24
Aug

HIV ရောဂါ ရှိ မရှိ စစ်ဆေးခ တစ်ဒေါ်လာသာ ကုန်ကျတော့မည်

မိုးက တဖွဲဖွဲရွာနေ၏။ ညနေခင်းဖြစ်၍ ရွှေဘုံသာလမ်း တစ်လျှောက်လူစည်ကားနေ၏။ ကဗျာဆရာ ကျော်ခေါင်နှင့် မဂ္ဂဇင်းအယ်ဒီတာ ကိုထူးကျော်တို့ သည် ထီးကိုယ်စီဆောင်း၍ ရွှေဘုံသာ အလယ်လမ်းမှ အထက်လမ်းသို့လာ နေကြ၏။ ရွှေဘုံသာလမ်းနှင့် အနော်ရထာ လမ်းထောင့်ရှိ မီးပွိုင့်ကိုကျော်ဖြတ် လာပြီးသောအခါ ညောင်ရမ်းဆေး တိုက်ရှိရာ သို့ရောက်ရှိသွား၏။ ဆေးတိုက်အဝတွင် ရပ်နေသော ချောမောလှပသည့် သူနာပြုဆရာမ လေး နွဲ့ယမင်းက ထိုစာပေလောက သားနှစ်ဦးမြင်လိုက်သည်နှင့် ဓာတ်ခွဲ မှူး ဦးဥာဏ်အုန်းထံသို့ အလည်လာ နေကျဖြစ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း သိလိုက်၏။

''ကြွပါဆရာ၊ အထဲမှာ ဦးဥာဏ်အုန်း ရှိပါတယ်'' ''ကျေးဇူးပဲဆရာမရေ'' ဆေးတိုက်အဝင်ဝမှ အထဲသို့ ဝင်လိုက်သောအခါ စောင့်ဆိုင်းနေကြ သော လူနာတစ်အုပ်ကြီးကို တွေ့ လိုက်ရ၏။ နာမည်ကြီးပါရဂူများထိုင် သော ဆေးတိုက်ဖြစ်၍ နေ့စဉ်လိုလို လူနာများလျက်ရှိ၏။ ''ကိုထူးကျော်ရေ၊ ဦးဥာဏ်အုန်း တော့ အလုပ်များနေပြီ၊ စကားပြောလို့ ရပါ့မလား'' ''ရပါတယ် ကိုကျော်ခေါင်၊ ဦးဥာဏ်အုန်းက ဝါရင့်ဓာတ်ခွဲမှူးဗျ၊ ဓာတ်ခွဲနေရင်း စကားပြောလို့ရတယ်။ ကျွန်တော် ကြွားပြောတာတော့ မဟုတ်ပါဘူး။ ဦးဥာဏ်အုန်းက ဓာတ်ခွဲနေရင်း အောင်မောင်းခြေထိုး အကလေးတောင် ကမယ်ဆိုရင် က နိုင်သေးတယ်'' ''တယ်လဲညွှန်းသကိုး၊ အညွှန်း ကောင်းလို့ ကျွန်တော်စိတ်ဝင်စားလာ ပြီ'' ''တကယ်ပါဗျာ၊ ပိုပြောတာ မဟုတ်ပါဘူး။

သူက ရန်ကုန်ဆေးရုံ ကြီးလို အင်မတန်အလုပ်များတဲ့နေရာ မှာ နှစ်ပေါင်းသုံးဆယ်ကျော် တာဝန် ထမ်းဆောင်ခဲ့တာဗျ။ နည်းတဲ့လုပ် သက်မဟုတ်ဘူး၊ သွေးစစ်တာ လောက်က တော့ မျက်စိမှိတ်လုပ်လို့ရ တယ်'' ''တယ်ဆိုတဲ့ စာပါလား၊ ကဲပါလေ၊ စကားပြောလို့ရရင်တော်ပါ ပြီ၊ အောင်မောင်းခြေထိုးအကလဲ မကခိုင်း တော့ပါဘူး'' ''သူက စကားပြောရင်း လေ ညိုကုန်းက လက်ဖက်ရည် လှမ်းမှာ ပေးဦးမှာ'' ''ဟာ- နေရာကျသဗျာ၊ ကျွန် တော်ဗိုက်ဆာနေပြီ'' ဝင်္ကပါသဖွယ် ကွေ့ကောက် နေသော လမ်းကျဉ်းကလေးကို ကျော် ဖြတ်ပြီးနောက် ဦးÓဏ်အုန်းရှိရာ ဓာတ်ခွဲခန်းသို့ ရောက်ရှိသွား၏။

ထိုဓာတ်ခွဲခန်းသည် ပေတစ်ရာ ပတ်လည်ကျယ်ဝန်းသော အခန်း ကျယ်ကြီးဖြစ်ပြီး လေအေးစက်အရှိန် ကြောင့် အေးစိမ့်နေ၏။ ဦးဥာဏ်အုန်း၏စားပွဲနှင့် မလှမ်း မကမ်းတွင် ငယ်ရွယ်နုပျို၍ ချောမော လှပသော ဓာတ်ခွဲလက်ထောက် အမျိုးသမီးငယ်နှစ်ဦးလည်း အလုပ် လုပ်နေသည်ကိုတွေ့ရှိရ၏။ ''ဟာ- ကိုထူးကျော်တို့ပါ လား။ ကိုကျော်ခေါင် လဲပါသကိုး၊ ကြွပါဗျာ'' ''ဦးဥာဏ်အုန်း အလုပ်များနေ ပြီထင်တယ်၊ စကားပြောလို့ရပါ့ မလား'' ''ရပါတယ်ဗျာ၊ ထိုင်ကြပါ၊ အလုပ်လုပ်ရင်းပြောကြတာပေါ့'' ''ဆရာကျော်ခေါင်က ချောင်း ဆိုး ဆိုးနေတယ်၊ အဲဒါ သလိပ်စစ် ချင်လို့'' ''ရပါတယ်၊ သလိပ်ထည့်ဖို့ ပုလင်းပေးလိုက်ပါ့မယ်၊ ကျွန်တော် လက်ဖက်ရည်မှာလိုက်ဦးမယ်။ ခု တိုးတက်နေပြီဗျ၊ လေညိုကုန်းက ဆိုင်ရှင်မှာ လက်ကိုင်ဖုန်းရှိနေပြီ၊ ကျွန်တော် ဖုန်းဆက်မှာလို့ရပြီ၊ လက် ဖက်ရည်တင်မကဘူး၊ ပေါင်မုန့်ထော ပတ်သုတ်ရော၊ စမူဆာသုပ်ရော၊ ကုလားပဲသုပ်ရော မှာလို့ရပြီ၊ အား လုံး မှာလိုက်မယ်'' ''ဟာ- ကောင်းတာပေါ့ဗျာ၊ ကျွန်တော်လဲ ဗိုက်ဆာနေပြီ'' ထိုစဉ် ဒေါက်တာခင်ပန်ဆောင်း ရောက်ရှိလာ၏။

''ကြွပါဒေါက်တာ၊ အတော်ပဲ လက်ဖက်ရည်မှာပြီးပြီ'' ''ဦးဥာဏ်အုန်းက တယ်လဲ အလိုက်သိတာကိုး။ ဒါကြောင့် စာပေ လောကသားတွေက ဦးဥာဏ်အုန်းကို ခင်ကြတာဖြစ်မယ်'' ''တစ်ဦးမေတ္တာ တစ်ဦးမှာပေါ့ ဒေါက်တာရယ်'' ''သြော်- ဒါနဲ့ ကယားကြီးကို သွေးစစ်တာအဖြေရပြီလား'' ''မရသေးဘူး ဒေါက်တာ၊ အဆင့်ဆင့်လုပ်နေတော့ နည်းနည်း ကြာမယ်'' ''ခု သွေးစစ်နည်းတစ်မျိုး ပေါ် နေပြီတဲ့။ ကျွန်မ journal Nature ဆိုတဲ့ဆေးပညာဂျာနယ်မှာ ဖတ်လိုက် ရတယ်'' ''ဟုတ်လား၊ ရှင်းပြပါဦး ဒေါက်တာ'' ကဗျာဆရာ ကျော်ခေါင်က စိတ်ဝင်စားစွာ မေးလိုက်၏။ ''ဒီလိုရှင့်။ ခုနည်းက ငွေကြေး အကုန်အကျသက်သာတယ်၊ သယ် သွားလို့လွယ်တယ်၊ ဝေးလံခေါင်းပါး တဲ့ဒေသတွေအတွက် ပိုပြီးအသုံးဝင် တယ်'' ''ဟုတ်ကဲ့ ဒေါက်တာ'' ''သွေးစစ်တဲ့နေရာမှာ သုံးတဲ့ ကတ်ပြားကို mChip လို့ခေါ်တယ်။ ကတ်ပြားအရွယ်အစားက အကြွေး ဝယ်တဲ့ကတ်ပြားအရွယ်လောက်ပဲ ရှိ တယ်'' ''Credit Card အရွယ်ဆိုတော့ သေးသေးကလေးပဲ'' ''ဟုတ်တယ်၊ သွေးစစ်တဲ့အဖြေ ကို မိနစ်ပိုင်းအတွင်းသိရတယ်'' ''သမားရိုးကျ စမ်းသပ်ချက် တွေက အချိန်အကြာကြီးစောင့်ရ တယ်'' ''ဟုတ်တယ်၊ ခုနည်းကမြန် တယ်၊ အေအိုင်ဒီအက်စ်လို ဆစ်ဖ လစ်လို ကူးစက်ရောဂါတွေ ရှိ၊ မရှိ စမ်းသပ်တဲ့နည်းပဲရှင့်'' ''ဒီရောဂါတွေက ဓာတ်ခွဲခန်း တိုင်းမှာ သွေးစစ်နေရတဲ့ နာမည်ကြီး ရောဂါတွေပဲ'' ''မှန်ပါတယ်၊ သုတေသီတွေ က ဒီနည်းကို ရဝမ်ဒါဆိုတဲ့ အာဖရိ ကတိုက်က တိုင်းပြည်တစ်ပြည်မှာ လက်တွေ့စမ်းသပ် လေ့လာခဲ့ကြ တယ်'' ''ရလဒ်က ဘယ်လိုနေသလဲ ဒေါက်တာ'' ''အားရစရာပဲရှင့်။

အေအိုင်ဒီ အက်စ်လို၊ ဆစ်ဖလစ်လို ကူးစက်ရော ဂါတွေကို လက်တွေ့စစ်ဆေးကြည့် တော့ ရလဒ်က ရာနှုန်းပြည့်နီးပါးတိ ကျနေတယ်ဆိုတာတွေ့ရတယ်'' ''ဒါဆို ရောဂါရှိတဲ့ လူနာတစ် ရာကိုစစ်ရင် လူနာတစ်ရာလုံး နီးပါး မှာရောဂါရှိကြောင်း အဖြေထွက်တဲ့ သဘောပေါ့နော်'' ''ဟုတ်ပါတယ်၊ ရာနှုန်းပြည့်နီး ပါးမှန်တယ်ဆိုတော့ အားကိုးထိုက် တဲ့ သွေးစစ်နည်းပါပဲ'' ''ဘယ်နိုင်ငံကထွင်တဲ့ နည်းလဲ ဒေါက်တာ'' ''အမေရိကန်နိုင်ငံက တီထွင် တဲ့နည်းတဲ့ရှင့်'' ''ကုန်ကျစရိတ်များမယ်ထင် တယ်'' ''မများဘူးရှင့်၊ တစ်ခါစစ်မှ တစ်ဒေါ်လာပဲကျတယ်။ ဈေးသက် သာတယ်'' ''ဟာ- ဒါဆို လက်ရှိဓာတ်ခွဲ ခန်းတွေမှာ စစ်နေတာထက် ဈေး သက်သာနေပါလား'' ''ဟုတ်တယ်ရှင့်၊ ဈေးသက် သာတယ်၊ အဖြေမြန်မြန်ရတယ်၊ အဖြေလဲမှန်တယ်'' ''ဟာ- အားသာချက်တွေ အများကြီးပါလား'' ''မှန်တယ်ရှင့်။ အားသာချက် တွေ များပါတယ်'' ''ဒီနည်းက အေအိုင်ဒီအက်စ် နဲ့ ဆစ်ဖလစ်ရှိ၊ မရှိဘဲ စစ်ခိုင်းတာ လား'' ''မဟုတ်ဘူးရှင့်၊ ဒီနည်းက Plastic Chip ကိုသုံးထားတယ်။ ပလတ်စတစ်ပြားကလေးပေါ့ရှင်၊ အပြားကလေးမှာ Detection Zone က ဆယ်မျိုးပါတယ်၊ ရောဂါတွေ အများကြီးစစ်နိုင်တယ်။ အေအိုင်ဒီ အက်စ်နဲ့ ဆစ်ဖလစ်တင်မကဘူး။

တခြားရောဂါတွေလဲ စစ်နိုင်တယ်'' ''ရောဂါသုံးလေးမျိုး စစ်ရင် သွေးသုံးလေးခါဖောက်ရမလား မသိ ဘူး'' ''မလိုဘူးရှင့်၊ သွေးတစ်စက်ပဲ ဖောက်စရာလိုတယ်၊ သွေးတစ်စက်နဲ့ ရောဂါအများကြီးစစ်နိုင်တယ်'' ''ဟာ- ဒါလဲကောင်းတဲ့အချက် ပဲ၊ သွေးတစ်စက်နဲ့ အကုန်လုပ်လို့ ရတာကိုး'' ''ဟုတ်ပါတယ်၊ ရလဒ်ကို သာမန်မျက်စိနဲ့လဲ ဖတ်လို့ရတယ်၊ ဒါမှမဟုတ် ပိုသေချာချင်ရင် Detector ခေါ်တဲ့ စမ်းသပ်တဲ့ ကိရိယာ နဲ့လဲဖတ်လို့ရတယ်'' ''ကိရိယာသုံးရင် ဈေးပိုများ ကြီးမလား'' ''မကြီးဘူးရှင့်၊ Detector ကလဲ Low-cost Detector ပဲ၊ ဈေးပေါတယ် ရှင့်'' ''ဟာ- တယ်ကောင်းပါလား'' ''ဒီ စမ်းသပ်ချက်တီထွင်တဲ့ ပါရဂူရဲ့ မှတ်ချက်ကိုလဲ ပြောပြပါဦး မယ်'' ''ပြောပြပါဦး ဒေါက်တာရယ်'' ''New York မြို့မှာ Columbia University ဆိုတာရှိတယ်၊ အဲဒီ တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ် တဲ့ Professor Samuel Sia က ခု သုတေသနကို ဦးဆောင်ခဲ့တာ၊ တီ ထွင်သူအုပ်စုရဲ့ ခေါင်းဆောင်ဆိုပါ တော့'' ''ဟုတ်ကဲ့ ဒေါက်တာ'' ''သူကပြောတယ်၊ ခုစမ်းသပ် ချက်ကို တီထွင်တဲ့ ရည်ရွယ်ချက်က ဝေးလံခေါင်းပါးတဲ့ ဒေသကလူတွေ အတွက်ရည်ရွယ်ပါတယ်တဲ့၊ သွေး တစ်စက်ဖောက်ရုံနဲ့ ရောဂါအတော် များများစမ်းလို့ရအောင်လုပ်ထားပါ တယ်တဲ့၊ ဝေးလံခေါင်းပါးတဲ့ ဒေသ ကလူတွေက မြို့မှာရှတဲ့ဆေးခန်းကို သွားပြီး သွေးစစ်ဖို့မလွယ်ပါဘူးတဲ့၊ သွေးစစ်ရတာကလဲ သမားရိုးကျနည်း တွေက အဖြေရဖို့ အချိန်ကြာကြာ စောင့်ရပါတယ်တဲ့။

ဝေးလံခေါင်းပါး တဲ့ဒေသကလူတွေ အဆင်ပြေပြေနဲ့ လွယ်လွယ်ကူကူစစ်လို့ရအောင် တီ ထွင်တာဖြစ်ပါတယ်တဲ့'' ''ကောင်းလိုက်တဲ့ ရည်ရွယ် ချက်ပါပဲ ဒေါက်တာရယ်'' ''ပါရဂူတွေက ရဝမ်ဒါနိုင်ငံမှာ ရှိတဲ့ Kigali ဒေသမှစမ်းသပ်ချက်တွေ ရာပေါင်းများစွာ လက်တွေ့လုပ်ခဲ့ တယ်။ သူတို့တွေ့တာက HIV စစ် မယ်ဆိုရင် ၉၅ ရာခိုင်နှုန်း မှန်ကန် တယ်ဆိုတာတွေ့ရတယ်တဲ့'' ''၉၅ ရာခိုင်နှုန်းဆိုရင် အတော် စိတ်ချရတဲ့ စမ်းသပ်နည်းပဲ'' ''အာဖရိကတိုက်မှာက လိင်က တစ်ဆင့်ကူးစက်တဲ့ရောဂါတွေပေါ တယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေအတွက် အဲဒီရောဂါတွေ ရှိ၊ မရှိ စစ်ဖို့လိုတယ်။ ပါရဂူတွေက MChip ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အတွက် သိပ်ကိုအသုံးဝင်မယ်လို့ မျှော်လင့်ထားတယ်''
''ကိုယ်ဝန်ဆောင်တွေ အတွက် ဦးစားပေးသင့်ပါတယ်ဗျာ'' ထိုစဉ် လက်ဖက်ရည်နှင့် မုန့် များကို စားပွဲထိုးလေးက ထမင်း စားခန်းတွင် ပို့ထားပြီးကြောင်းလာ ပြောသဖြင့် ဦးဥာဏ်အုန်းတို့ လူစု သည် ထမင်းစားခန်းသို့ ထွက်ခွာ သွားကြလေတော့၏။

အောင်(ဆေး-၁) ရည်ညွှန်းချက်။ ။ BBC News မှ Iiny Blood card Offers Easier Tests for Remote Areas ဆေးပညာဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။

ဈေးကွက် - HIV ရောဂါ ရှိ မရှိ စစ်ဆေးခ တစ်ဒေါ်လာသာ ကုန်ကျတော့မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top