BBC 1/Mar/2008
အာဖရိကတိုက်တွင် HIV ဝေဒနာရှင်များအား ဆေးခန်းများတွင် ကုသမှုပေးသည့် အစား၊ ၎င်းတို့၏ နေအိမ်များသို့ သွားရောက်ကုသပေးခြင်းက သေဆုံးမှုနှုန်းကို ထိရောက်စွာ လျော့နည်းစေသည် ဟုသုတေသနပညာရှင်များက Lancet ဆေးပညာဂျာနယ်တွင် ရေးသား ဖေါ်ပြကြသည်။
<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
ကင်ညာနိုင်ငံတွင် antiretroviral drugs ဆေးများသုံး၍ လူနာများကို နေအိမ်များတွင် သွားရောက်ကုသပေးခြင်းဖြင့် သေဆုံးမှုနှုန်းကို ၉၀% အထိ လျှော့ချနိုင်သည်ဟု ဆိုသည်။ ရောဂါကူးစက်ခံရသူ ကလေးငယ်များကိုလည်း ၎င်းတို့၏ မိသားစု အတွင်းတွင် ထား၍ ကုသပေးပါက သေဆုံးမှု ကျဆင်းသည်ကို တွေ့ရသည်ဟု ဆိုသည်။နောက်ဆုံးပေါ်ဆေးများသည် အလွန်ထိရောက်၍ အာဖရိကတိုက်တွင် လွယ်လွယ်ကူကူ ရရှိနိုင်သည်ဟုဆိုသည်။ ရောဂါနှိမ်နင်းရေးဗဟိုဌာန CDC သည် ကင်ညာနိုင်ငံတွင် ဝေးလံသော ကျေးလက်ဒေသများရှိရောဂါသည် ၁၀၀၀ အားစမ်းသပ်ကုသ ပေးသည့် ဌာနတစ်ခုတည်ထောင်ထားသည်။
ကျန်းမာရေး လုပ်သားများသည် ဝေဒနာရှင်နေအိမ်များသို့ အပတ်စဉ်မှန်မှန်သွား ရောက်၍ ဆေးပေးခြင်း၊ ဘေးထွက်ဆိုးကျိုးများ ရှိမရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်သည်။ ဤနည်းဖြင့် ဝေဒနာရှင်များသည် ဆေးရုံဆေးခန်းရှိရာသို့ လာရောက်ရန်မလိုတော့ပေ။ ဤသို့ကုသပေးခြင်းဖြင့်သေဆုံးမှုနှုန်း ကျဆင်းခြင်းကို ဥရောပ၊ ဟေတီနှင့် အာဖရိက အခြားဒေသများတွင် ဆေးခန်းဖွင့်၍ ကုသပေးသည့် အခြေအနေများနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်ဟုဆိုသည်။ (ဘီဘီစီ)
(၁၊ ၃၊ ၂၀၀၈) ရက်နေ့၊ နံနက်(၉း၃၀) နာရီ။




