10
Aug

HIV ရောဂါပိုး ကူးစက်ခံ မိန်းကလေးတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် သင်တန်းဖွင့်မည်

မြန်မာ တစ်နိုင်ငံလုံးရှိ အနယ်နယ် အရပ်ရပ်က (HIV) ရောဂါပိုး ကူးစက်ခံ မိန်းကလေးတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် စက်ချုပ်ပညာ သင်တန်းကို သြဂုတ်လ အတွင်း ဖွင့်မယ်လို့ တောင်ဒဂုံရှိ (HIV/AIDS) ပြုစုစောင့်ရှောက်ရေး ဂေဟာမှ သိရပါတယ်။ ဒီလိုသင်တန်းကို လက်မှုပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် သာမက စားဝတ်နေရေးအတွက် ရပ်တည်ရာမှာ အခက်အခဲ မရှိအောင်စတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ပေးမယ်လို့ သိရပါတယ်။

စက်ချုပ်သင်တန်းကို သူ့အချိန်နဲ့သူ တစ်တန်းတစ်သုတ်စီ ဖွင့်သွားမှာဖြစ်ပြီး သင်တန်းကာလအတွင်း နေစရိတ်၊ စားစရိတ်အခမဲ့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ အဲဒီသင်တန်းမှာ အခြေခံစက်ချုပ်ပညာ သာမက အဆင့်မြင့် စက်ချုပ်ပညာကိုပါ သင်ကြားပေးမှာဖြစ်ပြီး တစ်ပိုင်တစ်နိုင် ကိုယ်ပိုင် အိမ်တွင်းအလုပ်၊ အပြင်အလုပ် ရအောင်ထိလည်း ကူညီပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သင်တန်း အတွက် လျှောက်လွှာတွေ ကို ပြည်တွင်းရှိ (NGO)အဖွဲ့အစည်းနဲ့ အခြားလူမှုရေး အဖွဲအစည်းတွေမှာ ရယူနိုင်တယ်လို့ သတင်း ရရှိပါတယ်။

Up to Date -  HIV ရောဂါပိုး ကူးစက်ခံ မိန်းကလေးတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် သင်တန်းဖွင့်မည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top