4
Oct

HIV ရောဂါရှိသူများ ကလေးယူလို့ရပါသလား (အမေးအဖြေ)

မေး။    ။ HIV ရောဂါရှိသူများ ကလေးယူလို့ရပါသလား။

ဖြေ။    ။ ဒီမေးခွန်းကို မဖြေခင် အောက်ပါ အချက်တွေကို ပထမဆုံး စဉ်းစားရပါမယ်။

၁) ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ HIV ပိုးရှိနေပါသလား။
၂) လက်ရှိ HIV ပိုးရှိတဲ့ ခင်ပွန်း/ဇနီးက အလုပ်လုပ်ပါသလား။
၃) လက်၇ှိ ဇနီးမောင်နှံမှာ လုံလောက်တဲ့ အထောက်အပံ့တွေ ရှိပြီလား။ (ဥပမာ - မိသားစုဝင်တွေ၊ ငွေရေးကြေးရေး၊ စီးပွားရေး.... စသဖြင့်)

အကြမ်းဖျင်း ပြောရရင် ၅၀-၅၀ ဖြစ်နေပါတယ်။ ဆိုလိုတာက အခြေအနေတွေပေါ် မူတည်ပြီး  ကလေးယူလို့ ရတယ်လို့ ပြောနိုင်သလို၊ မယူပါနဲ့လို့လည်း ပြောလို့ရပါတယ်။

အမျိုးသားမှာ ပိုးရှိပြီး အမျိုးသမီးမှာ ပိုးမရှိဘူးဆိုရင် ကလေးယူတဲ့အခါ အမျိုးသမီးကိုပါ ပိုးကူးစက်နိုင်ပါတယ်။ ဒီအခါမှာလည်း ကလေးမယူသင့်ပါဘူး။ အမျိုးသမီး တစ်ဦးတည်းမှာ ပိုးရှိရင်တော့ ကလေးယူတဲ့ အခါ မိခင်ကနေ ကလေးကို HIV ပိုးမကူးအောင် သေသေချာချာ ဂရုစိုက်ပြီး ကာကွယ်ကြရပါမယ်။

အထူးသဖြင့် ဇနီးမောင်နှံနှစ်ဦးစလုံးမှာ ပိုးရှိနေရင် ကလေးမယူသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကလေးရဲ့ အနာဂတ်အတွက်ပါ။ မိဘတွေ ဆုံးပါးသွားခဲ့ရင် ကလေးမှာ မိဘမဲ့ ဆိုတာမျိုး ဖြစ်သွားနိုင်တယ်လေ။ မိဘတွေ ကျန်းမာရေး ထိခိုက်လာရင် ကလေးအတွက် ပြုစုပျိုးထောင်ဖို့ အတွက် စိုးရိမ်ရပါမယ်။

ကလေးယူမယ့် ဇနီးမောင်နှံမှာ ပြည့်စုံတဲ့ ထောက်ပံ့မှုပေးနိုင်တဲ့ အခြေအနေတွေ ရှိရင်တော့ ကလေးယူနိုင်ပါတယ်။ ဥပမာ - ငွေကြေးပြည့်စုံမှု၊ စီးပွားရေး ကောင်းမွန်မှု၊ မိသားစု မောင်နှမ အသိုင်းအ၀ိုင်းထောက်ပံ့မှု စတာတွေက မွေးလာမယ့် ကလေးအတွက် အခြေအနေကောင်းတွေကို ဖန်တီးပေးနိုင်မှာပါ။

ဒီလောက်ဆို ကျေနပ်လိမ့်မယ် ထင်ပါတယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top