ဆရာဝန်များက
HIVရောဂါပိုးသည် ရိုးတွင်းခြင်ဆီအတွင်း ပုန်းခိုနေနိုင်ကြောင်း ပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့သည်။
သုတေသီများက ခုခံအားကျဆင်းမှု AIDSရောဂါကို ဖြစ်ပွားစေသည့် ရောဂါပိုးသည် ဆေးဝါးများ
မှီဝဲနေစဉ် ခြင်ဆီအတွင်း ၀င်ရောက်ပုန်းအောင်းနေကာ ကာလကြာမြင့်မှ တကျော့ပြန် ထကြွပြီး
ရောဂါဖြစ်ပွားစေတတ်ကြောင်း ပြောကြားခဲ့သည်။
HIVပိုး၏
ကုသရန် ခက်ခဲမှုအား လေ့လာနေခြင်း၏ ပထမခြေလှမ်းကို မိမိတို့ ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း
အမေရိကန်နိုင်ငံ၊ မစ်ချီဂန်တက္ကသိုလ်မှ ဒေါက်တာကက်သလင်း ကောလင်းစ်က ပြောကြားခဲ့သည်။
သူမနှင့် လုပ်ဖော်ကိုင်ဖက် သုတေသီများက Nature Medicineမဂ္ဂဇင်းတွင် ယခုတွေ့ရှိမှုအား
ဖော်ပြခဲ့ပြီး HIVပိုးသည် အချိန်အလွန်ကြာမြင့်မှ လူကိုဒုက္ခပေးနိုင်ကြောင်း ပြောဆိုသွားသည်။
ချဉ်ဆီအတွင်း
ခိုအောင်းနေသည့် ရောဂါပိုးသည် အမှန်အားဖြင့် သွေးဆဲလ်များအတွင်း တည်ရှိနေရာမှ ပြောင်းလဲသွားခြင်းဖြစ်ကြောင်းလည်း
ဒေါက်တာကက်သရင်းကဆိုသည်။ HIVဗိုင်းရပ်စ်သည် ခြင်ဆီအတွင်း ရောက်ရှိနေပါက ကုသဆေးများ
မှီဝဲသည့်တိုင် ထိရောက်မှု မရှိနိုင်ဘဲ ကာလကြာမြင့်မှ ပြန်လည်ရှင်သန်ကာ ကူးစက်မှုအသစ်တစ်ဖန်
ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။ HIVပိုးသည် သွေးဆဲလ်များကို ဖျက်ဆီးပစ်ပြီးသည်နှင့်
နောက်တစ်ခုသို့ ပျံ့နှံ့ကူးစက်သွားတတ်ကြောင်းလည်း ပညာရှင်များကဆိုသည်။
ယခုတွေ့ရှိမှုကြောင့်
HIVပိုးအား အမြတ်ပြတ် တိုက်ပွဲဆင်နိုင်ရေး မျှော်လင့်ချက်ကို ပိုမိုအားကောင်းလာစေမည်ဟု
မျှော်လင့်ကြောင်း ဒေါက်တာကက်သရင်းက မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် HIVပိုးသည် ကုသဆေးများရန်မှ
ပုန်းခိုနိုင်သည့် ခြင်ဆီကဲ့သို့ အခြားနေရာများ ရှိနေနိုင်သေးသည်ကိုလည်း စစ်ဆေးဖော်ထုတ်ရမည်
ဖြစ်ကြောင်း ဒေါက်တာကက်သရင်းက ပြောကြားသွားသည်။ ယခုသုတေသန ပြုလုပ်မှုအတွက်
Burroughs Wellcome ဖောင်ဒေးရှင်းနှင့် မစ်ဂျီဂန်တက္ကသိုလ် အပါအ၀င် အဖွဲ့အစည်းအချို့က
ငွေကြေးကျခံပေးခဲ့ခြင်းဟု သတင်းရရှိသည်။
PLANNET -
HIV
ရောဂါပိုး ရိုးတွင်းခြင်ဆီအတွင်း ပုန်းခိုနေနိုင်




