အသက် ၁၈ နှစ်အရွယ် ပြင်သစ် မိန်းကလေးတယောက် HIV ဆေး မသောက်ပဲနေပေမဲ့ ရောဂါ လျှော့နည်းလာတယ်လို့ တွေ့ရှိရပါတယ်။ သူ့မှာ အမေဆီကနေ ကူးစက်လာခဲ့တဲ့ HIV ပိုး ရှိနေတာက ၁၂ နှစ်နီးပါး ရှိပါပြီ။
၃ လသမီးအရွယ်ကတည်းက ARV ဆေးပေးခဲ့ပါတယ်။ ၆ နှစ်သမီးမှာ ဆေးဖြတ်ခဲ့ပါတယ်။ အခု ပိုးကစမ်းလို့မရနိုင်လောက်အောင် နည်းသွားတယ်လို့ တွေ့လာရတာဖြစ်တယ်။
ကနေဒါနိုင်ငံ ဗင်ကူးဗားမှာကျင်းပနေတဲ့ International Aids Society (IAS) conference မှာ အဲလို ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။ ဆေးမပေပဲထားလို့ရ မရအတွက် ဆေးသုတေသနတွေလုပ်ဖို့တော့လိုပါသေးတယ်။
ဒီမိန်းကလေးကိုကြည့်ရင် ARV ဆေး စောစောပေးတာ ကောင်းတယ်လို့ ဆိုရပါမယ်။
အမှန်က ကိုယ်ဝန်ရှိနေကတည်းက ဆေးပေးထားရင် မွေးလာမဲ့ ကလေးကို ကူးစက်ဖို့ အလွန်နည်းစေပါမယ်။ ဒီကလေးအမေက ဆေးမသောက်ခဲ့လို့ ကလေးမကို Zidovudine (AZT) ဆေး ၆ ပါတ်ပေးခဲ့ပါတယ်။
အဲတာလည်း ပိုးများနေတာ သိရလို့ ပိုပြင်းတဲ့ဆေး ၄ မျိုးတွဲပေးခဲ့ရပါတယ်။ ၆ နှစ် သမီး အထိဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်တုံးက အမေရိကမှာ အဲလိုပိုးရှာမတွေ့တဲ့ ကလေးမကို Mississippi baby လို့ခေါ်ပါတယ်။ ဒါပေမယ့် ၂၇ လ အကြာ ၂ဝ၁၄ ဇူလိုင်လထဲမှာ HIV ပြန်ပေါ်နေပါတယ်။ အခုထိ လူနာ တဒါဇင်လောက်မှာ ပိုးရှာမတွေ့တဲ့ကာလ ၁ဝ နှစ် အထိ ရှိဖူးထားပါပြီ။ အခု ပြင်သစ်သူကတော့ ပိုထူးနေတာပါ။
ဒေါက်တာတင့်ဆွေ (၂ဝ-၇-၂ဝ၁၅)
http://dbvnews.com/news-teenager-in-remission-from-hiv-despite-stopping-drugs-30331.dbv
ဒေါက်တာတင့်ဆွေ - HIV ဆေးမသောက်ပဲနေပေမဲ့ ရောဂါလျှော့နည်းလာတယ်




