24
Feb

HIV ရောဂါကြိုတင် ကာကွယ်ရေး ဆေးတောင့် လက်တွေ့စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်သွားမည်

HIV ရောဂါတားဆီး ကာကွယ်ရေး အတွက် ထုတ်လုပ်ထားသည့် HIV ကြိုတင် ကာကွယ်ရေး ဆေးတောင့်နှင့် စပ်လျဉ်း၍ ၎င်းဆေးတောင့်သည် လက်တွေ့တွင် မည်မျှအကျိုး သက်ရောက်မှု ရှိကြောင်းနှင့် ၎င်း၏ဘေးထွက် ဆိုးကျိုးများကို သိရှိနိုင်ရန် ကနေဒါ နိုင်ငံမှ ဆရာဝန်များက တိုရန်တို မြို့တွင်းရှိ ဆေးရုံ တစ်ခုတွင် ၎င်းဆေးတောင့်ကို စမ်းသပ် စစ်ဆေးမှုများ စတင်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ Truvada အမည်ရှိ အဆိုပါ ဆေးတောင့်ကို HIV ရောဂါ ကူးစက်မှု အတွက် ကုသသည့် ဆေးတစ်မျိုး အဖြစ် အစောပိုင်းတွင် ဈေးကွက်သို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ ဆေးတောင့်ကို နေ့စဉ် မှီဝဲခြင်းဖြင့် လိင်တူ ဆက်ဆံသူများနှင့် HIV ပိုးရှိသူနှင့် လိင်ဆက်ဆံသူ စုံတွဲများ အပါအဝင် HIV ပိုးကူးစက် ခံရနိုင်ဖွယ် အများဆုံး ရှိသည့် လူများတွင် HIV ပိုးကူးစက်မှုကို တားဆီး ကာကွယ် နိုင်သည်ဟု အမေရိကန် ပြည်ထောင်စုက ၂ဝ၁၂ ခုနှစ်တွင် အတည်ပြု ပြောကြားခဲ့သည်။ အမေရိကန် အစိုးရ၏ အတည်ပြု ပြောကြားချက်နှင့် ပတ်သက်၍ Truvada ဆေးတောင့်၏ အကျိုး သက်ရောက်မှုနှင့် နောက်ဆက်တွဲ ဆိုးကျိုးမှာ မည်ကဲ့သို့ ဖြစ်နိုင်သည် ဟူသော စိုးရိမ် ပူပန်မှုများ မြင့်တက် လာခဲ့ခြင်းကြောင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် စတင်ခဲ့ခြင်း ဖြစ်သည်ဟု ကနေဒါ နိုင်ငံမှ ဆရာဝန်များက ပြောကြားသည်။

ယင်းဆေးတောင့်ကို HIV ပိုးကာကွယ်သည့် ဆေးတောင့် အနေဖြင့် အမှန်တကယ် အသုံးပြုနိုင်၊ မပြုနိုင် ဆိုခြင်းကို စစ်ဆေး သိရှိနိုင်ရန် လိင်တူ ဆက်ဆံသူ များကြားတွင် တစ်နှစ်ကြာ စမ်းသပ်သွားမည် ဖြစ်ကြောင်း၊ ၎င်းဆေးတောင့်၏ ကုန်ကျ စရိတ်မှာ တစ်လအတွက် အမေရိကန် ဒေါ်လာ ၉ဝဝ ကုန်ကျနိုင်ကြောင်း၊ Truvada ဆေးတောင့်ကို ပြည်တွင်း၌ ဖြန့်ချိသွားမည် ဖြစ်ကြောင်း၊ တိုရန်တိုမြို့ စိန့်မိုင်ကယ်လ် ဆေးရုံမှ ကူးစက်ရောဂါ အထူးကု ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ ဒါးရယ်လ်တန်က ပြောကြားသည်။

တိုရန်တို ဖေဖော်ဝါရီ ၂၃

မြဝတီ - HIV ရောဂါကြိုတင် ကာကွယ်ရေး ဆေးတောင့် လက်တွေ့စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်သွားမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top