5
Mar

HIV ရောဂါပိုးဖြင့် မွေးလာသော ကလေးငယ်အား ပထမဆုံး အကြိမ်အဖြစ် ရောဂါ ပိုး ပျောက်ကင်းအောင် ကုသနိုင်ခဲ့

အိတ်ခ်ျအိုင်ဗွီ (HIV) ရောဂါပိုးဖြင့် မွေးလာသော ကလေးငယ် တစ်ဦးအား ပထမဆုံး အကြိမ်အဖြစ် ရောဂါပိုး ပျောက်ကင်းအောင် ကုသနိုင်ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ကုသနိုင်မှုသည် HIV ရောဂါပိုး ကူးစက်ခံရသော ကလေးငယ်များကို ကုသရာတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောကြား ခဲ့သည်။ အဆိုပါ ကုသမှုသည် နည်းပညာပိုင်း ဆိုင်ရာအရ အရေးပါမှု တစ်ရပ် ဖြစ်သော်လည်း ရောဂါ အရှင်းပျောက်ကင်းနိုင်သော ကုထုံးထက် လက်တွေ့ အသုံးဝင်သော ကုထုံးတစ်ရပ် ဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

ယင်း ကုသမှုသည် ရောဂါပိုးကို အမြစ်ဖြတ် ချေမှုန်းနိုင်ခြင်း မဟုတ်သော်လည်း ခန္ဓာကိုယ်တွင်း ရှိနေသော ရောဂါပိုးကို နည်းပါးသော အဆင့် တစ်ခုသို့ လျှော့ချ နိုင်ခြင်းဖြစ်သည်။ ကမ္ဘာ တစ်ဝန်းတွင် အေအိုင်ဒီအက်စ် (AIDS) ရောဂါ အရှင်း ပျောက်ကင်းသူ "Berlin Patient" ဟု ခေါ်ဆိုခြင်း ခံရသော အမေရိကန် နိုင်ငံသား တီမိုသီဘရောင်း တစ်ဦးသာ ရှိပြီး ၎င်းသည် HIV ပိုးကို ခုခံနိုင်စွမ်း ရှိသော အလှူရှင်ထံမှ ရိုးတွင်း ခြင်ဆီများဖြင့် အစားထိုး ကုသမှု ခံယူခဲ့ရာ HIV ရောဂါနှင့် သွေးကင်ဆာ ရောဂါကို ငါးနှစ် အကြာတွင် ပျောက်ကင်းအောင်  ကုသနိုင်ခဲ့ကြောင်း သိရသည်။

ကုသမှု သစ်တွင် ကလေးငယ်အား ပုံမှန် အသုံးပြုနေကျ HIV ရောဂါပိုး ကုသရာတွင် အသုံးပြုသော ဆေးထက် အခြားဆေးများကို တိုက်ကျွေးခဲ့ခြင်း မရှိကြောင်းနှင့် ကလေးငယ် မွေးဖွားပြီး နာရီ ၃ဝ မပြည့်မီ ဆေးတိုက်ကျွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ကုသမှုသည်  လက်တွေ့ကျသော ကုသမှု တစ်ရပ် ဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့တွင်  ပြုလုပ်သော အကြိမ် (၂ဝ) မြောက် Conferenceon  Retroviruses and Opportunistic Infections (CROI) နှစ်ပတ်လည် ညီလာခံတွင် သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

HIV ရောဂါပိုး  ကူးစက်ခံရသော လူနာများကို ARV ဆေး တိုက်ကျွေးမှု ရပ်တန့် ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း ငုပ်လျှိုးနေသော ရောဂါပိုးများ ပြန်လည်ထကြွ လာသည်ကို  တွေ့ရကြောင်း HIV ရော ဂါ ဝေဒနာရှင်များကို ၎င်းတို့ဘဝ အသက်ရှင် နေထိုင်မှု အတွက် ဆေးသောက်သုံး ရန် ဆရာဝန်များက တိုက်တွန်းလျက် ရှိသည်။

HIV ရောဂါပိုးဖြင့် မွေးလာသော မွေးကင်းစ ကလေးများကို ရက်ပေါင်းများစွာ အတွင်း ARV ဆေး တိုက်ကျွေးခြင်းသည် နို့စို့အရွယ် ကလေးများကို အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကင်းစင်အောင် အကူအညီ ပေးနိုင်ပြီး ပထမ အဆင့်တွင် ငုပ်လျှိုးနေသော HIV ပိုးကို ကာကွယ်ပေးခြင်းဖြင့် ဘဝ တစ်လျှောက်လုံး ဆေးကုသမှု ခံယူခြင်း မရှိဘဲ သက်တမ်း ကြာရှည်စွာ နေထိုင်နိုင်ကြောင်း မေရီလန်းပြည်နယ် ဘာလ်တီမိုးရှိ Johns Hopkins ကလေး ကုသရေး ဌာနမှ သုတေသန ပညာရှင် ဒီဘိရက်ရှ် ပါဆက်ဒ်က ပြောကြား ခဲ့သည်။

ဆေးကုသမှု သစ်ကို  ကလေးငယ်အား ပထမဆုံး အကြိမ်အဖြစ် ကုသခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပုံမှန်အားဖြင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ရန် အလားအလာ များသော မွေးကင်းစ ကလေးများကို ရက်သတ္တ ခြောက်ပတ် အရွယ်တွင် HIV ရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးမှု ရရှိသည် အထိ ဆေးတိုက်ကျွေးရကြောင်း သိရသည်။

မြဝတီ - HIV ရောဂါပိုးဖြင့် မွေးလာသော ကလေးငယ်အား ပထမဆုံး အကြိမ်အဖြစ် ရောဂါပိုး ပျောက်ကင်းအောင် ကုသနိုင်ခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top