20
Mar

HIV ဆေးဝါးသုံးစွဲသူ ၁ဝ ဦးတွင် တစ်ဦး ဆေးသောက်ရန် မလိုတော့

ပြင်သစ်နိုင်ငံမှ ဆေးဝါး သုတေသန ပညာရှင်များ၏ တွေ့ရှိချက်အရ HIV ရောဂါပိုး ကူးစက်ခံရ၍ HIV ဆေးဝါး ပုံမှန်သုံးစွဲသူ ၁ဝ ဦးလျှင် တစ်ဦး၌ ရောဂါ ထကြွခြင်း မရှိသည်ကို တွေ့ရှိရသည် ဆို၏။ HIV ရောဂါ အတွက် ဆေးဝါး ကုသခံနေရသူ ၁၄ ဦးကို ဆေးသုံးစွဲမှု ရပ်တန့်ပြီး ပြန်လည် စစ်ဆေးကြည့်သည့် အခါ ယင်း HIV  ဗိုင်းရပ်ပိုး သည် တိုးလာခြင်းမရှိဘဲ ဖြစ်နေသည်ကို တွေ့ရသည်။

အဆိုပါ လူနာများကို Antiretroviral ဆေးဝါးသုံးစွဲပြီး သုံးနှစ်အကြာ၌ ယခုကဲ့သို့ ဆေးဝါးစားသုံးမှု ရပ်တန့်ကာ စစ်ဆေးကြည့်ခြင်း ဖြစ်သည်။ အဆိုပါဆေးသည် ဗိုင်းရပ်ပိုးကို ထကြွခြင်း မရှိစေရန် ထိန်းချုပ် ထားနိုင် သည်ကို တွေ့ရ သည်ဆို၏။ အချို့သော လူနာများကို ယခုကဲ့သို့ စမ်းသပ်ကြည့်ရာတွင်မူ အချို့က ဗိုင်းရပ်ပိုးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း တွေ့ကြရသည်။

Pasteur ဓာတ်ခွဲ သုတေသန စခန်းမှ ပညာရှိ Dr. Asier Saez - Cirion ကပြောရာ၌ ''အချို့ လူနာတွေမှာက ဆေးရပ်လိုက်တာနဲ့ ဗိုင်းရပ်က ပြန်ထကြွလာတယ်။ ၅% ကနေ ၁၅% လောက်ကတော့ သောက် ထားတဲ့ ဆေးဝါးက ဗိုင်းရပ်ကို ထိန်းထားနိုင်နေပြီ။ ဆိုလိုတာက သူတို့က ဆေးသောက် စရာမလိုတော့ဘူး။

''သူတို့မှာ HIV  ဗိုင်းရပ်က ရှိမြဲရှိနေဆဲပဲ။ ဒါပေမယ့် ရောဂါ ထကြွနိုင်တဲ့ ဗိုင်းရပ်မဟုတ်တော့ဘူး'' ဟု ရှင်းပြသည်။ Cardiff ဆေးတက္ကသိုလ်မှ Dr Andrew Freedman က ယခုတွေ့ရှိမှုသည် အလွန် စိတ်ဝင် စားစရာ ဖြစ်သည်ဟု မှတ်ချက်ချ၏။

''အခု တွေ့ရှိမှုက စဦး ကာလပဲ ရှိပါသေးတယ်။ ဗိုင်းရပ်ပိုးက မပျံ့ပွားတော့ ဘူးလား၊ အချိန် ဘယ်လောက်ကြာကြာ စောင့်ကြည့်ရ မှာလဲ။ နှစ် ဘယ်လောက်ကြာကြာ ဒီဗိုင်းရပ်ပိုးက ပေါ်မလာတော့ဘူးလား ဆိုတာကတော့ ကျွန်တော်တို့ မသိနိုင်သေးဘူးလေ'' ဟု ဆိုသည်။

Source : BBC.com
မောင်သာရွှေ

ဈေးကွက် - HIV ဆေးဝါးသုံးစွဲသူ ၁ဝ ဦးတွင် တစ်ဦး ဆေးသောက်ရန် မလိုတော့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top