရှိနေသူကို မပေးရပါ။

မပေးသင့်တဲ့ ဆေးတွေနဲ့ တွဲပေးရင် သွေးရည်ကြည်ထဲမှာ Rilpivirine ဆေးကို သက်ရောက်စေမယ်။ Virologic response (ဗိုင်ရော်လောဂျီ) တုံ့ပြန်မှု မရတော့ဘဲ Rilpivirine နဲ့ NNRTIs ဆေးမှန်သမျှကို ဆေးခံနိုင်ရည် ဖြစ်သွားစေနိုင်တယ်။

AIDS ရောဂါကို စသိခဲ့ပြီးနောက် အနှစ် ၃ဝ အတွင်းမှာ ဆေးကုသနည်းတွေ အံ့မခန်း တိုးတက်လာနေပါတယ်။ Single-tablet regimen ဆေးတလုံးထဲ ပေးနည်း အယူအဆဟာ HIV drug ဆေးရဲ့ ဦးတည်ချက် ဖြစ်လာတယ်။ ဒါပေမဲ့ လူနာတိုင်းနဲ့တော့ မသင့်တော်သေးပါ။

ဒီဆေးသစ် Complera ရဲ့ Efficacy ထိရောက်မှု၊ Safety စိတ်ချရမှု၊ Convenience အဆင်ပြေမှုတွေအပြင် Availability ဆေး အလွယ်တကူ ရနိုင်မှုပါရှိရင် စိတ်အား တက်စရာကောင်းလှတဲ့ မှတ်တိုင်ပါဘဲ။ မြန်မာပြည်မှာလဲ အားတက်စရာတွေ ရှိလာနိုင်ပါစေ။

ဒေါက်တာတင့်ဆွေ (၁၁-၈-၂ဝ၁၁)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top