HIV/AIDS ရောဂါနှင့် လူကုန်ကူးမှုသည် လူသားလုံခြုံရေးနှင့် လူသား ဖွံ့ဖြိုးမှုတို့အတွက် ခြိမ်းခြောက်လျက်ရှိနေသည်။ သန်းပေါင်းများစွာသော အမျိုးသမီးများနှင့် မိန်းကလေး ငယ်များသည်။ပြီးခဲ့သော နှစ်များအတွင်းက ၄င်းတို့၏ နိုင်ငံအတွင်းမှ နယ်စပ်ဖြတ်ကျော်ပြီး လူကုန်ကူးခြင်း ခံနေကြရသည်။ ကမ္ဘာနှင့်အဝန်း လူကုန်ကူးမှုလုပ်ငန်းကြီးသည် နှစ်စဉ်အမေရိကန်ဒေါ်လာ (၅)ဘီလီ ယမ်မှ (၇)ဘီလီယမ်အထိ လည်ပတ်လျက်ရှိသည်ဟု ခန့်မှန်းကြသည်။
နှစ်စဉ် အာရှတိုက်အတွင်းတွင် လူကုန်ကူးခြင်းခံရ သူ(၃)သိန်းမှ (၄)သိန်း(၅)သောင်းအထိ ရှိသည်ဟု ဆိုကြသည်။ ထိုအရေအတွက်ထဲမှ ထက်ဝက်ကျော်ခန့်သည် တောင်အာရှ ဒေသမှဖြစ်ကြသည်။ သို့ကြောင့်လည်း လွန်ခဲ့သည် ဆယ်စုနှစ်ကတည်းက တောင်အာရှ ဒေသတွင် လူကုန်ကူးမှု ကြီးထွားလာသည့် ပြဿနာတစ်ရပ်သည် အလွန်အမင်း စိုးရိမ်ဖွယ်ရာ ဖြစ်လာသည်။
သို့သော် ထိုတောင်အာရှဒေသတွင် လူကုန်ကူးမှုနှင့် HIV/AIDS ရောဂါတို့ ဆက်စပ်မှုများကို မကြာမီကမှ ခွဲခြားစိစစ်နိုင်ခဲ့သည်။ အာဖဂန်နစ္စတန် နိုင်ငံသည် အမျိုးသမီးများနှင့် ကလေးငယ်များကို လိင်မှုဆိုင်ရာနှင့် လုပ်အားခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လူကုန်ကူးမှုခံနေရသော မူလနိုင်ငံ ဖြစ်သည်။ ပြန်ပေးဆွဲခြင်း၊ သွေးဆောင်ဖြား ယောင်းကာ လက်ထပ်ယူခြင်း၊ အဓ္ဓမ္မလက်ထပ်ရန် အတွက် ရောင်းစားခံရခြင်း၊ စီးပွားဖြစ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း စသည့်အဖြစ်ဆိုးတို့ကို အိမ်နီးချင်း ပါကစ္စ္စတန်နိုင်ငံတွင် ခံစားနေကြရသည်။ လူကုန်ကူးမှုနှင့် ပတ်သက်သည့် သတင်း အနည်း ငယ်သာ ရရှိကြသော်လည်း အဓ္ဓမ္မလိင်လုပ်ငန်း ဆောင်ရွက်ခိုင်းစေမှု၊ လိမ်လည်လက်ထပ်မှု သတင်း များမှာမူ ထွက်ပေါ်လျက်ရှိသည်။
အီရန်အမျိုးသမီးများကို ပါကစ္စ္စတန်နိုင်ငံအတွင်းသို့ တရားမဝင် လမ်းကြောင်းမှ လူကုန်ကူးသည့် လမ်းကြောင်းနှစ်ခုအနက် ယင်းနိုင်ငံကို လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုလေ့ ရှိကြသည်။ ထိုနိုင်ငံတွင် HIV ပျံ့နှံ့မှု ခိုင်လုံသည့် အချက်အလက်များ မရှိသလို HIV/AIDS
ပျံ့နှံ့လွှမ်းမိုးလာသည့် အခြေခံအချက်အလက် များကိုလည်း ကောင်းစွာ သိရှိနားလည်မှု နည်းပါးသည်။ ၄င်းနိုင်ငံအစိုးရ၏ HIV ကူးစက်မှုနှုန်း အစီရင်ခံစာနှင့် ကုလသမဂ္ဂ္ဂဆိုင်ရာ HIV/AIDS အစီအစဉ် United Nations Programe on HIV/ AIDS
(UNAIDS) ၏ခန့်မှန်းချက်တို့မှာ များစွာကွာခြားနေသည် ကိုသိရသည်။
သွေးလှူဘဏ်များ၏ အစီရင်ခံစာများအရHIV တွေ့ရှိမှု (၆၁)မှုတွင် အမျိုးသမီး(၁၈)ဦးနှင့် အမျိုးသား (၄၃)ဦးတို့ ဖြစ်ကြသည်ဟု ပြောသော်လည်း၊ ကုလသမဂ္ဂ္ဂဆိုင်ရာ HIV/AIDS အစီအစဉ် United
Nations Programe on HIV/ AIDS (UNAIDS) နှင့် ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ World
Health Organization (WHO) တို့မှ HIV ရောဂါပိုးရှိသူ (၁၀၀၀)
နှင့် (၂၀၀၀) ကြားရှိလိမ့်မည်ဟု ခန့်မှန်းကြသည်။
ကဘူး (Kabul)
မြို့မှ မူးယစ်ဆေးဝါး ထိုးသွင်းသုံးစွဲသူ (၄) ရာခိုင်နှုန်းသည် HIV ပိုး ရှိသူများ ဖြစ်ကြသည်။ အများစုမှာ မသန့်ရှင်းသော ဆေးထိုးသွင်းမှုများကြောင့် ဖြစ်ရသည်။ ထို့အပြင် မူးယစ် ဆေးဝါသုံးစွဲသူ အမျိုးသားအများစုမှာ အခြား အန္တရာယ်များသည့် အပြုအမူများကြောင့်လည်း ထိုရောဂါ ရကြခြင်းဖြစ်သည်။
ဥပမာ-လိင်ပျော်ပါးမှု (၆၉)ရာခိုင်နှုန်းသည် ကြေးစားများနှင့် ဆက်ဆံကြပြီး (၃၂)ရာခိုင်နှုန်းသည် ယောက်ျားချင်း (သို့မဟုတ်) ယောက်ျားငယ်လေးများနှင့် လိင်ဆက်ဆံကြကြောင်း သိရှိရပါသည်။ ဘဂ်င်္လားဒေ့ရှ်နိုင်ငံသည် အန္တရာယ်အလွယ်တကူ ကျရောက်နိုင်သည့် အုပ်စု အသိုင်းအဝိုင်းများအတွင်း HIV ပိုးပျံ့နှံ့မှုကို ပြတ်ပြတ်သားသား ကာကွယ်ရန် အခွင့်အလမ်း အလွန်နည်းလျက် ရှိသည်။
ထိုအုပ်စုအသိုင်းအဝိုင်းတွင် အတန်းအစား(၅)မျိုးတွေ့ရသည်။ ၄င်းတို့မှာ အမျိုးသမီး လိင် လုပ်ငန်း လုပ်ကိုင်သူများ၊ အမျိုးသားအချင်းချင်း လိင်ပျော်ပါးသူများ၊ အမျိုးသား လိင်လုပ်ငန်း လုပ်သူများနှင့် ရောဂါပိုးများကူးစက်မှုကို တံတားသဖွယ် ပေါင်းကူး ပေးလေ့ရှိသည့် ကုန်တင်ကားမောင်းသူများ၊ ဆိပ်ကမ်းကုန်တင် ကုန်ချအလုပ်သမားများနှင့် လန်ချားဆွဲသူများ အပါအဝင် ခရီးသွားလာလုပ်ကိုင်သူများ ဖြစ်ကြသည်။
အလွန်အမင်းဆင်းရဲမွဲတေမှု၊ နိမ့်ကျသည့်လူမှု စီးပွားရေးနှင့် လူသားဖွံ့ဖြိုးမှု နည်းပါးခြင်းတို့ကြောင့် HIV/AIDS ရောဂါပျံ့နှံ့မှုကို စတင်မြင်တွေ့နေရပြီ ဖြစ်ပါသည်။ လူကုန် ကူးခံရမှုများကြောင့် ဘဂ်င်္လားဒေ့ရှ်နိုင်ငံမှ အမျိုးသမီးအများအပြားသည် အိန္ဒိ္ဒိယနိုင




