7
Jan

HIV ရောဂါသည်များကို စောင့်ရှောက်မှု တိုးတက်စေရန် အဖွဲ့သုံးဖွဲ့ ပူးပေါင်း ဆောင်ရွက်မည်

မြန်မာနိုင်ငံ အတွင်း HIV ရောဂါခံစား နေရသည့် ရောဂါသည်များကို စောင့်ရှောက်မှု ပိုမို တိုးတက်လာစေရန်နှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီထားကြောင်း နယ်စည်းမထား ဆရာဝန်များ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်ကို နယ်စည်းမထား ဆရာဝန်များ အဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနနှင့် Merieux ဖောင်ဒေးရှင်းတို့ သဘောတူ လက်မှတ် ရေးထိုးထားကြောင်း သိရသည်။

သဘောတူညီချက်အရ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနနှင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ HIV/AIDS လူနာများအတွက် ပိုးကောင်ရေ စမ်းသပ်စစ်ဆေးမှု အဆင့်မြှင့်တင်နိုင်မည် ဖြစ်ပြီး ယင်းစစ်ဆေးမှုကြောင့် ရောဂါ ဝေဒနာရှင်များကို ကုသမှုပိုင်းတွင် ထိရောက်စေမည့် အကျိုးသက်ရောက်မှုများ ရှိလာမည် ဖြစ်ကြောင်း သိရသည်။

နယ်စည်းမထား ဆရာဝန်များ အဖွဲ့အနေဖြင့် ပိုးကောင်ရေ စစ်ဆေးမှုကို လစဉ်လတိုင်း အကြိမ် ၁ဝဝဝ နီးပါး စမ်းသပ် စစ်ဆေးပေးလျက်ရှိသည်။ လက်ရှိတွင် နယ်စည်းမထား ဆရာဝန်များ အဖွဲ့သည် ပြည်တွင်းရှိ HIV/AIDS လူနာ  ၃၅ဝဝဝ  ကျော်ကို ဆေးကုသ ပေးလျက် ရှိပြီး  အဆိုပါ အရေအတွက်မှာ မြန်မာနိုင်ငံ တစ်ဝန်းရှိ ဆေးကုသမှု ခံယူနေသော HIV/AIDS ရောဂါဝေဒနာရှင် စုစုပေါင်း အရေအတွက်၏ ထက်ဝက်ခန့် ရှိကြောင်း သိရသည်။

ရန်ကုန်   ဒီဇင်ဘာ   ၂၈

မြဝတီ - HIV ရောဂါသည်များကို စောင့်ရှောက်မှု တိုးတက်စေရန် အဖွဲ့သုံးဖွဲ့ ပူးပေါင်း ဆောင်ရွက်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top