13
Aug

HIV ရောဂါပိုးအား ကုသနိုင်တော့မည်ဟု ဆေးပညာနိုဘယ်လ် ဆုရှင်ပြောကြား

မကြာသေးမီက ရှာဖွေတွေ့ရှိ ချက်များအရ AIDS ရောဂါဖြစ် ပွားစေသည့် HIV ရောဂါပိုးကို ကုသနိုင်တော့မည် ဖြစ်ကြောင်း ဆေးပညာ ပိုင်းဆိုင်ရာ နိုဘယ်လ် ဆုရှင် ဖရန်ကိုဆီ ဘာရီ ဆင်နော့စိုင် က  ကမ္ဘာလုံး ဆိုင်ရာ  ရောဂါဘယ တိုက်ဖျက် ရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲမတိုင်မီ အင်တာဗျူး တစ်ခုတွင် ပြောကြားထားကြောင်း သိရသည်။

အဆိုပါ နိုဘယ်လ်ဆုရှင်သည် ကုရာ နတ္ထိဆေးမရှိသော HIV ရောဂါအား ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပြီး ၂ဝဝ၈ ခုနှစ်က ဆေးပညာ ရပ်ဆိုင်ရာ ၄င်းနိုဘယ်လ်ဆု ကို ရရှိခဲ့သူတစ်ဦးဖြစ်သည်။

သူမသည် HIV ရောဂါပိုးကို ကုသ နိုင်မည့် နည်းလမ်းအား ဘာလင်မြို့ရှိ ရိုးတွင်းခြင်ဆီ အစားထိုး ကုသမှုခံယူ လျက်ရှိသော လူနာတစ်ဦးအားအစွဲပြု ၍ တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ ရှိချက်သည် လူ၏ ခန္ဓာကိုယ်တွင်း မှ ပိုး မွှားများအား ဖယ်ရှားသုတ်သင်သည့် နည်းလမ်းကို သက်သေပြထားခြင်းဖြစ် သည်ဟု သူမကပြောကြားထားသည်။

ထို့ကြောင့် အခြေခံသဘောတရား များအရ ၄င်းရောဂါဆိုးအား ကုသနိုင် ရန်မှာ ဖြစ်နိုင်ဖွယ်ရှိသည်ဟု မျှော်လင့် ရသော်လည်း မည်သည့်အချိန်တွင် ကုသနိုင်မည်ကိုမူ အတိအကျမပြောနိုင် သေးကြောင်း သူမ ဆက်လက်ပြောကြား  ထားသည်။

ဝါရှင်တန် (ဇူလိုင် ၂ဝ)

MyawadyHIV ရောဂါပိုးအား ကုသနိုင်တော့မည်ဟု ဆေးပညာနိုဘယ်လ်ဆုရှင်ပြောကြား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top