(အက်ဖ်-ဒီ-အေ) အမေရိကန် အစားအသောက်နှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့မှ
(အိတ်ခ်ျ-အိုင်-ဗွီ) ပိုးကို ကုသရန်အတွက် ဆေးသစ် ဖြစ်သော Edurant (ဒူးရင့်)
ဆေးကို အသိအမှတ် ပြုပေးလိုက်ပြီဖြစ်သည်။ ယင်းဆေးသည် (နူကလီယိုဆိုက်)
မဟုတ်သော (အာရ်-အင်န်-အေ) ကို တည်မီသည့် (ဒီ-အင်န်-အေ) (ပေါ်လီမာရေ့စ်)
ဖြစ်သည်။
အဆိုပါဆေးကို
(ဂျွန်ဆင်-အင်န်-ဂျွန်ဆင်) ၏ လက်အောက်ခံ (တိုင်ဘိုတက်ခ်-သာရာပြူးတစ်) မှ
ဈေးကွက်တွင် ရောင်းချမည်ဖြစ်သည်။ ၄င်းကုမ္ပဏီမှ (အိတ်ခ်ျ-အိုင်-ဗွီ)
ဆေးများ ဖြစ်သော Intelence (Etravirine) နှင့် Prezista (Darunavir)
တို့ကိုလည်း ရေးချနေပေသည်။
“လူနာတွေဟာ (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးတွေကို တုံ့ပြန်ပုံရော၊
ဘေးထွက်-ဆိုးကျိုးတွေ ရတာမှာပါ မတူကြဘူး။ (အက်ဖ်-ဒီ-အေ) ကနေ အခုလို
ဆေးသစ်ကို အသိအမှတ် ပြုလိုက်တယ်ဆိုတော့ ဆေးကုနေရတဲ့ လူနာတွေအတွက်
ရွေးချယ်စရာ လမ်း ပိုရလာတာပေါ့” ဟု (အင်တီ-မိုက်ခရိုဘီရယ်)
ထုတ်ကုန်များဆိုင်ရာ (အက်ဖ်-ဒီ-အေ) ရုံး ဒါရိုက်တာ ဒေါက်တာ
(အက်ဒွပ်-ကောက်စ်) ကပြောသည်ဟု (အက်ဖ်-ဒီ-အေ) သတင်းထုတ်ပြန်ချက်တွင်
ပါရှိသည်။
အသိအမှတ်ပြုချက် အသစ်ကြောင့် (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးစာရင်းထဲတွင်
(အင်န်-အင်န်-အာရ်-တီ-အိုင်) အမျိုးအစားသစ် တခု တိုးလာပေသည်။ အလားတူ
(ဒူးရင့်) နှင့် (ထရူဗါဒါ) ပေါင်းစပ်ထားသော ဆေးကိုလည်း (အက်ဖ်-ဒီ-အေ) မှ
အသိအမှတ် ပြုရန် အလားအလာ တိုးလာသည်။
ထုတ်လုပ်ရန် ရှိသေးသည်။ ယင်းအတွက် (ဂီးလ်လိဒ်) မှ ၂ဝ၁ဝ နိုင်ဝင်္ဘာကတည်းက
အသိအမှတ်ပြုမှုကို လျှောက်ထားခဲ့ရာ သြဂုတ်လတွင် အဆုံးအဖြတ်ရမည်ဟု
ခန့်မှန်းထားသည်။
(ဒူးရင့်) ဆေးကို အသိအမှတ်ပြုခဲ့ခြင်းမှာ ဆေးသစ်ကို သတိမမူသည့်
(အိတ်ခ်ျ-အိုင်-ဗွီ) လူနာများအား စမ်းသပ်သည့်အခါ (ဆပ်စ်တီဗာ) ဆေးကဲ့သို့ပင်
ထိရောက်ကြောင်း တွေ့ရှိရ၍ ဖြစ်သည်။ (ဆပ်စ်တီဗာ) ဆေးသည် အမေရိကားတွင်
အများဆုံး သုံးနေသော (အင်န်-အင်န်-အာရ်-တီ-အိုင်) ဆေးမျိုး ဖြစ်သည်။
ထို့ပြင် လောလောဆယ် ကုထုံး လမ်းညွှန်များ အရ ယခင်က (အိတ်ခ်ျ-အိုင်-ဗွီ) ကို
မကုသဘူးသေးသူများအတွက် ရွေးချယ်သင့်သော (အင်န်-အင်န်-အာရ်-တီ-အိုင်)
ဆေးလည်း ဖြစ်သည်။ (ဆပ်စ်တီဗာ) သည် အသုံးများသော (အင်တီ-ရီထရို-ဗိုင်းရယ်)
ကုထုံးဖြစ်သည့် (အထွီပလာ) ၏ အစိတ်အပိုင်း တခုလည်း ဖြစ်သည်။
၄၈
ပါတ် ကုသပြီးနောက် (ဒူးရင့်) ဆေး သုတေသနပြုချက်တွင် ပါဝင်သည့်လူနာ ၈၃% သည်
(ဗိုင်းရပ်စ်) ဖိနှိမ်မှု တနည်းအားဖြင့် သွေးထဲတွင် (အိတ်ခ်ျ-အိုင်-ဗွီ)
ပိုး ရှာမတွေ့လောက်အောင် နည်းစေမှုကို ရလာစေသည်။ (ဆပ်စ်တီဗာ)
ဆေးပေးသူများတွင် ၈ဝ% ထိုသို့ ရစေသည်။
(ဒူးရင့်) ဆေး ၂၅ မီလီဂရမ်ကို တနေ့ ၁ ကြိမ်
အစာနှင့်တွဲ သောက်ရသည်။ (အက်ဖ်-ဒီ-အေ) မှ အသိအမှတ်ပြုသည်မှာ ယင်းဆေးအား
အခြား (အင်တီ-ရီထရို-ဗိုင်းရယ်) ဆေးများနှင့် တွဲဖက်သုံးရန် ဖြစ်သည်။
(အက်ဖ်-ဒီ-အေ) သတင်းထုတ်ပြန်ချက်ထဲတွင် (ဒူးရင့်) သည် (ဆပ်စ်တီဗာ)
ကဲ့သို့သော အားနည်းချက်များ မရှိကြောင်း၊ ဆေးသုတေသန လုပ်စဉ်က (ဒူးရင့်)
ဆေးသောက်ရန် ပျက်ကွက်ခဲ့သူများတွင် (ဆပ်စ်တီဗာ) ဆေးမသောက်သူများထက်
ဆေးယဉ်ခြင်း အဖြစ်မြန်သည်ကို တွေ့ရှိခဲ့ရသည်။
ထို့ပြင် ဆေးသုတေသန လုပ်စဉ်က (ဗိုင်ရယ်လ်-လုတ်) များသော တနည်းအားဖြင့်
သွေးထဲတွင် ဗိုင်းရပ်စ်အရေအတွက် ၁ မီလီလီတာတွင် ကောင်ရေ ၁ သိန်းထက် များသော
သူများ၌ (ဗိုင်ရယ်လ်-လုတ်) နည်းသူများလောက် (ဗိုင်းရပ်စ်) ဖိနှိမ်မှု
မရသည်ကို တွေ့ရှိရသည်။ (ဗိုင်ရော်လောဂျစ်-ဖေလူယာ) ခေါ် ဗိုင်းရပ်စ်ဆေး
ကုမရခြင်းကို ၁၃% တွင် တွေ့ရသည်။ (ဆပ်စ်တီဗာ) ဆေးနည်းက ထိုးသို့
ဖြစ်နိုင်ချေ ၉% ရှိသည်။
(ဒူးရင့်) ဆေး၏ ဘေးထွက်-ဆိုးကျိုးများမှာ (ဆပ်စ်တီဗာ) နှင့် သဘောသဘာဝရော
ဖြစ်နိုင်ချေပါ တူညီသည်။ အမျိုးဆုံး ဖြစ်နိုင်သည်မှာ စိတ်ဓါတ်ကျခြင်း၊
အိပ်မပျော်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့်
အနီပြင်ထွက်ခြင်းတို့ဖြစ်သည်။ ဘေးထွက်-ဆိုးကျိုးကြောင့် (ဒူးရင့်)
ဆေးသုံးသူ ၂% နှင့် (ဆပ်စ်တီဗာ) ဆေးသုံးသူ ၇% တို့က ဆေးရပ်ပြစ်ကြသည်။
(ဒူးရင့်) ဆေးကို ဇွန် ပဌမလဝက်အတွင်း ဆေးဆိုင်များသို့ပို့ရန်
မျှော်လင့်ကြောင်း (တီဗိုတက်ခ်) ကိုယ်စားလှယ်တဦးမှ ပြောကြားလိုက်သည်။
ဆေးတန်ဘိုးမှာ ဆေး ၁ လုံးလျင် ၂၁ ဒေါ်လာ၊ တနှစ်စာ ၇၇ဝဝ ဒေါ်လာ ကုန်ကျမည်
ဖြစ်သည်။ (ဆပ်စ်တီဗာ) ဆေးတန်ဘိုးမှာ တနှစ်စာ ဒေါ်လာ ၇၂ဝဝ ရှိသည်။
အဆိုပါတန်ဘိုးများသည် ပုံမှန် လူကြီးတဦးလျင် တနေ့ ၆ဝဝ မီလီဂရမ်ဖြင့်
တွက်ထားခြင်းဖြစ်သည်။
(တီဗိုတက်ခ်) မှ ၄င်း၏ ဝင်ငွေနည်းပါးသူများအား အခမဲ့ဆေးထောက်ပံ့ရေးအစီအစဉ်နှင်
ဒေါက်တာတင့်ဆွေ (၂၉-၅-၂ဝ၁၁)
The U.S. Food and Drug Administration (FDA) announced today that it has
approved the new antiretroviral Edurant, a non-nucleoside reverse
transcriptase inhibitor, for use in people with HIV who have not
previously been treated.
Edurant (rilpivirine) will be marketed by Tibotec Therapeutics, a
subsidiary of Johnson & Johnson. Tibotec also markets the anti-HIV
drugs Intelence (Etravirine) and Prezista (Sarunavir).
“Patients may respond differently to various HIV drugs or
experience varied side effects. FDA’s approval of Edurant provides an
additional treatment option for patients who are starting HIV therapy,”
said Dr. Edward Cox, director of the FDA’s Office of Antimicrobial
Products at the Center for Drug Evaluation and Research, in an FDA press
release.
The approval adds a new non-nucleoside reverse transcriptase
inhibitor (NNRTI) to the list of approved anti-HIV drugs. It also
increases the chances that a new combination pill, containing Edurant
plus Truvada (emtricitabine/tenofovir), will be approved by the FDA.
The combination pill, which is intended as an alternative to Atripla (efavirenz/emtricitabine/tenofovir),
will be marketed by Gilead Sciences. Gilead applied for approval of the
combination pill in November 2010, and a decision is expected in
August.
The approval of Edurant is based on clinical trial results showing
that the drug is as effective as Sustiva (Efavirenz) in treatment-naïve
people with HIV. Sustiva is the most commonly prescribed NNRTI in the
U.S. and, according to current treatment guidelines, is the preferred
NNRTI for people who have not previously been treated for HIV. Sustiva
is also a component in Atripla, the most commonly prescribed
antiretroviral regimen.
After 48 weeks of treatment, 83 percent of study participants
taking Edurant achieved viral suppression (undetectable amount of HIV in
the blood), compared to 80 percent of participants taking Sustiva.
Edurant is taken as a once-daily 25 mg pill and must be taken with
food. Its approval by the FDA is for use in combination with other
antiretrovirals.
The FDA noted in its press release that Edurant does have some
disadvantages relative to Sustiva. Clinical trial participants who
failed treatment with Edurant were more likely to show drug resistance
than those who failed treatment with Sustiva. They were also more likely
to become resistant to the other antiretrovirals they were taking and
to other NNRTIs.
In addition, clinical trial participants who started with higher
viral loads (amount of HIV in the blood) of greater than 100,000 copies
per milliliter were less likely to achieve viral suppression than
participants who started with lower viral loads. Overall, 13 percent of
trial participants taking Edurant experienced virologic failure,
compared to 9 percent taking Sustiva.
Side effects for Edurant were similar in nature and frequency to
those for Sustiva. The most common side effects were depression,
difficulty sleeping (insomnia), headache, and rash. However, fewer
patients stopped taking Edurant due to side effects (2 percent, versus 7
percent taking Sustiva).
A representative from Tibotec told The Beacon that the company
expects to start shipping Edurant to pharmacies in the first half of
June. The drug will cost $21 per pill, or around $7,700 per year.
Sustiva currently costs around $7,200 per year, assuming a normal adult
dose of 600 mg daily.
Tibotec also plans to add Edurant to its patient assistance
program, which provides Tibotec’s anti-HIV drugs free to low-income
patients, as well as to its other patient support programs.




