23
May

HIV ဆေးများက မိန်းမကိုယ် ကင်ဆာကို ကာကွယ်နိုင်

HIV ဆေးများ အဖြစ် ကျယ်ပြန့်စွာ အသုံးပြုနေသည့် ရိုးရှင်းသော
ကုသမှုသည် မိန်းမကိုယ် ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ အကာအကွယ် ပေးနိုင်ကြောင်း သုတေသန
အသစ်တစ်ရပ်အရ သိရသည်။ HIV ကို ကုသသော ဆေးများက မိန်းမကိုယ် ကင်ဆာရောဂါ ဖြစ်ပွားရာတွင်
အဓိကကျသော HPV ဗိုင်းရပ်စ်များကို သတ်နိုင်သောကြောင့် မိန်းမကိုယ် ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ
ကာကွယ်ပေးနိုင်သည်ဟု ဆိုသည်။ Human Papilloma Virus (HPV) သည် လိင်ဆက်ဆံမှုမှကူးစက်ပြီး
မိန်းမကိုယ် ကင်ဆာရောဂါ ဖြစ်ပွားရခြင်း၌ အတွေ့ရအများဆုံး အကြောင်းဖြစ်သည်။

 

ပါးစပ်ကိုသုံးကာ လိင်ဆက်ဆံခြင်း ပြုလုပ်ပါက HPV ဗိုင်းရပ်စ်ပိုး
သည် အမျိုးသား ရော အမျိုးသမီးမှာ ပါ ပါးစပ်နှင့် လည်ချောင်း အတွင်းတွင် ကင်ဆာရောဂါ
ဖြစ်ပွားစေနိုင်သည်။ ဗြိတိန်နိုင်ငံတွင် သုတေသန တစ်ရပ်အရ ဗြိတိန် အမျိုးသမီး ခြောက်ယောက်တွင်
တစ်ယောက်မှာ HPV ဗိုင်းရပ်စ်ပိုး ရှိနေကြောင်း တွေ့ရှိရသည်။ HIV ကုသ သည့် ဆေးတစ်မျို
ဖြစ်သည့် Lopinavir သည် HPV ဗိုင်းရပ်စ်ပိုး ၀င်ရောက်သွားသော ဆဲလ်များကို သတ်ပစ်ပြီး
ကျန်းမာသော ဆဲလ်များကို ထိခိုက်မှု မရှိပေ။ မန်ချက်စတာ တက္ကသိုလ် မှ သုတေသန ပညာရှင်များ
နှင့် ကနေဒါနိုင်ငံမှ ပညာရှင်များ ပူးပေါင်းကာ သုတေသန ပြုလုပ်ရာမှ အဆိုပါ အချက်ကို
တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

Swesone
Media Group - HIV ဆေးများက မိန်းမကိုယ်
ကင်ဆာကို ကာကွယ်နိုင်

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top